ယူနန်ပြည်နယ်ရှိ ပင်လယ်ရေမျက်နှာပြင် အနိမ့်ဆုံးနေရာတွင်ရှိသည့် ဟယ်ခုပ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်

2019-06-05 18:37:13 |သတင်းအရင်းအမြစ် 云桥网

လူကြီးမင်းသည် ယူနန်ပြည်နယ်တွင် ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ဆုံးနေရာသည် မည်မျှနေရာဖြစ်သည်ကို သိပါသလား။ ထိုသည်မှာ ၆၇၄၀ မိတာအမြင့်ရှိသော မလီနှင်းတောင်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် အနိမ့်ဆုံးနေရာသည် ယူနန်ပြည်နယ်ရှိ ဟယ်ခုပ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ဖြစ်ပါသည်။

ဟယ်ခုပ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် ဗီယက်နမ်နိုင်ငံ လောင်ကိုင် မြစ်ကမ်းဝမှ လှမ်းကြည့်နိုင်သည်။ ယူနန်—ဗီယက်နမ် မီးရထားလမ်းကြောင်း၊ ကူမင်း-ဟယ်ခုပ် ကားလမ်းကြောင်းများသည် ဤနေရာတွင် ဗီယက်နမ်နှင့် ဆက်သွယ်ထား၍ အရှေ့တောင်အာရှ၊ တောင်ပစိဖိတ်သမုဒ္ဒရာသို့ သွားရန် အဆင်ပြေဆုံး ကုန်းလမ်းကြောင်းလည်း ဖြစ်ပါသည်။

ဟယ်ခုပ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ကို ပြောရမည်ဆိုလျှင် မပါမဖြစ်သောနေရာသည် နာမည်ကျော်ကြားသော ဟယ်ခုပ်နယ်စပ်ဂိတ်ဖြစ်ပြီး တရုတ်—ဗီယက်နမ် နယ်စပ်ဒေသတွင် ယူနန်ပြည်နယ်ရှိအပိုင်းမှာ အကြီးဆုံးနယ်စပ်ဂိတ်ဖြစ်၍ နိုင်ငံတော် ပထမအဆင့် နယ်စပ်ဂိတ်လည်း ဖြစ်သည်။ တံခါးဖွင့်မူဝါဒကို ကျင့်သုံးချိန်ကတည်းက ဟယ်ခုပ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် နယ်စပ်ကုန်သွယ်ရေးကို ဖွံ့ဖြိုးတိုးတက်စေရန် အပူတပြင်း ကြိုးစားလျက်ရှိခြင်းဖြင့် ဗီယက်နမ်နိုင်ငံ လောင်ကိုင်နှင့်အတူ ကောင်းမွန်လှပသော စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးကို တည်ထောင်ထားသည်။

ဟယ်ခုပ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် နယ်စပ်ဂိတ်မြို့ကို ဖြစ်သော်လည်း မရောက်မဖြစ်သော သွားသင့်သည့် ရှုခင်းအလှများကို ပိုင်ဆိုင်ထားပါသည်။ ဥပမာအားဖြင့် ဟွားရီလှိုဏ်ဂူ နိုင်ငံတော်အဆင့် သစ်တောဥယျာဉ်၊ ဟယ်ခုပ်ရှေးဟောင်းစာတိုက်၊ ဟယ်ခုပ်ရှေးဟောင်းအကောက်ခွန်ရုံး၊ ယူနန်—ဗီယက်နမ် မီးရထားလမ်းကြောင်း စသည်တို့ ဖြစ်ပါသည်။

အကယ်၍ ဟယ်ခုပ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သို့ ရောက်ရှိပါက မဖြစ်မနေ စားသင့်သော ဒေသဓလေ့အစားအစာကိုလည်း ခံစားကြည့်နိုင်ပါသည်။ ဤနေရာရှိ အစားကောင်းများသည် တမူထူးခြားလှသည်။ ဥပမာအားဖြင့် ဗီယက်နမ် Roll powder ၊ ဟယ်ခုပ် ၀က်သားကင်၊ အမဲသားမြီးရှည် စသည်တို့ကို စားသင့်သည်။