လိကျန်းက နှင်းဆီပန်းပင်လယ်တွင် ခရီးသည်များ နစ်မျောခံစားကြ

2019-06-06 18:54:30 |သတင်းအရင်းအမြစ် 云南日报

နှင်းဆီပန်းဥယျာဉ်သည် နေရာဒေသအသီးသီးမှ ဧည့်သည်မျာကို ဆွဲဆောင်လာကြသည်။

နွေရာသီတွင် ယွိလုံနတ်ရှီးလူမျိုးကိုင်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် လားရှိမြို့နယ် ကျွင်းညောင်ရွာပါတီကော်မတီရှိ လိကျန်းဟွားဟွားဆေ့နှင်းဆီပန်းဥယျာဉ်သည် ပန်းပင်လယ်တစ်ခုအလား ဖြစ်လာပါသည်။ ရောင်စုံလှပသော နှင်းဆီပန်းများသည် ဝေေ၀ဆာဆာဖူးပွင့်နေပြီး လေပြေတိုက်ခတ်သယ်ဆောင်ရာ ပန်းမွှေးရနံ့မှာ ပျံ့နှံ့နေပါသည်။

 

နေရာဒေသအသီးသီးမှ ရောက်ရှိလာသောဧည့်သည်များသည် နှင်းဆီပန်းပင်လယ်တွင် လည်ပတ်ကြည့်ရှုပြီး နွေရာသီရှုခင်းအလှတွင် စိတ်ကြည်နူးစွာဖြင့် နစ်မျောခံစားနေကြသည်။“ကျွန်မတို့က WeChat Moments မှာ ဒီပန်းပင်လယ်ကို တွေ့ရှိတာပါ။ အရမ်းလှတယ်လို့ မြင်တာကြောင့် သူငယ်ချင်းတွေနဲ့ အတူတူလာလည်ကြတာပါ။ ဒီရောက်တော့ WeChat Moments မှာ တွေ့တာထက် အင်မတန်မှ ပိုလှနေပါတယ်။”ဟု လိကျန်းမြို့သူ Miss Yuan က ပြောသည်။


၂၀၁၃ ခုနှစ်မတိုင်မီက ယခုအင်တာနက်တွင် ရေပန်းစားနေသော ပန်းပင်လယ်သည် နှုန်းမြေဒေသတစ်ခု ဖြစ်နေသည်ဟု စိတ်ကူးမျှပင်မရှိခဲ့ပါ။ ယနေ့ဖြစ်ပေါ်နေသည့် အလှတရားသည် ကျွင်းညောင်ရွာပါတီကော်မတီမှ နှင်းဆီပန်းဖြင့် ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းကြောင့် ပြောင်းလဲလာခြင်း ဖြစ်ပါသည်။


၂၀၁၃ ခုနှစ်တွင် ကျွင်းညောင်ရွာပါတီကော်မတီ ကျွင်းညောင်ရွာအောက်ရွာသည် “လားရှီဟယ် နိုင်ငံတကာအရေးပါသောစိမ့်မြေ”ဖြစ်သော သဘာဝအရင်းအမြစ်ကို အမှီပြုပြီး ဟွားဟွားဆေ့ နှင်းဆီပန်းဥယျာဉ်ကုမ္ပဏီ စွဲဆောင်ဝင်ရောက်လာကာ မြေနေရာ တရုတ်ဧက ၈၁၀ ကို စီမံခန့်ခွဲခွင့် လွှဲအပ်ပေးသည်။ တျန်းဟွန်နှင်းဆီ၊ Damascena နှင်းဆီစသည့် စားသုံးနိုင်သော နှင်းဆီပန်းအမျိုးအစားများစိုက်ပျိုးထားပြီး နှင်းဆီကုန်ချောစက်ရုံများကိုလည်း တည်ဆောက်ထားကာ နှင်းဆီပန်းမုန့်၊ နှင်းဆီလက်ဖက်ခြောက်၊ နှင်းဆီဝိုင်၊ နှင်းဆီပျားရည် စသည့်ခရီးသွားကုန်စည်များကို ဤနေရာတွင် လေ့လာထုတ်လုပ်ထားရာ ကျေးရွာခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်လာစေသည်။


ယမန်နှစ်က ကျွင်းညောင်ရွာပါတီကော်မတီသည် “ယူနန်ပြည်နယ်ကို တရုတ်နိုင်ငံရှိ အလှပဆုံးပြည်နယ်အဖြစ် တည်ထောင်ရန်”ဟူသော အခွင့်ကောင်းကို ကိုင်ထားပြီး“နိုင်ငံတကာစိမ့်မြေနှင်းဆီဥယျာဉ်”ဟူသော ခေါင်းစဉ်ဖြင့် တစ်ရွာလုံးအား စနစ်ကျသော ရွာတစ်ရွာအနေဖြင့် တစ်ဒေသလုံးရှုခင်းအလှစီမံကိန်းကို တည်ထောင်ရန် စီစဉ်ဆောင်ရွက်သည်။ ဧက ၈၁၀ ရှိသော နှင်းဆီပန်းပင်လယ်တွင် နှင်းဆီပန်းအမျိုးအစားအသစ် ၁၀ ကျော် ထပ်မံစိုက်ပျိုးပြီး ဧက ၁၀၅၀ အထိတိုးချဲ့ခဲ့သည်။ ခရီးသည်များအတွက် ဧည့်ခံပြုစုခြင်းနှင့် အပန်းဖြေခြင်းဘက်ပေါင်းစုံဝန်ဆောင်မှုပေးနိုင်ရန် အထွေထွေအကျိုးဆောင်စင်တာကို စီစဉ်တည်ထောင်ထားပါသည်။ တပြိုင်နက်တည်းတွင် ပါတီကော်မတီဝင်များဦးဆောင်ခြင်း၊ တစ်ရွာလုံးပါဝင်ခြင်း၊ ရပ်ကွက်အလိုက်တာဝန်ထမ်းဆောင်ခြင်း၊ အိမ်ရှေ့တွင် တာဝန် ၃ မျိုးကို ယူဆောင်ခြင်းဟူသော နည်းလမ်းများဖြင့် ရွာကို သာယာလှပရန် လှုပ်ရှားမှုမျိုးစုံကို လုပ်ဆောင်ကြသည်။ အမှိုက်များကို စည်းကမ်းမရှိပစ်ချခြင်း၊ ရေဆိုးများကို စည်းကမ်းမရှိထုတ်ပစ်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို စည်းကမ်းမရှိကျောင်းခြင်းစသည့်အပြုအမူများကို အဓိကပြုပြင်ထိန်းသိမ်း၍ ရွာတွင် နေရာတကာ မြင်းချေးချခြင်း၊ အမှိုက်များကို စည်းကမ်းမရှိပစ်ခြင်းစသည်တို့ကို ပြုပြင်ထိန်းသိမ်းသွားပြီးရုံမျှသာမက ရွာအလှတရားကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည်။


ပန်းမွှေးလျှင် ဧည့်သည် လာမည်။ ခြေလှမ်းတစ်လှမ်းတိုင်းတွင် ရှုခင်းတစ်မျိုးရှိသည့် စနစ်တကျစီစဉ်ဆောက်လုပ်ထားသော နှင်းဆီဥယျာဉ်သည် ဒေသခံနှင့် ကြွရောက်လာသော ဧည့်သည်များအတွက် အပန်းဖြေနေရာကောင်းတစ်ခု ဖြစ်လာပါသည်။ ယခုကာလတွင် နေ့စဉ်နေ့တိုင်း ရာနှင့်ချီသော ဧည့်သည်ရှိ၍ အစည်ကားဆုံးအချိန်တွင် လူဦးရေ ၃၀၀၀ ကျော်ရှိပါသည်။


“နှင်းဆီပင်လယ် ကျေးရွာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေတာက ရွာသူရွာသားတွေအတွက် ၀င်ငွေမြှင့်ပေးရုံသာမက နေထိုင်မှုပတ်ဝန်းကျင်ကိုလဲ ပြုပြင်မွမ်းမံပေးတယ်။ ကျွင်းညောင်ရွာပါတီကော်မတီက သဘာဝဂေဟစနစ်လှပသော၊ ပတ်ဝန်းကျင်လှပသော၊ ကျေးရွာလှပသော၊ တောတောင်ရေမြေလှပသော ရှုကွက်အသစ်တစ်ခု ဖြစ်လာပါပြီ။”ဟုလားရှိမြို့နယ် အစိုးဌာနတွင် ၇ နှစ်တာတာဝန်ထမ်းဆောင်သူ ဟယ်ကျင်းဟိုင်က ပြောပါသည်။ သူသည် ကျွင်းညောင်ရွာပါတီကော်မတီ၏ ပန်းမန်မှတဆင့် ကျေးရွာခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် နက်ရှိုင်းသော စိတ်ခံစားချက် ရှိနေပါသည်။


ပန်းတစ်ပွင့်တည်းပွင့်လျှင် နွေဦးရာသီမဟုတ်ပါ၊ ပန်းမျိုးစုံလင်စွာ ပွင့်မှသာလျှင် တစ်ခြံလုံးတွင် နွေဦးရာသီရောက်လာသည်။ လက်ရှိ လိကျန်းတွင် လားရှီဟယ် ဟွားဟွားဆေ့ နှင်းဆီပန်းဥယျာဉ်ရှိသော နှင်းဆီပန်းပင်လယ်မှာ အင်တာနက်တွင် ရေပန်းစားသော နေရာဖြစ်လာရုံသာမက ရှေးဟောင်းမြို့နယ်ရှိ ဆာကူရီပန်းလမ်းမကြီး၊ ယွိလုံခရိုင် ရှီကူမြို့နယ် ကျီပေခဲ သစ်တော်ပန်းခြံ၊ လောင်ကျွင်းတောင်တွင် ဝေေ၀ဆာဆာပွင့်၍ သစ်တောပုံဖြစ်သွားသော ဇလပ်ပန်းစသည်တို့သည်လည်း လိကျန်းမြို့သူမြို့သားနှင့် ခရီးသည်များအတွက် နှစ်သက်စွဲလမ်းသော ရှုကွက်များပင် ဖြစ်ပါသည်။


ယခုနှစ်များတွင် လိကျန်းမြို့သည် ခရီးသွားအရင်းအမြစ်ကို အမှီပြု၍ လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလာရေးကို ပေါင်းစပ်သော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် ချီတက်နေပါသည်။ ပန်းမန်စိုက်ပျိုးခြင်းဖြင့် သာယာလှပသော ကျေးရွာကို တည်ဆောက်ခြင်း၊ ရှေးဟောင်းကျေးရွာကို ကာကွယ်ထိန်းသိမ်းခြင်း၊ ကျေးရွာပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းခြင်းများနှင့်အတူ ပေါင်းကူးဆောင်ရွက်ခြင်းဖြင့် လိကျန်းအလှတရားကို တည်ဆောက်ထားပါသည်။ ကျင်းရှားမြစ်မြစ်ဝှမ်းကျေးရွာဒေသရှိ တောတောင်ရေမြေ၊ လယ်ယာရှုခင်း၊ ကျေးရွာယဉ်ကျေးမှုဖြစ်သော ထူးခြားသော အားသာချက်များကို အပြည့်အစုံအသုံးပြု၍ လိကျန်းမြို့သည် မြစ်ကြောင်းတစ်လျှောက်ရှိကျေးရွာ ၁၀၀ ရွာကို ရွေးချယ်ပြီး စွဲဆောင်မှုအပြည့်ရှိနမူနာစံပြကျေးရွာကို တည်ထောင်မည်ဖြစ်သည်။ ကျင်းရှားမြစ်အစိမ်းရောင်စီးပွားရေးစင်္ကြံကို တည်ထောင်မည်။ အဆင်ပြေချောမွေ့သော လမ်းပန်းဆက်သွယ်ရေးဖြင့် ယွိလုံနှင်းတောင်၊ လောင်ကျွင်းတောင်၊ ယန်ဇီမြစ်ပထမမြစ်ကွေ့၊ လားရှီဟယ်၊ ချင်ဟယ်၊ လူကူးဟူရေကန်စသည့်ရှုခင်းရှုကွက်များကို ချိတ်ဆက်ပြီး ကျေးရွာခရီးသွားလာရေးဖြစ်သော“ပုလဲဆွဲကြိုး”ကို တည်ထောင်သွားမည် ဖြစ်ပါသည်။