“နောက်တစ်သုတ်ပထမလမ်းကြောင်းမှာနံပါတ် ၁၆၈ ဖြစ်သူယွီရွှေဝမ်ကတာ့လီကလာတာပါ။ ဒုတိယလမ်းကြောင်းမှာနံပါတ် ၂၃၁ ဖြစ်သူကာထီချီးလင်ကကျေဖုန့်ရွာကလာတာပါ……”ဇူလိုင်လ ၇ ရက်နေ့ ညနေတွင် ရှန်ဂရီလာမြင်းပြိုင်ပွဲတာလွှတ်နေရာ၌ကြီးကြပ်ရေးမှူး၏လမ်းကြောင်းပြစကားမပြီးခင် ဒိုင်လူကြီးထံမှအချက်ပြသံထွက်ပေါ်လာရာထွားကြိုင်းသောမြင်းတစ်ကောင်စီသည် လျင်မြန်စွာဖြင့် တာထွက်လာကြသည်။ မြင်းပေါ်ရှိမြင်းစီးသမားများသည် လက်တစ်ဖက်ကဇက်ကြိုးကိုကိုင်ထားကာ၊ တစ်ဖက်ကမြင်းနှင်တံကိုဝှေ့ယမ်း၍ ယုံကြည်မှုအပြည့်ဖြင့်အမြန်နှင်လေသည်။ ပြိုင်ပွဲကွင်းပတ်လည်တွင် ကောင်းချီးသြဘာပေးသံ၊ လေချွန်သံ၊ လက်ခုပ်တီးသံများသည် နေရာတကာမှ ပေါ်ထွက်လာ၍ အင်မတန်စည်ကားလှပါသည်။
ရှန်ဂရီလာနဂါးလှေပွဲတော် မြင်းပြိုင်ပွဲသည် တီချင့် တိဘက်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိခန့်ညားလှသောရိုးရာပွဲတော်ဖြစ်ပြီးအနီးဝန်းကျင်ဒေသတွင် နေထိုင်ကြသောလူမျိုးစုအသီးသီးအတွက် နွေရာသီအစပိုင်းရှိလူအများအပြားစုဝေးသည့် ပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါသည်။အဆိုပါနေ့ထူးနေ့မြတ်တွင် မိဘများသည် နို့စို့ကလေးများပင်ခေါ်ဆောင်လာပြီးအတူတူဆင်နွဲကြသည်။
ပြင်းထန်သောပြိုင်ပွဲကျင်းပနေစဉ် ပိန်ပိန် အသားမဲမဲကလေးတစ်ဦးသည် ကိုယ့်မြင်းနှင့်အတူတူချီတက်၍ ပြိုင်ပွဲအမှတ်ပေးဇယားတွင် ထက်သန်တက်ကြွစွာ၊ သေချာစွာနှင့် ပြသထားသောပြိုင်ဝင်သူ၏အမှတ်ကိုကြည့်နေသည်။ “ခင်ဗျားကကိုယ့်ရမှတ်ကိုကြည့်နေတာလား။”“မဟုတ်ပါဘူး၊ ပြိုင်ပွဲဝင်ဖို့စောင့်နေလို့ အခြားသူ့အမှတ်ကိုအရင်ကြည့်နေတယ်။”ဤသို့ဖြင့် ကျွန်တော်တို့သည် ချူစန်းတုန်းကျူး အမည်ရှိသောတိဘက်ကလေးနှင့် သူ၏“အနက်ရောင်မြင်း - မဲလေး”ကိုတွေ့ကြသည်။
ယခုနှစ်တွင် အသက် ၁၈ နှစ်ရှိပြီဖြစ်သောချူစန်းတုန်းကျူးသည် စိချွန်းပြည်နယ် ကန်းဇီးတိဘက်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲခိုင်းတင့်မြို့နယ်မှ လာရောက်သည်။ “ဒီမြင်းကအနက်ရောင်ဖြစ်လို့ ကျွန်တော်က‘မဲလေး’လို့ နာမည်ပေးတယ်။ ‘မဲလေး’က အသက် ၃ နှစ်ရှိပြီ။” ချူစန်းတုန်းကျူးကအပြုံးနှင့်ပြောပြ၍ မြင်းကလေးနှင့် ပြိုင်ပွဲကိုဆွေးနွေးရာတွင် သူ့မျက်စိအတွင်းတွင် အလင်းရောင်တောက်ပနေသည်။“မြင်းပြိုင်တာကကျွန်တော်တို့ တိဘက်လူမျိုး ရိုးရာဓလေ့ဖြစ်ပါတယ်။ သားယောက်ကျားလေးတွေကအများအားဖြင့် မြင်းစီးတတ်တယ်။
နှစ်ကတည်းကမြင်းစီးသင်ပြီးအဲဒီအချိန်မှာဒီလောက်ဖြောင့်ဖြူးတဲ့ လမ်းကြောင်းပေါ်မှာမဟုတ်ပဲချိုင့်များတွင်းများတဲ့ တောင်စောင်းမှာမြင်းစီးသင်ရတာအရမ်းခက်ခဲပါတယ်။ အစပိုင်းမှာမြင်းပေါ်မှာကုန်းနှီးလိုတယ်။ အချိန်ကြာလာတာနဲ့ ကုန်းနှီးမလိုတော့ပဲခုန်တက်ပြီးဒီအတိုင်းတန်းစီးသွားတယ်။”
၃-၄-၅ နှစ်ဝန်းကျင်လေ့ကျင့်ခန်းလုပ်ထားသောအသက် ၁၂ နှစ်အရွယ်ချူစန်းတုန်းကျူးသည် ဇာတိတွင် ကျင်းပသော မြင်းပြိုင်ပွဲကိုပထမအကြိမ် ပါဝင်ပြီးမိမိ၏“မြင်းပြိုင်ပွဲဘ၀”ကိုစတင်လိုက်သည်။“ဒီနှစ်ဟာကျွန်တော် ရှန်ဂရီလာမြို့လာပြီး မြင်းပြိုင်ပွဲပါဝင်တာဒုတိယအကြိမ်ဖြစ်ပါတယ်။ မနှစ်က၅ ကီလိုမီတာအမြန်ပြိုင်ပွဲမှာကျွန်တော်ကပထမဆုရရှိခဲ့တယ်။”ဟုချူစန်းတုန်းကျူးကပြောသည်။
ပြိုင်ပွဲတွင် အမှတ်ကောင်းရရန်ချူစန်းတုန်းကျူးတွင် ကိုယ်ပိုင်“လျှို့ဝှက်ချက်”ရှိသည်။ဥပမာအားဖြင့် အလေးချိန် ပေါ့လေလေမြင်းထမ်းစရာနည်းလေလေ ဖြစ်သည်။ ထို့ကြောင့်၊ ပြိုင်ပွဲမစတင်မီ၃ ရက်အလိုတွင်ချူစန်းတုန်းကျူးသည် အလေးချိန်ထိန်းရန် အများအားဖြင့်ရေပဲသောက်သည်။ပြိုင်ပွဲမစမီမြင်းနှင့်အတူလမ်းလျှောက်၍ ကြိုတင်လေ့ကျင့်သည်။ မြင်းကိုရေသာတိုက်ပြီးအစားမကျွေးပါ။ ၃ ကီလိုမီတာ၊ ၅ ကီလိုမီတာအမြန်ပြိုင်ပွဲတွင် ဇက်ကြိုးကိုဆွဲထားပြီးမြင်းအားကိုထိန်းသိမ်းရသည်။ မြင်းအားကိုမထိန်းပါကနောက်ပိုင်းတွင် မပြေးနိုင်တော့ပေ……
ပြိုင်ပွဲတွင်ပါဝင်ရန် ချူစန်းတုန်းကျူးသည် သူငယ်ချင်း ၄ ယောက်၊ မြင်း ၁၁ ကောင်နှင့်အတူရှန်ဂရီလာမြို့တီချင့်အမျိုးသားအားကစားရုံတွင် လ၀က်ကြိုတင်ရောက်ရှိလာ၍နေရာနှင့် ရာသီဥတုကိုကျင့်သားရရန် စီစဉ်ဆောင်ရွက်သည်။နေရာဒေသအသီးသီးမှလာသည့် မြင်းအဖွဲ့များစုစည်းလာကြခြင်းသည် မြင်းပြိုင်ပွဲတွင် ထူးခြားလှပါသောရှုကွက်တစ်ခုလည်းဖြစ်ပါသည်။ ပြည်သူလူထုများသည် ကွက်လပ်တွင် ရွက်ဖျင်တဲထိုးပြီးထမင်းချက်စားကာဧည့်ခံလည်ပတ်သည်။ ပြိုင်ပွဲကွင်းအတွင်းတွင် ပြိုင်ပွဲဝင်သူများသည် စိတ်အားထက်သန်စွာယှဉ်ပြိုင်နေသည်။ ပြိုင်ပွဲကွင်းအပြင်ဘက်တွင် အားလုံးကမိမိအိမ်သို့ရောက်ရှိသလိုမလိုင်လက်ဖက်ရည်သောက်ရင်းစောင်းတီးရင်းသီချင်းဆိုရင်းအကကရင်းဝိုင်းဝန်းကစားကြသည်။
ယူနန်ပြည်နည်ပြင်ပမှမြင်းအဖွဲ့အပြင် ရှန်ဂရီလာမြင်းအဖွဲ့လည်းများသည်။ ရှန်ဂရီလာမြို့နယ် ကေဇန်ရွာမြင်းအဖွဲ့သည် ယခုနှစ်ပါဝင်သောအဖွဲ့များအကြားတွင် လူအများဆုံးအဖွဲ့ဖြစ်ပါသည်။“ဒီနှစ်မှာကျွန်တော်တို့အဖွဲ့မြင်းအကောင် ၃၀၊ လူ ၁၈ ယောက်ပါဝင်တယ်။ တစ်ရွာလုံးရှိရွာသူရွာသား၄၉၀၀ ကျော်မှာ၁၀၀၀ ကျော်လာကြည့်တယ်။ မြင်းအဖွဲ့မှာ‘ခန်းပါးမင်းသား’လို့ခေါ်တဲ့ ‘အသံထက်မြန်’မြင်းကပြီးခဲ့တဲ့ပြိုင်ပွဲများတွင် အများအားဖြင့် ပထမဆု(သို့)ဒုတိယဆုရရှိပါတယ်။ အားလုံးကသူတို့ကိုလက်ခုပ်တီးအားပေးဖို့ လာကြတာပါ။”ဟုဒုအဖွဲ့ခေါင်းဆောင် ကျန်းကျိကျွင်းကပြောသည်။
မြင်းစောင်းတွင် အနားယူနေသော‘ခန်းပါးမင်းသား’ကိုသွားကြည့်ရန် ဒုအဖွဲ့ခေါင်းဆောင်သည် သီးခြားလိုက်ပို့ပေးသည်။“ကျွန်တော်တို့မြင်းအဖွဲ့က၁၉၈၃ ခုနှစ်မှာဖွဲ့စည်းထားတယ်။ မြင်းပြိုင်ခြင်းကကျွန်တော်တို့ရဲ့ ရိုးရာဓလေ့ဖြစ်ပါတယ်။ မြင်းပြိုင်ပွဲမှာ နှစ်စဉ်နှစ်တိုင်းပါဝင်ပါတယ်။ ရှေးအစဉ်အဆက်လူများပါဝင်ပြီးနောက်မျိုးဆက်လူငယ်များကိုလက်ဆင့်ကမ်းပေးပါဝင်ပါတယ်။”ဒုအဖွဲ့ခေါင်းဆောင်ကပေါ့ပါးပျော့ပျောင်းစွာမြင်းကိုပွတ်သပ်ရင်းပြောပြပါသည်။
ပြိုင်ကွင်းတွင် တစ်နိုင်ငံလုံးနေရာအသီးသီးမှလာရောက်သောပြိုင်ပွဲဝင်များသည်ပြင်းထန်စွာယှဉ်ပြိုင်နေသည်။ ဒိုင်လူကြီးက“နံပါတ် ၁၉၃၊ အ၀င်စစ်မယ်၊ နံပါတ် ၁၉၃ ရောက်ပြီလား။”ဟုအသံကျယ်ကျယ်ဖြင့်မေးရင်း“လာပြီ၊ လာပြီ။”ဟုချူစန်းတုန်းကျူးသည် “မဲလေး”လည်ပင်းကိုပွတ်သပ်ရင်းကိုယ့်ကိုယ်ကိုယုံကြည်စိတ်အပြည့်ဖြင့် ပြိုင်ကွင်းသို့ ၀င်သွားသည်။.
သတင်းထောက်။ ။ယောင်ချင်ချင်၊ လီဝမ်ကျွင်း(YUNNANGATEWAY)