ကူမင်းမြို့ ရီညောင်ခရိုင်အား “တရုတ်နိုင်ငံပန်းမန်ပျိုးပင်မြို့”အဖြစ် တည်ထောင်

2019-06-10 18:46:41 |သတင်းအရင်းအမြစ် 云南网

နဂါးလှေပွဲတော် ရုံးပိတ်ရက်များတွင် တရုတ်နိုင်ငံကူမင်းနိုင်ငံတကာပန်းမန်ပျိုးပင်ပြပွဲ၊၂၀၁၉ ခုနှစ် ရီညောင်ပန်းပွဲတော်သည် အင်မတန်စည်ကားလှပါသည်။ အမျိုးအစားများပြားလှသောပန်းမန်၊ သစ်ပင်၊ ပန်းအိုးစိုက်အလှပင်၊ ပန်းအိုးစသည့် ဥယျာဉ်အလှဆင်ပစ္စည်းတို့မှာဝယ်ချင်စိတ်ရှိ ရှုစားချင်စိတ်ရှိလှစွာဖြင့် ခရီးသည်များကို ဆွဲဆောင်လျက်ရှိပြီး ရီညောင်မြို့နယ်၏ “တရုတ်နိုင်ငံပန်းမန်ပျိုးပင်မြို့”ဆိုင်ရာကျက်သရေကိုခံစားကြရသည်။

ရီညောင်ခရိုင်သည် ပန်းမန်စိုက်ပျိုးခြင်းတွင် သမိုင်းကြာရှည်ပြီဖြစ်သည်၊ အမျိုးအစားများပြားလှသည်၊ ပန်းမန်ယဉ်ကျေးမှုကြွယ်ဝထူပြောသည်။ နဂါးလှေပွဲတော် ပန်းမန်ဈေးအလည်သွားခြင်းသည် ရီညောင်ခရိုင်၏ ရိုးရာဓလေ့ဖြစ်ပြီး တျန်းအလယ်ဒေသရှိ ပြည်သူလူထုအများဆုံးပါဝင်သော အရေးကြီးသည့် ရိုးရာပွဲတော်လည်းဖြစ်ပါသည်။ ပန်းပွဲတော်ကို အဆက်မပြတ် ကျင်းပခြင်းသည် ဤခရိုင်၏ ပန်းမန်စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးသည့်အပြင် ရီညောင်ခရိုင်အတွက် ကောင်းမွန်လှသော နာမည်ကဒ်ပြားကိုလည်း ရရှိစေသည်။ လက်ရှိတွင် တစ်ခရိုင်လုံးရှိ ပန်းမန်စိုက်ခင်း တရုတ်ဧက ၁.၆၆၂ သိန်းရှိပြီး တစ်နှစ်ထုတ်ကုန် တရုတ်ယွမ် ၃.၈ ဘီလီယံရှိသည်

တရုတ်နိုင်ငံကူမင်းနိုင်ငံတကာပန်းမန်ပျိုးပင်ပြပွဲ၊၂၀၁၉ခုနှစ်ရီညောင်ပန်းပွဲတော်တွင် ရှုမငြီးဖွယ်လှပနေသောပန်းအလှဆင်ဥဒေါင်းပုံအားတွေ့ရစဉ်