တရုတ်-မြန်မာ ပူးပေါင်းရိုက်ကူးသော မှတ်တမ်းတင်ရုပ်ရှင်“ချစ်ခင်သင့်မြတ်သောအိမ်နီးချင်း•မြန်မာနိုင်ငံ”သည် ဇွန်လ ၁၂ ရက်နေ့တွင် ပထမအကြိမ် အသံလွှင့်

2019-06-12 17:14:23 |သတင်းအရင်းအမြစ် 云桥网

ယူနန်အသံလွှင့်နှင့်ရုပ်မြင်သံကြားဌာနနှင့် MRTV, YTV ရုပ်မြင်သံကြားဌာနတို့အတူ ပူးပေါင်းရိုက်ကူးသော မှတ်တမ်းရုပ်ရှင် “ချစ်ခင်သင့်မြတ်သောအိမ်နီးချင်းကောင်းမြန်မာနိုင်ငံ”သည် ၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးပွဲကျင်းပချိန်ကာလတွင် ပထမဆုံးအကြိမ် ထုတ်လွှင့်ပြီး ဇွန်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိညစဉ် ၂၁:၄၀ မှာ Yunnan TV တွင် ကြည့်ရှုနိုင်ပါကြောင်း ယူနန်အသံလွှင့်နှင့်ရုပ်မြင်သံကြားဌာနမှ ဇွန်လ ၁၁ ရက်နေ့က သိရပါသည်။

 

“ချစ်ခင်သင့်မြတ်သော အိမ်နီးချင်းကောင်းမြန်မာနိုင်ငံ”သည် ယမန်နှစ်က တရုတ်-တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲ၊ ဒုတိယအကြိမ်မြောက် တရုတ်-တောင်အာရှနိုင်ငံများ စီးပွားရေးဖိုရိမ်တွင် သဘောတူချုပ်ဆိုခဲ့သော စီမံကိန်းဖြစ်ပါသည်။ ဤမှတ်တမ်းရုပ်ရှင်တွင် ၄ ပိုင်းပါရှိပြီး ပူးပေါင်းရိုက်ကူးရေးအဖွဲ့သည် မြန်မာနိုင်ငံတိုင်းဒေသကြီး ၄ ခုနှင့် ပြည်နယ် ၃ ခု၏ နောက်ခံရှုခင်းရိုက်ကူးပြီး ခရီးစဉ်တစ်လျှောက်လုံးသည် ကီလိုမီတာ ၂ သောင်းကျော်ရှိကာ 4K စနစ်ဖြင့် ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ဤမှတ်တမ်းရုပ်ရှင်သည် ထူးခြားသော ရိုက်ကူးမှုပုံစံဖြင့် မြန်မာနှင့် ယူနန်ပြည်နယ် တောင်ပိုင်းရှိ တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်သော လန်ချန်းမြစ်-မဲခေါင်မြစ်မြစ်ဝှမ်းဒေသဆိုင်ရာ လူမှုဘ၀ဓလေ့ထုံးစံ၊ သဘာဝပထ၀ီအနေအထား၊ ပြည်သူများအကြားပုံပြင်များကို ရိုက်ကူးတင်ဆက်ထားပါသည်။ အဆိုပါရုပ်ရှင်ကို MRTV, YTV ရုပ်မြင်သံကြားဌာနတို့မှ ထုတ်လွှင့်မည်ဖြစ်ပြီး နိုင်ငံခြားအသံလွှင့်နှင့်ရုပ်မြင်သံကြားဌာနနှင့်အတူ ပူးပေါင်းကာ ပထမဆုံးအကြိမ်ရိုက်ကူးသော ရုပ်ရှင်ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှသည် တရုတ်-မြန်မာ ချစ်ခင်သင့်မြတ်သော အိမ်နီးချင်းကောင်းပူးပေါင်းဆောင်ရွက်ရေးဇာတ်လမ်းကို ပြသပေးနိုင်ပြီး ရုပ်မြင်သံကြားနည်းပညာကူးလူးဖလှယ်ရေးနှင့် တရုတ်-မြန်မာ ရုပ်မြင်သံကြားမီဒီယာများ နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးများကို တိုးတက်စေနိုင်ရန် နှစ်ဦးနှစ်ဖက်က မျှော်လင့်ထားကြသည်။

 

ယူနန်ပြည်နယ်သည် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ဆိုင်ရာအရေးကြီးသော ပြည်နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ လုပ်ငန်းတူဆောင်ရွက်နေသူများနှင့်အတူ“ချစ်ခင်သင့်မြတ်သောအိမ်နီးချင်းကောင်းမြန်မာနိုင်ငံ”ရုပ်ရှင်ကို ပူးပေါင်းရိုက်ကူးခြင်းဖြင့် ယူနန်နှင့် မြန်မာနိုင်ငံဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစွာနှင့် တိုးတက်စေနိုင်ပါသည်ဟု“ချစ်ခင်သင့်မြတ်သောအိမ်နီးချင်းကောင်းမြန်မာနိုင်ငံ”ရုပ်ရှင်ဆိုင်ရာ တရုတ်အစီအစဉ် တင်ဆက်သူ ယူနန်အသံလွှင့်နှင့်ရုပ်မြင်သံကြားဌာနပါတီကော်မတီအတွင်းရေးမှူး၊ ဌာနမှူး ဟယ်ရနင်က သုံးသပ်မျှော်လင့်နေပါသည်။“မှတ်တမ်းတင်တဲ့ ဇာတ်ကွက်များက ဘ၀နဲ့ တော်တော်နီးစပ်လိုက်တာ။ ချွေးစက်ကျနေတဲ့လက်မှုပညာရှင်၊ နွားကျောင်းသား၊ ပိုက်ကွန်ပစ်နေတဲ့ ငါးဖမ်းသမားစတာတွေ ပါဝင်တယ်။ ခင်ဗျားက ဒီကမ္ဘာမြေကြီးရဲ့အနံ့ကို မြည်းစမ်းခံစားရနိုင်မှာပါ။”

 

ယခုတွင် MRTV, YTV ရုပ်မြင်သံကြားဌာနမှ ဤမှတ်တမ်းရုပ်ရှင်၏ မြန်မာစကားပြောဗားရှင်းကို ဆောင်ရွက်နေပြီး ဇူလိုင်လတွင် မြန်မာပရိသတ်များအတွက် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်သည်။ ယခုနှစ် အောက်တိုဘာလတွင် အဆိုပါရုပ်ရှင်အား ပြင်သစ်နိုင်ငံ ကိန်းနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသပြီး တစ်ကမ္ဘာလုံးအား တရုတ်-မြန်မာ ချစ်ခင်သင့်မြတ်သော အိမ်နီးချင်းကောင်း၏ သာယာလှပမှုများကို ပြသပေးမည်ဖြစ်သည်။ “ချစ်ခင်သင့်မြတ်သောအိမ်နီးချင်းကောင်းမြန်မာနိုင်ငံ”ရုပ်ရှင်နှင့်ညီအစ်မရုပ်ရှင်ဖြစ်သော“ချစ်ခင်သင့်မြတ်သောအိမ်နီးချင်းကောင်းလာအိုနိုင်ငံ”သည် လာအိုနိုင်ငံ အသံလွှင့်နှင့်ရုပ်မြင်သံကြားဌာနနှင့်ပူးပေါင်းရိုက်ကူးရန် စတင်ဆောင်ရွက်တော့မည်ဖြစ်သည်။ ဆက်လက်ပြီး ရိုက်ကူးရေးအဖွဲ့သည် “ချစ်ခင်သင့်မြတ်သောအိမ်နီးချင်းကောင်း”ဟူသောခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ စင်္ကပူနိုင်ငံစသည့်နိုင်ငံတို့နှင့်အတူ ပူးပေါင်းရိုက်ကူးမည်ဖြစ်သည်။

 

“သတင်းအတိုအထွာ”

တရုတ်-မြန်မာ ပူးပေါင်းရိုက်ကူးရေးအဖွဲ့သည် သစ်တောဆင်အဖွဲ့ကို မှတ်တမ်းတင်ရိုက်ကူးစဉ် သစ်တောဝန်ထမ်းများနှင့်အတူ နေထိုင်စားသောက်ကြပါသည်။ ချောင်းမှ ရေခပ်၍ ထမင်းချက်သည်။ နေထိုင်ရာမှာ ပလပ်စတစ်ခင်းအကာဖြင့် တည်ဆောက်ထားသော ရိုးရိုးမိုးကာတဲဖြစ်သည်။ တောတောင်အကြားညဥ့်နက်ချိန်တွင် လူဦးရေ ၁၀ ယောက်ကျော်ရှိသောအဖွဲ့သည် အေးလွန်းသောကြောင့် နိုးလာပြီး မီးပုံအနီးတွင်ဝိုင်းဖွဲ့ထိုင်ကြရသည်။ ကောင်းကင်ယံရှိကြယ်များကို ရေတွက်ရင်းဇာတိမှ စားကောင်းသောက်ဖွယ်များအကြောင်းစကားစမြည်ပြောကြသည်။

ဤဇာတ်ကားတွင် ရွှေလီမြို့ရှိ တရုတ်မော်တော်ဆိုင်ကယ်ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလင်မယားအကြောင်း ရိုက်ကူးထားသည်။ သူတို့၏ တစ်ယောက်စီလစာသည် ယွမ် ၄၀၀၀ ၀န်းကျင်ရှိပြီး စုဆောင်းထားသောပိုက်ဆံသည် ဇာတိပြန်လျှင် အပူအပြင်ကင်းသောဘ၀ကို နေထိုင်စေနိုင်သည်။ ဤဇာတ်ကားသည် ရိုးရိုးသာမန်အကြောင်းကို တင်ဆက်ထားပြီး သူတို့၏ ပြုံးနေသောမျက်နှာမှတဆင့်“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”နောက်ခံအောက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိတ်ဝင်စားစရာဇာတ်ကြောင်းကို သိမြင်နိုင်သည်။

မှတ်တမ်းရုပ်ရှင်ဆိုင်ရာဇာတ်ကားအကြောင်းကို YTV ၏ လူမှုကွန်ရက်အကောင့်တွင် ထုတ်ပြန်လိုက်ရာ မြန်မာပရိသတ်များထံမှ ချစ်နှစ်သက်သော တုံ့ပြန်မှုများစွာကို ရရှိပြီး မြန်မြန်ထုတ်လွှင့်ပြသပေးပါရန် သတင်းစကားပါးလာကြသည်ကို တွေ့ရသည်။(ဓာတ်ပုံ-“ချစ်ခင်သင့်မြတ်သောအိမ်နီးချင်းကောင်းမြန်မာနိုင်ငံ”ပူးပေါင်းရိုက်ကူးရေးအဖွဲ့)

သတင်းထောက်။ ။ ဖွေးဖွေးကြည်လင်၊ လီဟိန်ချန်(ယူနန်နေ့စဉ်သတင်းစာ)