ဒစ်ဂျစ်တယ်ယူနန်ပြခန်းမှာ ခေတ်အစားဆုံးတွေ လာရောက်ခံစားနိုင်

2019-06-13 18:14:32 |သတင်းအရင်းအမြစ် 云桥网

“ရှောင်ယွင်း ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပြခန်းက ဘယ်မှာလဲ။” “အရှေ့တောင်အာရှပြခန်းမှာ ဘာစားကောင်းစရာတွေ ရှိလဲ။” ဇွန်လ ၁၂ ရက်နေ့ ၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံ ကုန်စည်ပြပွဲဖွင့်လှစ်ကျင်းပနေ့တွင် နံပါတ် ၇ ပြခန်းရှိ ဒစ်ဂျစ်တယ်ယူနန်ပြခန်း၌ အင်မတန်စည်ကားပြီး နိုင်ငံအသီးသီးမှ လည်ပတ်ကြည့်ရှုသူများပြားကာ ယူနန်ပြည်နယ် ဒစ်ဂျစ်တယ်စီးပွားရေးရလဒ်အသီးအပွင့်ကို သိမြင်ပြီး ထူးခြားလှပါသော ခံစားချက်ကို ရရှိခဲ့ပါသည်။

 

 

“QR Code ကို scan လုပ်ပြီး ကုန်ပစ္စည်းရဲ့ သမိုင်းခြေရာကိုတောင် သိနိုင်တာလား။ အပင်ရှင်သန်ကြီးထွားလာတဲ့ ပတ်ဝန်းကျင်ကိုတောင် မြင်နိုင်သလား။”ဟု ပရိသတ်တစ်ဦးက အံ့သြစွာဖြင့် မေးလိုက်သည်။ ဤပလက်ဖောင်းတွင် လယ်ယာထွက်ပစ္စည်းထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံး ပါရှိ၍ စားသုံးသူများသည် ဖုန်းဖြင့် လယ်ယာထွက်ပစ္စည်းဆိုင်ရာ စိုက်ပျိုးခြင်းမှအစ တင်ပို့ရောင်းချသည်အထိ သိရှိနိုင်ပါပြီဟု“ဖုန်းတစ်လုံးဖြင့်ယူနန်ပြည်နယ်ထွက်ကုန်စုစည်း”ပလက်ဖောင်းဆိုင်ရာ တာဝန်ရှိသူ ၀မ်ကျင်းဟယ်က မိတ်ဆက်ပေးသည်။ အဆိုပါအကြောင်းကို လေ့လာသိရှိပြီးနောက် “ယူနန်ထွက်ကုန်”သည် စားကောင်းသည်သာမက ယုံကြည်စိတ်ချမှုရှိသည်ဟု အားလုံးက ချီးကျူးအားပေးသည်။

ဝယ်ယူပြီး စိတ်ကျေနပ်မှုမရှိသော ကုန်ပစ္စည်းကို အကြောင်းပြချက်မလိုပဲ ပြန်ပေးလို့ရသလား။ ပြန်ပေးလို့ရနိုင်သည်ဟု“ဖုန်းတစ်လုံးဖြင့်ယူနန်ပြည်နယ်ခရီးလှည့်လည်”ပလက်ဖောင်းမှ တာဝန်ရှိသူက သေချာစွာအဖြေပေးလိုက်သည်။ ၂၀၁၉ ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံ ကုန်စည်ပြပွဲဖွင့်လှစ်ကျင်းပချိန်ကာလအတွင်း သက်ဆိုင်ရာပလက်ဖောင်းတွင် အကြောင်းပြချက်မရှိ ရက် ၃၀ အတွင်း ၀ယ်ပြီးပစ္စည်းပြန်အပ်နိုင်သောစနစ်ကို တရားဝင်စီစဉ်ပေးထားသည်။ ပလက်ဖောင်းရှိ virtual အကျိုးဆောင်သူဖြစ်သော“ရှောင်ယွင်း”နှင့် “ရှောင်နန်”သည် လက်တွေ့အရုပ်ဖြင့် ကိုယ်ထင်ပြ ရောက်ရှိနေသည်။ အနာဂတ်တွင် စိတ်ကြိုက်ဖွံ့ဖြိုးတိုးတက်လေ့လာတီထွင်၍ စမတ်စက်ရုပ်များသည်လည်း မတူကွဲပြားနေရာများတွင် အကျိုးဆောင်မှုအမျိုးမျိုးကို စီစဉ်ဆောင်ရွက်ပေးနိုင်ပြီး ပရိသတ်များနှင့်အတူ ပြပွဲလိုက်လည်ခြင်း၊ ပြခန်းလိုက်ပို့ခြင်းများပင် စီစဉ်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

 

မှတ်ပုံတင်ကဒ်ပြားပျောက်သွားရင် ဘယ်လိုလုပ်မလဲ။ နာမည်ပြောင်းရင် တော်တော်ခက်သလား။ မိမိအကြောင်းအရာများနှင့်ပတ်သက်သော မွေးခွန်းများစွာကို ဖြေရှင်းပေးနိုင်ခြင်းကြောင့် “ဖုန်းတစ်လုံးဖြင့်အလုပ်ကိစ္စကိုဖြေရှင်းဆောင်ရွက်”ဆိုင်ရာပြကွက်တွင် ပရိသတ်တော်တော်များလှသည်။ ကိစ္စဖြေရှင်းပြီး ပမာဏကို ပုံဖော်ကားချပ်ဖြင့် တင်ပြနေသည်မှာ အဆက်မပြတ်များပြားနေပြီး ယခုတွင် ၇.၂၆ သိန်းရှိပြီဖြစ်သည်။ ဤပလက်ဖောင်းသည် “လုပ်ငန်းဆောင်တာအတွက် အကူအညီတောင်းရန် မလိုပါ။ စစ်ဆေးမှုပြုလုပ်လျှင် လူချင်းတွေ့ဆုံရန် မလိုပါ။ အများဆုံးတစ်ကြိမ်သာရောက်ရန် လိုပါသည်”ဟူသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ထားပါသည်။ ပရိသတ်များအတွက် အံ့သြမှု အရှိဆုံးခံစားချက်သည် ယခင်က ရှုပ်ထွေးနေသောအစီအစဉ်များကို လျော့ချကာလွယ်လင့်တကူသုံးနိုင်ပြီဖြစ်သည်။ ယခုလက်ရှိတွင် ပြည်သူလူထုများသည် အထွေထွေရေးရာခန်းမ၊ “ဖုန်းတစ်လုံးဖြင့်အလုပ်ကိစ္စကိုဖြေရှင်းဆောင်ရွက်”App ၊“ဖုန်းတစ်လုံးဖြင့်အလုပ်ကိစ္စကိုဖြေရှင်းဆောင်ရွက်”ကွန်ပျူတာ၊ တရုတ်ဆောက်လုပ်ရေးဘဏ်ရှိ ATM စက်နှင့် ကျေးလက်ဒေသစီးပွားရေးဝန်ဆောင်မှု APP စသည့် လမ်းကြောင်း ၅ လမ်းဖြင့် သက်ဆိုင်ရာလုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်နိုင်သည်။

 

သတင်းထောက်။ ။ လီဟိန်ချန် (ယူနန်နေ့စဉ်သတင်းစာ)