“တရုတ်လူမျိုး၏ နေထိုင်မှုဘ၀”မှတ်တမ်းတင်ဇာတ်ကားကို မြန်မာနိုင်ငံတွင် မြန်မာဘာသာစကားဖြင့် ထုတ်လွှင့်လျက်ရှိရာ မြန်မာပြည်သူများအား တရုတ်နိုင်ငံကို ပိုမိုသိရှိစေခဲ့

2019-06-19 18:38:15 |သတင်းအရင်းအမြစ် CRI

မြန်မာဘာသာစကားဖြင့် ထုတ်လွှင့်သည့် “တရုတ်လူမျိုး၏ နေထိုင်မှုဘ၀ (Inside A Chinese Life)” မှတ်တမ်းတင်ဇာတ်ကား အပိုင်း ၁၀ ပိုင်းကို ဇွန်လ(၈)ရက်နေ့မှ (၁၇)ရက်နေ့ထိ မြန်မာနိုင်ငံ Sky Net ရုပ်သံ ပညာရေး channel တွင် ထုတ်လွှင့်ခဲ့သည်။ မြန်မာနိုင်ငံပြည်သူလူထုများအား ယနေ့ခေတ် ခေတ်ပြိုင်တရုတ်လူမျိုးများ၏ နေထိုင်မှုဘ၀ကို ရိုက်ကူးပြသခြင်းဖြစ်ပြီး မြန်မာနိုင်ငံအလွှာ ပေါင်းစုံမှ ချီးကျူးအားပေးမှုကို ရရှိခဲ့သည်။

“တရုတ်လူမျိုး၏ နေထိုင်မှုဘ၀ (Inside A Chinese Life)”သည် CCTV မှ သုံးနှစ်တာ အချိန်ယူ ရိုက်ကူးထားသည့် မှတ်တမ်းတင်ဇာတ်ကားဖြစ်ပြီး အတွဲ(၃)တွဲရှိကာ အတွဲတိုင်းတွင် အပိုင်း(၁၀)ပိုင်း ပါရှိသည်။ သာမန်တရုတ်ပြည်သူလူထုသည် ချမ်းမြေ့သာယာသော အနာဂတ်ကို မျှော်မှန်းထားပြီး မိမိအိပ်မက်နှင့် မိသားစုအိပ်မက်ကို ဖော်ဆောင်သော ပုံပြင်ကို တင်ဆက် ရိုက်ကူးထားသည်။ မှတ်တမ်းတင်ဇာတ်ကားတွင် အဓိကဇာတ်ကြောင်းပုဂ္ဂိုလ်မှာ သာမန်ပန်းချီဆရာ၊ ဇာတိကို ပြန်ရောက်ကာ လုပ်ငန်းထူထောင်သော လယ်သမား၊ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် မွေးဖွားသော အင်တာနက်ထူထောင်သူ စသည်များ ဖြစ်သည်။ China Media Group မြန်မာပိုင်းအစီအစဉ်ဌာနမှ ဇာတ်လမ်း(၁၀)ပုဒ်ကို အသေးစိတ် ရွေးချယ်ကာ ဘာသာပြန်ခြင်း၊ အသံသွင်းခြင်း၊ ထုတ်လုပ်မှု စသည်တို့ကို ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံပရိသတ်များ၏ လိုအပ်ချက်ကို ဖြည့်စွက်ခဲ့သည်။ ဤမှတ်တမ်းတင်ဇာတ်ကားအား ဇွန်လ(၈)ရက်နေ့မှစ၍ မြန်မာနိုင်ငံ Sky Net ရုပ်သံ ပညာရေး channel တွင် ညစဉ် (၈)နာရီတွင် ပထမဆုံးအကြိမ် ထုတ်လွှင့်ပြီး နောက်တစ်နေ့ နံနက်(၁၀)နာရီနှင့် မွန်းလွဲ(၂)နာရီတွင် ပြန်လည်ထုတ်လွှင့်ကြောင်း သိရသည်။

သတင်းထောက်--Gao Jiayi