ချိန်ယီရှီသည် ဓားဖြင့် သစ်သားပြားပေါ် စာတန်းထွင်းထုပုံနှိပ်ခြင်း လက်မှုအတတ်ပညာအား ဒြပ်မဲ့အမွေအနှစ်အဖြစ် ထိန်းသိမ်းကာကွယ် ဆက်ခံလျက်ရှိ

2019-06-21 18:18:16 |သတင်းအရင်းအမြစ် 新华网

အသက်(၇၂)နှစ်အရွယ်ရှိ ချိန်ယီရှီသည် ကျန်စုပြည်နယ် ရန်ကျိုးနယ်သား ဖြစ်သည်။ သစ်သားပြားပေါ် စာတန်းထွင်းထုပုံနှိပ်ခြင်း လက်မှုအတတ်ပညာဖြင့် အရှိန်အဝါကောင်းသော မိသားစုတွင် မွေးဖွားခဲ့သည်။ သူသည် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သစ်သားပြားပေါ် စာတန်းထွင်းထုပုံနှိပ်ခြင်း လက်မှုအတတ်ပညာအား ကိုယ်စားပြုသော ဆက်ခံသူ ဖြစ်သည်။ အသက်(၁၀)နှစ်အရွယ်က ဖခင်ထံမှ လက်မှုအတတ်ပညာကို စတင်ဆည်းပူးလေ့လာခဲ့သည်။ သစ်သားပြားပေါ် စာတန်းထွင်းထုပုံနှိပ်ခြင်းလုပ်ငန်းကို ကြိုးပမ်းအားထုတ် ဆောင်ရွက်ပြီး ဤလက်မှုအတတ်ပညာကို ဆက်ခံရန် တာဝန်ယူလိုက်ပါသည်။

သစ်သားပြားပေါ် စာတန်းထွင်းထုပုံနှိပ်ခြင်းသည် လက်တွေ့ကျကျ ဆောင်ရွက်ရသည့် လက်မှုအတတ်ပညာတစ်ရပ် ဖြစ်သည်။ ဆရာမှ မျက်နှာချင်းဆိုင် သင်ပို့ပြီးမှသာ ဤလက်မှုအတတ်ပညာ၏ အနှစ်သာရကို သင်ယူနိုင်မည် ဖြစ်သည်။ "ဆရာမှ တပည့်အား ပို့ချခြင်း" သည် ချိန်ယီရှီ၏ လက်မှုအတတ်ပညာကို ဆက်ခံရန် ကျင့်သုံးသောအဓိကနည်းလမ်း ဖြစ်သည်။ လက်မှုအတတ်ပညာကို ကောင်းမွန်အောင်ဆက်ခံရန် ချိန်ယီရှီသည် မိမိသမီးကို သင်ကြားပို့ချသည့်အပြင် တပည့်များစွာလည်း ခေါ်ယူလျက် ရှိနေပါသည်။ "ကျွန်တော်တို့ အနုပညာဆရာများရဲ့ အထောက်အကူဖြင့်၊ ‘ဆရာမှ တပည့်အား ပို့ချခြင်း’နည်းလမ်းဖြင့် ဒီလက်မှုအတတ်ပညာကို ဆက်ခံသွားရမယ်။ ဆက်ခံသူအနေနဲ့ ကျွန်တော် အားသွန်ခွန်စိုက် လုပ်ဆောင်သွားမယ်။ "ဟု ချိန်ယီရှီက ပြောပြသည်။

သတင်းထောက် -- Ji Chunpeng