ချူကျင့်မြို့ ကျင်လင်ဝမ်တွင် တည်ရှိသော အချစ်မြို့နယ်တွင် နွေရာသီ ပန်းမန်ပွင့်ဖူးလျက်ရှိသည်။ ခရီးသည်များသည် ဤနေရာတွင် ရှုစားခြင်း၊ လမ်းလျှောက်ခြင်း၊ အားကစားလှုပ်ရှားမှုနှင့် ကစားပျော်ရွှင်မှု စသည်များ ပြုလုပ်ကြသည်။ ထို့ပြင် ပြင်ပတွင် မင်္ဂလာဆောင်ပွဲအခမ်းအနားကို ကျင်းပခြင်းသည် အချစ်မြို့နယ်၏ အဓိကဆောင်ပုဒ်ဖြင့် ကျင်းပသောလှုပ်ရှားမှု ဖြစ်လာပါသည်။ နေထိုင်မှုဘ၀ကို အစချီသောနေရာနှင့် အချစ်မေတ္တာကို မှတ်တမ်းတင်သောဒေသ ဖြစ်လာပါသည်။
အချစ်မြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ တရုတ်ဧက (၉၀၀၀)ကျော် ရှိပါသည်။ ထောင်နှင့်ချီ သော ပန်းမန်စိုက်ခင်း၊ ရေပူစမ်းဟိုတယ်၊ စီးပွားရေးဈေးတန်း၊ တောစခန်း၊ လယ်ယာအပန်းဖြေရာနေရာ စသည့် စီမံကိန်းများကို အလေးထားဖော်ဆောင်ထားပါသည်။ ဘေးပတ်ဝန်းကျင်နေရာတွင် အားကစား ကွင်းနှင့် ပြင်ပလေ့ကျင့်ရန်ကွင်း စသည့်အဆောက်အဦး တည်ထောင်ထားပါသည်။ ချူကျင့်မြို့တွင် လူကြိုက်များသော အားကစားအပန်းဖြေရာနေရာ ဖြစ်လာပါသည်။
သတင်းထောက် -- Zhang Tong