နွေရာသီတွင် စစ်ဆောင်းပန်းနားအပူပိုင်းဒေသ ရုက္ခပင်ဥယျာဉ်တွင် ပိုးစုန်းကြူးများနှင့် ဆုံဆည်းကြစို့

2019-06-26 18:35:33 |သတင်းအရင်းအမြစ် 新华网

တရုတ်သိပ္ပံနည်းပညာအကယ်ဒမီ စစ်ဆောင်းပန်းနား အပူပိုင်းဒေသရုက္ခပင်ဥယျာဉ်သည် သိပ္ပံနည်းပညာသုတေသနပြုခြင်း၊ ဇီဝအမျိုးအစား ကာကွယ်ထိန်းသိမ်းခြင်း၊ ခေတ်မီသိပ္ပံပညာရေး စသည်တို့ ပေါင်းစပ်ထားသော အထွေထွေသုတေသနဌာန ဖြစ်သည်။ ရောင်စုံယူနန်၏ လူကြိုက်များ သော ခရီးစဉ်အတွင်း ထွန်းလင်းတောက်ပသောရတနာ ကဲ့သို့ပင် ဖြစ်သည်။

နွေရာသီတွင် ဤဥယျာဉ်၌ ပိုးစုန်းကြူးများကို ရှုစားရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။ သောင်းနှင့်ချီသော ပိုးစုန်းကြူးများသည် သစ်ရွက်၊ မြက်ခင်း၊ ရေကန် သို့မဟုတ် ခရီးသည်များ အနီးအနား အုပ်စုလိုက် အားရပါးရ ပျံသန်းနေကြသည်မှာ ကလေးပုံပြင်ထဲက ကဲ့သို့ပင် ဖြစ်ပါတော့သည်။

သတင်းထောက် -- Zhu Renbin၊ Nian Xinhong