မိုး သုံးလေးကြိမ်ရွာပြီးနောက် သဘာဝမှိုအနံ့ ပျံ့လွင့်လာကာ ကူမင်းကျင်နင် သဘာဝမှိုဈေးတန်း စတင်အသက်ဝင်

2019-07-08 18:28:55 |သတင်းအရင်းအမြစ် 昆明日报

မိုး သုံးလေးကြိမ်ရွာပြီးနောက် သဘာဝမှိုအနံ့ ပျံ့လွင့်လာပါသည်။ ဇူလိုင်လ (၆)ရက်နေ့တွင် ကျင်နင်သဘာဝမှို စားကောင်းသောက်ဖွယ် ဈေးတန်း၌ စတင်ရောင်းချပြီဖြစ်၍ ၀ယ်ယူသုံးဆောင်နိုင်ပြီ ဖြစ်သည်။ မြို့သူမြို့သားများသည် ၄၅ မိနစ်ခန့် ကားမောင်းကာ သဘာဝမှိုများကို မြည်းစမ်းသုံးဆောင် နိုင်သည့် နေရာကောင်းတစ်ခု ရွေးချယ်နိုင်ပါသည်။

ကျင်နင်သည် ကူမင်းအနီးအနားရှိ အရည်အသွေးကောင်းမွန်သော ရာသီပေါ် သဘာဝမှို ရောင်းချသည့် အမြဲတမ်းဈေးတန်း ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း သဘာဝမှို၏ ရာသီပေါ်ချိန်တွင် ကျင်နင်သို့ သွားရောက်ပြီး သဘာဝမှိုကို ဝယ်ယူသုံးဆောင်သည့် ဈေးဝယ်များပြားလျက်ရှိပါသည်။ နေ့စဉ် လတ်ဆတ်သော သဘာဝမှို(၃)တန်ကို ကျင်နင်မှ တရုတ်နိုင်ငံဒေသအသီးသီးသို့ တင်ပို့ရောင်းချ လျက်ရှိပါသည်။ ယခုနှစ် မိုးရေနည်းပါးသည့်အတွက်ကြောင့် ယူနန်သဘာဝမှိုထွက်ရှိချိန်သည် ရက်ပေါင်း(၂၀)ကျော် နောက်ကျသည်။ ဇွန်လဒုတိယဆယ်ရက်ပတ်ကာလအတွင်း သဘာဝမှိုထွက် ဒေသတွင် မိုးရာသီဝင်ရောက်သည်နှင့်အမျှ သဘာဝမှိုဈေးနှုန်းမှာ တဖြည်းဖြည်း လျော့ကျလာသည်။ ကျင်နင်ကူရမ်ရပ်ကွက်တွင် အန်ကျူအိမ်ရာနှင့် ဟော်ရွှန်ပလာဇာရှိ သဘာဝမှိုဈေးတန်းတွင် စတင်ရောင်းချသုံးဆောင်နိုင်ရာ မြို့သူမြို့သားများအား များစွာ ဆွဲဆောင်နေပါသည်။

သဘာဝမှိုများ မြည်းစမ်းသုံးဆောင်နိုင်သည့်အပြင် ကျင်နင်ဟော်ရွှန်ပလာဇာရှိ သဘာဝမှိုဈေးတန်းတွင် စတင်ရောင်းချနေသည်။ ဆန်းတင့်ဝေဆာသော ပန်းမန်ပြပွဲကိုလည်း ကျင်းပရာ အလေးချိန် (၁.၅)တန်ရှိ နှင်းဆီပန်းဖြင့် ပန်းပင်လယ်ကြီးကို ဖန်တီးထားပါသည်။ သဘာဝမှိုစားကောင်းသောက်ဖွယ်ဈေးတန်းကို ဇူလိုင်လ(၁၅)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါသည်။

သတင်းထောက် -- Yao Danping