ယူနန်ပြည်နယ် ယွမ်မုပ်ခရိုင်တွင် မက်မွန်းသီး၊ မက်မန်းသီးပွဲတော်မှာ ၀မ်းမြောက်ဝမ်းသာစွာ အသီးများဆွတ်ခူး

2019-07-15 18:22:07 |သတင်းအရင်းအမြစ် 新华网

ယူနန်ပြည်နယ် ယွမ်မုပ်ခရိုင် ဆင်ဟွာကျေးရွာအုပ်စု ဆင်ဖျင်ကျေးရွာရှိ ရီလူမျိုးအမျိုးသမီးသည် သစ်သီးဥယျာဉ်ခြံတွင် မက်မွန်းသီးနှင့် မက်မန်းသီး ဆွတ်ခူးနေစဉ်။(ဓာတ်ပုံကိုဇူလိုင်လ ၁၃ ရက်နေ့တွင် ရိုက်ကူးသည်။)

ဇူလိုင်လ ၁၃ ရက်နေ့တွင် “မက်မွန်းသီးနှင့် မက်မန်းသီးပွဲတော်ကို ခံစား၊ သာယာလှပသော ဆင်ဟွာကျေးရွာအုပ်စုကို လည်ပတ်”ဟူသော အဓိကဆောင်ပုဒ်ဖြင့် ယူနန်ပြည်နယ် ယွမ်မုပ်ခရိုင် ဆင်ဟွာကျေးရွာအုပ်စု၏ ဒုတိယကြိမ်မြောက်မက်မွန်းသီးနှင့် မက်မန်းသီး ကျေးလက်ယဉ်ကျေးမှုခရီးသွားလာရေးပွဲတော်ကို ဆင်ဟွာကျေးရွာအုပ်စုတွင် ကျင်းပခဲ့ပါသည်။ ဒေသခံနှင့် ခရီးသည်များသည် သစ်သီးဥယျာဉ်ခြံထဲတွင် ၀မ်းမြောက်ဝမ်းသာစွာဖြင့် အသီးဆွတ်ခူး၍ တမူထူးခြားလှပသော မက်မွန်းသီးနှင့် မက်မန်းသီးကျေးလက်ယဉ်ကျေးမှု ခရီးသွားလာရေးပွဲတော်ကို အတူတကွပါဝင်ဆင်နွှဲကြပါသည်။

ဓာတ်ပုံကို ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ရန်ဇွန်းရုတ်က ရိုက်ကူးသည်။