တရုတ်ပြည်သည် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကို တစ်ဆင့်တိုး အားဖြည့် ဆောင်ရွက်

2019-07-19 18:29:17 |သတင်းအရင်းအမြစ်

မကြာခင်က တရုတ် အမျိုးသား ပညာမူပိုင်ခွင့်ရေးရာဌာနသည် ဟွာဝေး ကုမ္ပဏီ၏ ပညာမူပိုင်ခွင့်သစ် တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းပညာမူပိုင်ခွင့်သည် ”လကမ္ဘာကို ရိုက်ကူးသည့် နည်းလမ်းနှင့် အီလက်ထရွန်နစ် ပစ္စည်းကိရိယာ”ဟု ခေါ်ကြောင်း၊ ယခုလ ၁၇ ရက်နေ့က ကျင်းပခဲ့သော တရုတ် နိုင်ငံတော်ကောင်စီ အမြဲတမ်းကော်မတီ အစည်းအဝေးတွင် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်မှုကို တစ်ဆင့်တိုး အားဖြည့်ရန် အတွက် ဆောင်ရွက်ချက်များကို ကျင့်သုံးမည်ဟု ဆုံးဖြတ်ကြောင်း၊ တရုတ်ပြည်၏ ဆန်းသစ်တီထွင်မှုကို အရှိန်မြှင့်ဆောင်ရွက်နေသကဲသို့ ဆန်းသစ်တီထွင်မှုအတွက် အကြီးဆုံး တွန်းအားပေးမှု ဖြစ်သည့် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကိုလည်း ပိုပြီး အင်တိုက်အားတိုက် ဆောင်ရွက်နေကြောင်း China Media Group မှ သတင်းအရသိရသည်။

ယင်းကျင့်သုံးမည့် ဆောင်ရွက်ချက်သစ်များကို ကြည့်လျှင် တရုတ်ပြည်၏ နောက်တစ်ဆင့် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းတွင် အဓိကဆောင်ရွက်မှု ၄ခု ရှိကြောင်း၊ ပထမ အချက်က ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ တရားဥပဒေ ကျင့်သုံးမှုကို ဆက်တိုက် အားဖြည့်ပြုလုပ်ပြီး ဈေးကွက်တွင် ပါဝင် ဆောင်ရွက်သူ အားလုံး၏ တရားဝင် အခွင့်အရေးများကို တန်းတူညီမျှစွာ သဘောထားမည် ဖြစ်ကြောင်း၊ ဒုတိယ အချက်ကတော့ ပညာမူပိုင်ခွင့်ဥပဒေ၊ ရေးသားပြုစုချက်၏ ပညာမူပိုင်ခွင့်ဥပဒေနှင့် ကုန်ပစ္စည်း အမှတ်တံဆိပ် ဥပဒေများ ပြင်ဆင်ရေးကို တက်ကြွစွာ တွန်းအားပေးပြီး သက်ဆိုင်ရာ ဥပဒေများ ဖောက်ဖျက်လျှင် ဆုံးရှုံးမှုကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ တတိယ အချက်က သက်ဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တရုတ်ပြည်သည် ပညာမူပိုင်ခွင့် စစ်ဆေးရေး အရည်အသွေးနှင့် တွင်ကျယ်မှုကို ဆက်လက် တိုးမြှင့်မည် ဖြစ်ကြောင်း၊ စတုတ္ထအချက်ကတော့ ပြည်ပတွင် တရုတ် ကုမ္ပဏီများ၏ အခွင့်အရေး ရရှိခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းကို အဆင်ပြေစေရန် တရုတ်ပြည်သည် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့် ပြုလုပ်မည် ဖြစ်ကြောင်း China Media Group မှ သတင်းအရသိရသည်။

ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးသည် ဆန်းသစ်တီထွင်မှု ထိန်းသိမ်းကာကွယ်ရေးပင် ဖြစ်ကြောင်း၊ တရုတ်ပြည်၏ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်မှု အားဖြည့်ပြုလုပ်ခြင်းသည် ဆန်းသစ်တီထွင်ရေးဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေး မဟာဗျူဟာနှင့် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ဆောင်ခြင်း၏ လိုအပ်မှုဖြစ်ရုံသာမကဘဲ တရုတ်ပြည်၏ တံခါးဖွင့်မှု တိုးချဲ့ကျင့်သုံးရေး၏ လိုအပ်မှုလည်းဖြစ်ကြောင်း China Media Group က ရေးသားဖော်ပြသည်။