တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ပထမအကြိမ်အဖြစ် ပြည်တွင်းအဓိကခရီး သွားလာရေးကျေးရွာစာရင်းကို ယခုလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း၊ ၄င်းစာရင်းတွင် ပီကင်းမြို့ မိယွင်ရပ်ကွက်မှ ကျေးရွာ ၃၂၀ ခုပါဝင်ကြောင်း၊ ၄င်းစာရင်းကို ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် နှင့်အတူ ရွှေးချယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
ထိုနေ့က ပြည်လုံးဆိုင်ရာ ကျေးရွာခရီးသွားလာရေးလုပ်ငန်းအစည်းအဝေးကို စီချွမ်းပြည်နယ်၌ ကျင်းပရာတွင် ပြည်တွင်းအဓိခရီးသွားလာရေးကျေးရွာများအတွက် သီးသန့်ထောက်ပံ့မှုငွေကြေး ပေးမည်ဖြစ်ကြောင်း၊ တရုတ်လယ်ယာလုပ်ငန်းဘဏ်သည် လာမည့် ၅ နှစ်အတွင်းတွင် ပြည်တွင်းအဓိကခရီးသွားလာရေးကျေးရွာများကို တရုတ်ယွမ်ငွေ ဘီလီယံ ၁၀၀ ချေးငွေ ထုတ်ပေးမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။