ရှင်သန်နေဆဲ နှစ်ထောင်ကျော်ရှိ တာ့လီဂူရှိန်ကျေးရွာ

2019-08-05 18:16:45 |သတင်းအရင်းအမြစ် 云南网

ဂူရှိန်ကျေးရွာသည် တာ့လီအလ်ဟိုင်ကန်နံဘေး၌တည်ရှိသော သမိုင်းသက်တမ်းနှစ်ပေါင်း(၂၀၀၀)ကျော်ရှိ ပိုတိုင်းရင်းသားကျေးရွာတစ်ရွာ ဖြစ်ပါသည်။ ပြည်သူ့နေအိမ်မှာ ရှေးဟောင်းအိမ်များဖြစ်ပြီး လမ်းသန့်ရှင်းပါသည်။ စမ်းရေသည် ကျေးရွာပတ်ကာ စီးဆင်းနေပြီး သစ်ပင်များ စိမ်းလန်းစိုပြေသည်။ ဤကျေးရွာတွင် ရှေးဟောင်းတံတား၊ ရှေးဟောင်းဘုရားကျောင်း၊ သစ်ပင်၊ ရိုးရာပြဇာတ် စသည်တို့၏သမိုင်းရှည်လျားလှသည်။ နေရာအနှံ့ ဇာတိမြေ၏ ပုံရိပ်မှာ လွမ်းဆွတ်ဖွယ်ဖြစ်ပါသည်။

ယခုနှစ်ပိုင်း ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကျေးရွာနှင့် ရေကန်နံဘေး ပတ်ဝန်းကျင် ပိုမို ကောင်းမွန်လာပါသည်။ တောတောင် ပို၍ စိမ်းလန်းစိုပြေလာသကဲ့သို့ ကန်ရေလည်း ပို၍ ကြည်လင်လာပါသည်။ ကျေးရွာရှိလမ်းမှာလည်း ပို၍ သာယာလှပသည်။ ရှင်သန်နေဆဲဖြစ်သည့် ရှေးဟောင်းကျေးရွာ မှာ ခရီးသည်များစွာအား ဆွဲဆောင်လျက်ရှိနေသည်။ ၂၀၁၅ ခုနှစ်တွင် တတိယအသုတ် နိုင်ငံတော်အဆင့် တိုင်းရင်းသားကျေးရွာအဖြစ် ချီးမြှင့်ခံရသည်။ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ သာယာလှပသော ကျေးရွာ(၁၀၀) စာရင်းတွင် ထည့်သွင်းခံရပါသည်။ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ ပဉ္စမအကြိမ်မြောက် ယဉ်ကျေးမှုကျေးရွာအဖြစ် ချီးမြှင့်ခံရပါသည်။

သတင်းထောက်--Zhang Tong