ယဉ်ကျေးမှုထုတ်ကုန်ပစ္စည်းများသည် ၁၉၉၀ ခုနှစ်နောက်ပိုင်းမွေးဖွားသောလူငယ်များအကြား ရေပန်းစားလျက်ရှိ

2019-08-27 18:45:22 |သတင်းအရင်းအမြစ် 人民网

ယခုရက်ပိုင်း ပထမဦးဆုံးအကြိမ် Tmall ယဉ်ကျေးမှုထုတ်ကုန်ပစ္စည်းပြပွဲကို ပေကျင်းမြို့တွင် ကျင်းပ နေပြီး ပြတိုက်နှင့် ယဉ်ကျေးမှုအဖွဲ့အစည်းများစွာမှ ပြသသောယဉ်ကျေးမှုထုတ်ကုန်ပစ္စည်းများသည် ခရီးသည်များအား ဆွဲဆောင်လျက်ရှိသည်။ ချင်းဟွာတက္ကသိုလ်ယဉ်ကျေးမှုစီးပွားရေးသုတေသနဌာန နှင့် Tmall တို့ အတူတကွ ထုတ်ပြန်ကြေညာသည့်“ယဉ်ကျေးမှုထုတ်ကုန်ပစ္စည်း စားသုံးသူခေတ် ရေစီးကြောင်းအစီရင်ခံစာ”အရ ယခုနှစ်ပိုင်းကာလတွင် ပြတိုက်နှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ၏ ယဉ်ကျေးမှုထုတ်ကုန်ပစ္စည်းများသည် ဈေးကွက်၌ ရောင်းအားကောင်းနေပြီး ပြတိုက်နှင့်လူငယ်များ အကြား ချိတ်ဆက်ထားသည့် “ကြိုးသစ်”တစ်ချောင်းဖြစ်လာပါသည်။

အဆိုပါအစီရင်ခံစာအရ ယခုနှစ်ပိုင်းတွင် အွန်လိုင်းစီးပွားရေးပလက်ဖောင်းမှ ရောင်းချထားသည့် ယဉ်ကျေးမှုထုတ်ကုန်ပစ္စည်းများသည် အရှိန်အဟုန်ဖြင့် တိုးများနေပြီး Taobao ၊ Tmall ကွန်ရက်၏ ၂၀၁၉ ခုနှစ် ရောင်းနှုန်းပမာဏသည် ၂၀၁၇ ခုနှစ်ထက် (၃)ဆ တိုးတက်လာသည်။ လွန်ခဲ့သောနှစ်တွင် Taobao နှင့် Tmall အွန်လိုင်းအရောင်းဆိုင်သို့ ဝင်ရောက်ကြည့်ရှုသူဦးရေသည် (၁.၆)ဘီလီယံကို ရောက်ရှိပြီး ၎င်းအနက် သန်း(၁၀၀)သည် ၁၉၉၀ ခုနှစ်နောက်ပိုင်းမွေးဖွားသောလူငယ်များဖြစ်သည်။ အွန်လိုင်းပေါ်တွင် ယဉ်ကျေးမှုထုတ်ကုန်ပစ္စည်းများဝယ်ယူခြင်းသည် လူငယ်များအတွက် စားသုံးသူ လမ်းကြောင်းသစ်ဖြစ်နေသည်ဟု ကိန်းဂဏန်းများမှ ဖော်ပြနေသည်။

ယဉ်ကျေးမှုထုတ်ကုန်ပစ္စည်းဖန်တီးထုတ်လုပ်သောလုပ်ငန်းစဉ်များတွင် Big Data ၊ virtual reality နှင့် 3Dပုံနှိပ်ထုတ်ဝေခြင်းပညာများကိုကျယ်ပြန့်စွာ အသုံးပြုပြီး အောင်မြင်ရန်ခက်ခဲသောပြတိုက်နှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းများအတွက် အကျိုးသက်ရောက်မှုများစွာရှိနေပါသည်။ အနာဂတ်တွင် ပြတိုက်ယဉ်ကျေးမှုထုတ်ကုန်ဈေးကွက်သည် စီးပွားရေးအကျိုးပိုမိုရရှိနိုင်သော၊ ယဉ်ကျေးမှုအနှစ်သာရ ပိုမိုပါရှိနိုင်သော၊ ပိုမိုပြည့်စုံသောထုတ်လုပ်ရေးလမ်းကြောင်းများသည် ပိုမိုအားကောင်း၊ ပိုမိုကောင်းမွန် လာမည်ဖြစ်သည်။

သတင်းအရင်းအမြစ်၊ ယူနန်ကွန်ရက်မှ ကောက်နုတ်တင်ပြထားသည်။
ဘာသာပြန်၊ Yunnan Gateway.
ပုံ၊ online photos.

ကုကုန်းပြတိုက်မှ ယဉ်ကျေးမှုထုတ်ကုန်ပစ္စည်းများ