နင်လ်နတ်ခဲလီကျေးရွာ။ ။ ဇာတိလွမ်းဆွတ်မှုကို ဖြစ်ပေါ်စေသော သာယာလှပသည့်နင်လ်နတ်ခဲလီကျေးရွာ

2019-09-04 17:38:10 |သတင်းအရင်းအမြစ် 云南日报

နင်လ်ဟားနီလူမျိုး၊ ရီလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ထွန်ရှင်းမြို့နယ် နတ်ခဲလီကျေးရွာသည် ချာမာရှေးလမ်းမကြီး(ရှေးခေတ်တွင် မြင်းအုပ်ဖြင့် ကုန်စည်များတင်ပို့သည့် ကုန်သွယ်ရေးလမ်းကြောင်း)ယဉ်ကျေးမှု၊ မြင်းအုပ်ယဉ်ကျေးမှု၊ လူမျိုးစုယဉ်ကျေးမှုများဖြင့် ထူးခြားသော အင်္ဂါရပ်များကို ဖန်တီးလုပ်ဆောင်ပြီး ဇီဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုကို အမွေဆက်ခံလွှဲအပ်ခြင်း၊ ကျေးလက်ဂေဟစနစ်အပန်းဖြေခရီးသွားလုပ်ငန်းကို အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်စေခြင်းမှတဆင့် “ဇာတိလွမ်းဆွတ်မှုကို ဖြစ်ပေါ်စေ”ဟူသော လှပသာယာသော ကျေးလက်ခရီးသွားအမှတ်တံဆိပ်ကို တည်ထောင်ထားသည်။ ယခုအချိန်တွင် နတ်ခဲလီကျေးရွာသည် တရုတ်နိုင်ငံရှိ ရိုးရာကျေးရွာများစာရင်းတွင် ပါဝင်ပြီး တရုတ်နိုင်ငံရှိ အလှပဆုံးအပန်းဖြေကျေးရွာတစ်ရွာဟု ချီးကျူးခံရသည်။ ထူးခြားသော ကျေးလက်ခရီးသွားလုပ်ငန်းသည် တစ်နှစ်အတွင်းတွင် တရုတ်ယွမ်ငွေ သိန်း ၄၀၀ ကို ရရှိစေနိုင်ပြီး ယူနန်ပြည်နယ်ရှိ သာယာလှပသော ကျေးရွာနှင့် ခရီးသွားလုပ်ငန်းပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု စံနမူနာဖြစ်လာပါသည်။

သတင်းနှင့်ဓာတ်ပုံ ။ ။ သတင်းထောက် ရန်ကျိမ်း (ယူနန်နေ့စဉ်သတင်းစာ)