ယူနန် လော်ဖျင်--ဂျူလွန်မြစ်ကမ်းရှိဇီဝဆန်စပါးအထွက်များပြီး လယ်သမားများဝင်ငွေတိုးလာ

2019-09-10 19:08:58 |သတင်းအရင်းအမြစ် 云南网

ဆန်စပါးခင်းမှာ သင်းရနံ့မွှေးကြိုင်နေသည်။ ယနှစ် ဆန်စပါးရိတ်သိမ်းချိန်ကျရောက်နေပြီဖြစ်ပြီး လော်ဖျင်ခရိုင် ဂျူလွန်မြစ်ကမ်းတွင် ရွှေရောင်တောက်ပနေသော ဆန်စပါးများသည် ပြာလဲ့လဲ့ကောင်းကင်အောက်တွင် လေနှင့်အတူ ယိမ်းနွဲ့နေသည်။ ဒေသခံများသည် ရာသီဥတုကောင်းသောကြောင့် ဆန်စပါးကို သွက်သွက်လက်လက် ရိတ်သိမ်းနေကြပါသည်။

ဂျူလွန်မြစ်ကမ်းရှိ အားရဲကျေးရွာကော်မတီသည် မိမိတို့၏ အားသာချက်ကို အခြေခံပြီး ဆင်းရဲမွဲတေမှုလျှော့ချရေးအဖွဲ့၏ အကူအညီဖြင့် စုပေါင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် သီးသန့်လယ်ယာစိုက်ပျိုးရေးသမ၀ါယမကို တည်ထောင်ထားပါသည်။ ဂျူလွန်မြစ်ကမ်းရှိ လယ်မြေတရုတ်ဧက ၄၀ တွင် ဇီဝဆန်စပါးကို စိုက်ပျိုးထားပြီး ဆင်းရဲသော အိမ်ထောင်စုများကို ၀င်ငွေတိုးလာစေပါသည်။

“နောက်ထပ်ခြေတစ်လှမ်းက ကျွန်တော်တို့ သမ၀ါယမကနေ ဇီဝဆန်စပါးစိုက်ခင်းကို တိုးချဲ့မယ်။ ပိုများတဲ့ ရွာသူရွာသားအတွက် ၀င်ငွေများများရအောင် ကြိုးစားရမယ်။”ဟု အားရဲကျေးရွာကော်မတီတာဝန်ခံ ကျူးဝင်ချန့်က ပြောသည်။ ယနှစ်စိုက်ပျိုးထားသော လယ်မြေတရုတ်ဧက ၄၀ ရှိ ဆန်စပါးများရိတ်သိမ်းချိန်ကျရောက်နေပြီဖြစ်ရာ ယနေ့တွင် ကျွန်တော်တို့သည် ရိတ်သိမ်းစက်ဖြင့် ရိတ်သိမ်းခြင်းဖြင့် စားသုံးသူအတွက် “လတ်ကျွမ်းဘတ်ဇီ”ထွက်သော အစိမ်းရောင်ဇီဝဆန်စပါးကို မြန်မြန်ရရှိရန် ကြိုးစားနေသည်ဟုသူက ဆက်ပြောသည်။

ဓာတ်ပုံနှင့် သတင်း -လျူကျင်ဝေး၊လူယွန်(ယူနန်ကွန်ရက်)