တရုတ် နိုင်င်ငံ အမျိုးသားနေ့ အားလပ်ရက် ခုနစ်ရက် အတွင်း ပြည်တွင်း ခရီးစဉ် စုစုပေါင်း ၇၈၂ သန်း သွားလာခဲ့ရာ ပြီးခဲ့သည့်နစ်ကထက် ၇ ဒသမ ၈၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ အားလပ်ရက် အောက်ဆိုဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့ အတွင်း ခရီးသွားလုပ်ငန်းမှာ ဝင်ငွေ ယွမ် ၆၅၀ ဘီလီယံ နီးပါး(အမေရိကန် ဒေါ်လာ ၉၀ ဒသမ ၉၄ ဘီလီယံခန့်) ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၈ ဒသမ ၄၇ ရာခိုင်နှုန်း မြင့်တက် လာကြောင်း ဝန်ကြီးဌာနမှ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ လာရောက် လည်ပတ် ကြည့်ရြှုကသည့် ပြည်တွင်း ခရီးသွားများမှာ အထူးပင် များပြားခဲ့ပြီး ထိုကာလ အတွင်း ပြည်တွင်း ခရီးသွား အားလုံး၏ ၇၈ ဒသမ ၈၄ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရသည်။
ယဉ်ကျေးမှုနှင့် သမိုင်းရေးရာ ရည်ရွယ်ချက်များဖြင့် ခရီးသွားကြသူများက ၆၆ ဒသမ ၄ ရာခိုင်နှုန်းခန့်လည်ပတ်မှုရှိပြီး ညဘက်လည်ပတ်သွားလာမှုမှာ ၄၄ ဒသမ ၉၆ ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသားများသည် အားလပ်ရက်ကာလ အတွင်း ပြည်ပ အလည်အပတ် ခရီးစဉ် ၇ သန်းကျော်ကို သွားလာမှုရှိခဲ့ကြောင်း ၀န်ကြီးဌာနထံမှ သိရသည်။