စတုတ္ထအကြိမ်တရုတ်-ပြင်သစ်ယဉ်ကျေးမှုဖိုရမ်ကို ပြင်သစ်နိုင်ငံ နီစ်မြို့တွင် ဖွင့်လှစ်

2019-10-09 16:16:52 |သတင်းအရင်းအမြစ် CRI

ဒေသစံတော်ချိန် အောက်တိုဘာလ ၇ ရက်နေ့က “Belt and Road-ယဉ်ကျေးမှုဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ပြီး အတူအောင်မြင်မှု ရရှိရေး”ဟူသော ဆောင်ပုဒ်ဖြင့် စတုတ္ထအကြိမ်တရုတ်-ပြင်သစ်ယဉ်ကျေးမှုဖိုရမ်ကို ပြင်သစ်နိုင်ငံ နီစ်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်နှင့် ပြင်သစ်နှစ်နိုင်ငံ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ် ၃၀၀ ကျော်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်းအရသိရပါသည်။