ပီကင်းနိုင်ငံတကာဥယျာဉ်ပြပွဲတွင် ယူနန်ဥယျာဉ်နှင့်ပြခန်းမှ ရွှေတံဆိပ်ဆုများရရှိ

2019-10-10 17:48:00 |သတင်းအရင်းအမြစ် 云南日报

ပီကင်းနိုင်ငံတကာဥယျာဉ်ပြပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို၂၀၁၉ ခုနှစ်အောက်တိုဘာလ ၈ ရက်နေ့က ကျင်းပခဲ့ရာ ယူနန်ဥယျာဉ်၊ ယူနန်ပြခန်းတို့သည် ပီကင်းနိုင်ငံတကာဥယျာဉ်ပြပွဲကော်မတီမှ ရွှေတံဆိပ်ဆုချီးမြှင့်ခံရကြောင်း ယူနန်နေ့စဉ်သတင်းစာမှ သတင်းအရသိရပါသည်။ ယခုတစ်ကြိမ် ပြိုင်ပွဲ ၄ ခုတွင် ယူနန်ပြည်နယ်သည် ဆုပေါင်း ၉၁ ခုချီးမြှင့်ခံခဲ့ရပြီး အထူးဆု ၁၀ ခု၊ ရွှေတံဆိပ်ဆု ၁၇ ခု၊ ငွေတံဆိပ်ဆု၂၅ ခု၊ ကြေးတံဆိပ်ဆု ၃၉ ခုချီးမြှင့်ခံခဲ့ရကြောင်း သတင်းအရသိရပါသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် ကျင်းပပြီးစီးသွားသော၂၀၁၉ ခုနှစ်ပီကင်းနိုင်ငံတကာဥယျာဉ်ပြပွဲသည် A1 အဆင့်နိုင်ငံတကာဥယျာဉ်ပြပွဲဖြစ်ပြီး နိုင်ငံတကာပြိုင်ဆိုင်မှုသည် ပြပွဲ၏အရေးပါသော အစိတ်အပိုင်းဖြစ်ကာ နိုင်ငံတကာဥယျာဉ်အဖွဲ့အစည်းနှင့် တစ်ဦးချင်းအတွက် ဥယျာဉ်နည်းပညာပြသနိုင်သည့်အပြင် ဥယျာဉ်ယဉ်ကျေးမှုဖလှယ်ရန်အတွက်လည်း အရေးကြီးသော စင်မြင့်တစ်ခုဖြစ်ပါသည်။ ယူနန်ပြည်နယ်သည် ၂၀၁၉ ခုနှစ်ပီကင်းနိုင်ငံတကာဥယျာဉ်ပြပွဲတွင် အံ့သြဖွယ်ကောင်းအောင် အောင်မြင်စွာပါဝင်ပြသနိုင်ခဲ့ပြီး ကြိုးပမ်းအားထုတ်တည်ထောင်နေသော“အစိမ်းရောင်စွမ်းအင်”၊“အစိမ်းရောင်အစားအစာ”၊“ကျန်းမာလှပသောလူနေမှုနေရာ”ဟူသော အမှတ်တံဆိပ် ၃ ခုကို ပြည့်ပြည့်စုံစုံပြသနိုင်ခဲ့သည်။

ယူနန်ဥယျာဉ်သည် ဒေသထူးခြားမှုများစွာဖြင့် ပြင်ဆင်ကာ သဘာဝကျသော ရုက္ခပင်ဥယျာဉ်ကို လည်ပတ်ကြည့်ရှုသူအတွက် ဖော်ပြပေးထားသည်။ ဥယျာဉ်အတွင်းတွင် ရုက္ခပင်အမျိုးပေါင်း ၁၄၅ မျိုးပါရှိပြီး ယူနန်ပြည်နယ်၏ ထူးခြားရှားပါးသော မျိုးကွဲ ၁၇ မျိုးကိုလည်း ပြသထားပြီး နိုင်ငံတကာတွင် နာမည်ကျော်ကြားသော“ပန်း ၈ မျိုး”နှင့် စီးပွားရေးဥယျာဉ်စိုက်ပျိုးခြင်းအပင်ကိုလည်း ပြသထားသည်။

ယူနန်ပြခန်းဧရိယာတွင် ယူနန်လက်မှုပစ္စည်းအမျိုးမျိုး၊ လက်ဖက်၊ လယ်ယာထွက်ကုန်၊ ဒေသထွက်ထူးခြားအစားအစာများဖြင့် လည်ပတ်ကြည့်ရှုသူတို့ကို ဆွဲဆောင်နေသည်။ ပြသဇုန်တွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ မျိုးစိတ် ၃၄၈ မျိုးပါရှိသော တောရိုင်းသတ္တ၀ါအရင်းအမြစ်ကို ပြသထားပြီး ယူနန်မှ လာရောက်သောအပင်မျိုးစေ့များသည် တီထွင်ဖန်တီးမှုပါဝင်သော သဘောတရားဖြင့် ဥယျာဉ်ပညာကို ပြသသည့်အပြင် အခြားသော သတ္တ၀ါများကို ကာကွယ်ရန် တိုက်တွန်းထားသည်။ အမြင့် ၄ မီတာခန့်ရှိသော ဥဒေါင်းပုံသည် လှည့်ပတ်ကြည်ရှုသူများအတွက် တော်တော်ရေပန်းစားလှပါသည်။ အဆိုပါ“ဥဒေါင်း”ကိုယ်ခန္ဓာ ပေါ်တွင် ယူနန်ပြည်နယ်မှ ပန်းမျိုးတစ်ဒါဇင်ကျော်ရှိပြီး အပွင့် ၃၀၀၀ ကျော်ပါဝင်သောကြောင့် ကြည့်ရှုသူများမှ ထပ်ခါတလဲလဲချီးမွမ်းကြသည်။

ယခုတစ်ကြိမ်ပါဝင်ပြသမှုသည် ယူနန်ပြည်နယ်သစ်တောလုပ်ငန်းနှင့် မြက်ခင်းလွင်ပြင်စီမံခန့်ခွဲရေးဌာနမှ တာဝန်ယူလုပ်ဆောင်ခြင်းဖြစ်ပြီး ယူနန်ဥယျာဉ်ဆိုင်ရာလည်ပတ်ခြင်း၊ ယူနန်ပြသဇုန်ဆိုင်ရာဒီဇိုင်းလုပ်ဆောင်ခြင်း၊ တည်ဆောက်ခြင်းများလုပ်ဆောင်ရာတွင် Yunnan Daily Cultural Investment and Development Company ကလည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

သတင်းထောက်။ ။ တွမ့်ရိ(ယူနန်နေ့စဉ်သတင်းစာ)