လျိရွှေမြစ် အပူပိုင်းမိုးသစ်တောနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအလှကို ရှုစား

2019-10-16 18:23:57 |သတင်းအရင်းအမြစ် 云南日报

ယူနန်ဟွာတျန့် လျိရွှေမြစ် လျှပ်စစ်ဓာတ်အားပေးစက်ရုံ (လျိရွှေမြစ် ရေအားလျှပ်စစ်ဓာတ်အားစက်ရုံ)သည် ကျင်းဖျန်ခရိုင်၊ ဖျန်ဘျန်းခရိုင်၊ ဟယ်ခုပ်ခရိုင်နှင့် မွန်စစ်မြို့၊ ကဲ့ကျုပ်မြို့ စသော“၃ ခရိုင်နှင့် ၂ မြို့” ဆုံရာဒေသရှိ မန်ဟောင့်မြို့နယ်တွင် တည်ရှိပါသည်။ တရုတ်နိုင်ငံတွင် ကိုယ်တိုင်ဒီဇိုင်းပြုလုပ်တပ်ဆင်တည်ဆောက်လည်ပတ်သော ရေးအားလျှပ်စစ်စက်ရုံဖြစ်ပါသည်။ ၁၉၅၈ ခုနှစ်မှ စတင်ဖွဲ့စည်းတည်ဆောက်၍ ထုတ်လုပ်မှုပမာဏသည် ၅၇.၅ မဂ္ဂ၀ပ်ဖြင့် အဆင့် ၂ ဆင့်ခွဲတည်ဆောက်ရာ ၁၉၇၆ ခုနှစ် အောက်တိုဘာလတွင် စတင်လည်ပတ်ဆောင်ရွက်ပါသည်။ ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် လျိရွှေမြစ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ထုတ်လုပ်မှုပမာဏသည် ၈၃ မဂ္ဂ၀ပ်သို့ ရောက်ရှိလာသည်။

ယခုအခါတွင် လျိရွှေမြစ် ခရီးသွားကုမ္ပဏီသည် လျိရွှေမြစ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အပူပိုင်းမိုးသစ်တောကို ပေါင်းစပ်၍ ခရီးသွားဝန်ဆောင်မှုကို ဆောင်ရွက်နေပြီး ခရီးသည်များ၏ ဂုဏ်ပြုခြင်းကို များစွာခံခဲ့ရပါသည်။ သာယာလှပသော လျိရွှေမြစ်သည် ပိုမိုများပြားလာသော ခရီးသည်များအား လာရောက်လည်ပတ်ရန်နှင့် တန်ဖိုးထားရန် မျှော်လင့်နေပါသည်။

သတင်းပေးပို့သူ ။ ။ချိုင်ကျွင့်ဖုန်း၊ ဖူကွန်း(ယူနန်နေ့စဉ်သတင်းစာ)