နေ လောင်ဒဏ်ခံ“လူသားကလေးဘ၀”-- ခေတ်သစ်ရှိ “တိုက်ရောက်လူမျိုးစု” ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှတ်တမ်း

2019-10-16 18:42:23 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနယ်စပ်ဒေသ ယူနန်ပြည်နယ် ရှီးမွန်ခရိုင်လမ်းမရှိဆိုင်းဘုတ်တစ်ခုသည် စိတ်ဝင်စားဖွယ်ကောင်းလှသည်--“လူသားကလေးဘ၀၊ ရှီးမွန်ဝါလူမျိုးစုက လူကြီးမင်းကို လှိုက်လှိုက်လှဲုလှဲု ကြိုဆိုပါသည်”။

တရုတ်ပြည်သစ် စတင်တည်ထောင်ချိန်တွင် ၀ါလူမျိုး အပါအ၀င်နယ်စပ်ဒေသရှိလူနည်းစု တိုင်းရင်းသားလူမျိုးစုများသည် သမိုင်းဦးခေတ်ကာလကကဲ့သို့ နေထိုင်ကြပြီး လူသားတို့၏ ငယ်စဉ်ကလေးဘ၀ သဘာဝအတိုင်းနေထိုင်ကြသည်။ ထို့ကြောင့် “လူသားကလေးဘ၀”ဟု ဥပမာပေး တင်စားခေါ်ဝေါ်ကြသည်။

၁၉၅၄ ခုနှစ်နောက်ပိုင်းတွင် တရုတ်ပြည်သစ်သည် အဆိုပါလူမျိုးစုများအတွက် လူတန်းစားမခွဲခြားသော၊ လယ်ယာမြေပြုပြင်ပြောင်းလဲရေးမလုပ်သော နည်းလမ်းဖြင့် ဆိုရှယ်လစ်ဘ၀သို့ တိုက်ရိုက်ရောက်ရှိလာစေသည်။ ထို့ကြောင့် “တိုက်ရိုက်ရောက်လူမျိုးစု”ဟု ခေါ်သည်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းဆောင်ရွက်ရာတွင် “တိုက်ရိုက်ရောက်လူမျိုးစု”သည် “ကိုင်တွယ်ရ အခက်ဆုံး အစိတ်အပိုင်း”တစ်ခု ဖြစ်ပါသည်။

ကောင်းလီကွန့်တောင်ကို ဖြတ်သန်းနေသော တူလွန်မြစ် အဝေးပြေးကားလမ်းသည် တူလွန်မြစ်ကျေးရွာအုပ်စုအတွက် ဆီးနှင်းကြောင့် လမ်းပိတ်ခဲ့ရသော အခက်အခဲမှ လွတ်မြောက်လာပြီး ခေတ်သစ်ဖွံ့ဖြိုးရေးလမ်းကြောင်းသို့ ရောက်ရှိလာသည်။(စက်တင်ဘာလ ၁ ရက်နေ့က မောင်းသူမဲ့ယာဉ်ဖြင့် ရိုက်ကူးသည်)။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ကျန်းဝမ်ယောက်က ရိုက်ကူးသည်။

ခေတ်သစ်၏ နေရောင်သည် တောင်ကြီးချိုင့်ဝှမ်းတွင် ဖြာကျနေသည်။ တရုတ်ကွန်မြူနစ်ပါတီမှ တိကျမှန်ကန်သော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးပေါ်လစီသည် “တိုက်ရိုက်ရောက်လူမျိုးစု”များကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေပြီး ခေတ်သစ်ယဉ်ကျေးမှုနှင့် ပေါင်းစည်းရန် တွန်းအားပေးသည်။

၂၀၁၈ ခုနှစ်တွင် တူလွန်လူမျိုး၊ ဂျီနော့လူမျိုး၊ တအောင်လူမျိုး စသည့်“တိုက်ရိုက်ရောက်လူမျိုးစု” ၃ မျိုးသည် “တစ်မိသားစုလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်”ရန် ဖော်ဆောင်လာသည်။ အခြားသော “တိုက်ရိုက်ရောက်လူမျိုးစု”များသည်လည်း ယခုနှစ် သို့မဟုတ် လာမည့်နှစ်အတွင်းတွင် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန် နှစ်ထောင်ချီအိပ်မက်ကို ဖော်ဆောင်မည်ဖြစ်သည်။

နှစ်ထောင်ချီခုန်ကျော်၍ သမိုင်းတွင် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာ

သမိုင်းဦးအစက ဆင်းရဲနွမ်းပါးသော ဘ၀သည် ကျွန်တော်တို့နှင့် သိပ်မဝေးလှ။

အသက် ၇၅ နှစ်အရွယ်ရှိ တူလွန်လူကြီး လီဝမ်ရှိ မွေးဖွားချိန်တွင် ကျောက်ပုဆိန်၊ ကျောက်ကြိတ်ဆုံစသည့် ကျောက်ကိရိယာတို့အား တူလွန်လူမျိုးတို့ အသုံးများပြီးအချို့သော တူလွန်မွေးချင်းပေါက်ဖော်တို့သည် လှိုဏ်ဂူတွင် နေထိုင်ကြသေးသည်။

သူမ၏ မှတ်ဉာဏ်ထဲတွင် ဆင်းရဲနွမ်းပါးမှုအရသာက မမေ့နိုင်သော ငတ်မွတ်ခေါင်းပါးခြင်းနှင့် အေးစက်ခြင်းကို ဖြစ်ပါသည်။ မိသားစုက စိုက်ပျိုးသော စားနပ်ရိက္ခာများသည် နှစ်ဝက်လောက်သာ လုံလောက်သည်။ ရွာသူရွာသားများသည် အစားအစာမလုံမလောက်ခြင်းကြောင့် တောသီး၊ တောနှင်းပန်းကို ရှာစားကြရသည်။

ယူနန်ပြည်နယ် ကွန်တောင် တူလွန်လူမျိုး နို့လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် တူလွန်မြစ်ကျေးရွာအုပ်စုရှိ တူလွန်အမျိုးသမီး လီဝမ်ရှိ(ဘယ်ဘက် ဒုတိယ)သည် မြေးနှင့်အတူ ကျေးရွာတွင် လမ်လျှောက်နေသည်။(စက်တင်ဘာလ ၁ ရက်နေ့မှာ မောင်းသူမဲ့ယာဉ်ဖြင့် ရိုက်ကူးသည်)။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ကျန်းဝမ်ယောက်က ရိုက်ကူးသည်။

အခက်ဆုံးအချိန်ကာလက ကြာရှည်လှသော ဆောင်းရာသီဖြစ်ပါသည်။ ဂွမ်းစောင်မရှိ၊ အင်္ကျီနည်းပါးသောကြောင့် အအေးဒဏ်ခုခံရန် မီးလှုံမြေတွင်းသာ ရှိပါသည်။ “ညပိုင်း မီးလှုံမြေတွင်းဘေးမှာ အိပ်သွားပေမဲ့ ညနက်ပိုင်းမှာတော့ အေးပြီး နှိုးလာသည်။”

ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံရှိ “တိုက်ရိုက်ရောက်လူမျိုးစု”များ အဓိက နေထိုင်နေရာဖြစ်ပြီး ဂျင်းဖောလူမျိုး၊ တအောင်လူမျိုး၊ ဂျီနော့လူမျိုး၊ ပလောင်လူမျိုး၊ လီဆူလူမျိုး၊ တူလွန်လူမျိုး၊ နို့လူမျိုးများ ရှိသည်။

တရုတ်ပြည်သစ်တည်ထောင်ပြီးနောက် “တိုက်ရိုက်ရောက်လူမျိုးစု”များသည်လည်း ဖွံ့ဖြိုးတိုးတက်လာသည်။ သို့သော် မတူကွဲပြားသော အကြောင်းအရင်းများကြောင့် ဆင်းရဲနွမ်းပါးမှုရှိနေသေးသည်။ မှန်ကန်တိကျစွာ လေ့လာခြင်းဖြင့် ယူနန်ပြည်နယ်ရှိ “တိုက်ရိုက်ရောက်လူမျိုးစု” ၉ မျိုး၊ လူဦးရေ ၁၉.၁ သိန်းတွင် ဆင်းရဲနွမ်းပါးသူသည် ဦးရေ ၇.၃ သိန်းရှိပြီး ဆင်းရဲမှုနှုန်းမှာ ၃၈.၂% ဖြစ်သည်။

ခေတ်သစ်ရောက်ရှိလာပြီးနောက်မကြုံစဖူးသော အကူအညီများဖြင့် “တိုက်ရိုက်ရောက်လူမျိုးစု”များသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာကြသည်။

ပိတ်ဆို့ထားခြင်းမှ တံခါးဖွင့်ခြင်းသို့ ရောက်ရှိပြီး “တိုက်ရိုက်ရောက်လူမျိုးစု”များနေထိုင်ရာနေရာသည် တစ်နေ့တခြား ပြောင်းလဲလှပလာသည်။

ကောင်းလီကွန့်တောင်ကို ဖြတ်သန်းနေသော တူလွန်မြစ် အဝေးပြေးကားလမ်းသည် တူလွန်မြစ်ကျေးရွာအုပ်စုအတွက် ဆီးနှင်းကြောင့် လမ်းပိတ်ခဲ့ရသော အခက်အခဲမှ လွတ်မြောက်လာပြီး ခေတ်သစ်ဖွံ့ဖြိုးရေးလမ်းကြောင်းသို့ ရောက်ရှိလာသည်။(စက်တင်ဘာလ ၁ ရက်နေ့မှာ မောင်းသူမဲ့ယာဉ်ဖြင့် ရိုက်ကူးသည်)။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ကျန်းဝမ်ယောက်က ရိုက်ကူးသည်။

တူလွန်လူမျိုးများ စုဝေးနေထိုင်ကြသော ကွန်ရှမ်းခရိုင် တူလွန်မြစ်ကျေးရွာအုပ်စုသည် တစ်ချိန်က ကမ္ဘာနှင့်အလှမ်းဝေးကာ အထီးကျန်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် တူလွန်မြစ်ကျေးရွာအုပ်စုသည် ကားလမ်းကြမ်းကို တည်ဆောက်သော်လည်း နှစ်ဝက်ကာလမှာမိုးသည်းထန်ခြင်းနှင့် ဆီးနှင်းကြောင့် လမ်းပိတ်နေသည်။“ဆီးနှင်းကြောင့် လမ်းပိတ်ခဲ့ရာ ဘ၀နေထိုင်မှုအလွန်ခက်ခဲလှပြီး နှစ်ဝက်ကာလတိုင် ဟင်းသီးဟင်းရွက်များရရှိစားသောက်ရန်ပင် ခက်ခဲလှပါတယ်။”ဟု တူလွန်မြစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခွန်ယွိချိုင်က သူ၏မှတ်ဉာဏ်တွင် စွဲထင်မှတ်မိနေသည်ကို ပြောပြသည်။

၂၀၁၄ ခုနှစ် ဧပြီလတွင်ကောင်းလီကွန့်တောင်ကို ဖြတ်ကျော်သည့် တူလွန်မြစ်အဝေးပြေးကားလမ်းဥမင်လှိုဏ်ခေါင်း ဖောက်လုပ်ပြီးစီးရာတူလွန်မြစ်ကျေးရွာအုပ်စုသည် ဆီးနှင်းကြောင့်လမ်းပိတ်ခြင်းမှ လွတ်မြောက်လာပြီး ခေတ်သစ်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းသို့ ရောက်ရှိလာသည်။

သက်ကယ်အိမ်မှ အစိုးရစီစဉ်တည်ဆောက်သည့်အိမ်အထိ “တိုက်ရိုက်ရောက်လူမျိုးစု”များ၏ နေထိုင်မှုအခြေအနေသည် သိသိသာသာကောင်းမွန်လာပါသည်။

ယူနန်ပြည်နယ် ရှီးမွန်ဝါလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်မြို့သစ်ကို တွေ့ရစဉ်။(ဇွန်လ ၁၇ ရက်နေ့တွင် မောင်းသူမဲ့ယာဉ်ဖြင့် ရိုက်ကူးသည်)။ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဟူချောင်းက ရိုက်ကူးသည်။

“အရင်တုန်းက ရွာကအိမ်တွေဟာ သက်ကယ်အိမ်တွေ ဖြစ်ပါတယ်။”ဟု ရှီးမွန်ခရိုင် ဘန်းချယ်ကျေးရွာ အသက် ၄၄ နှစ်ရှိ ၀ါလူမျိုးရွာသား အိုင်သုံးက ပြန်ပြောင်းအောက်မေ့ကာ ပြောကြားသည်။ သက်ကယ်အိမ်များသည် မီးလောင်မည်ကို အကြောက်ဆုံးဖြစ်ပြီး သူ၏ အသက် ၇ နှစ်အရွယ်က တစ်ရွာလုံးရှိ သက်ကယ်အိမ်များ မီးလောင်ပြာကျခဲ့ဖူးသည်။

ငယ်စဉ်ကတည်းက လေဒဏ်မိုးဒဏ်ခံနိုင်တဲ့အိမ်မှာ နေထိုင်ဖို့မျှော်လင့်ခဲ့ပြီး လူလတ်ပိုင်းအရွယ်တွင် အိုင်သုံး၏အဆိုပါမျှော်လင့်ချက် ပြည့်စုံလာပါသည်။ ၂၀၁၅ ခုနှစ်တွင်အစိုးရ၏ ထောက်ပံ့မှုဖြင့် နှစ်ထပ်နေအိမ်ကို တည်ဆောက်ပြီး မိသားစု ၃ ယောက်သည်လည်း အိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်ကြသည်။

“စီးပွားရေးလုပ်ငန်းမရှိခြင်း”မှ “E-commerce အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး”ခေတ်သို့ ရောက်ရှိလာပြီး “တိုက်ရိုက်ရောက်လူမျိုးစု”များအားခေတ်မီလုပ်ငန်းပျိုးထောင်ရန် အားပေးသည်။

ယခင်က လားဟုမျိုးဆက်--ခူချွန်းလူမျိုးများသည် “ကုန်ပစ္စည်းချင်းလဲလှယ်ခြင်း”သာရှိသည်။ သူ့တို့သည် အမဲလိုက်၍ရသော ဌက်များ၊ တောကောင်များကို တောင်ခြေလမ်းဘေးတွင်နေရာချထားပြီး သစ်တောသစ်ပင်တွင်ပုန်းကာ ဆား၊ သံကိရိယာ၊ အင်္ကျီဟောင်း များဖြင့် လာရောက်လဲလှယ်မည့်သူများကို စောင့်နေကြသည်။

ယခုရက်ပိုင်းခူချွန်းကျေးရွာတွင် လက်ဖက်ရည်၊ ငှက်ပျောသီးစိုက်ပျိုးခြင်းနှင့် နွား၊ဆိတ် မွေးမြူရေးလုပ်ငန်းရှင်သန်လာပြီး အချို့လူမျိုးသည် “E-commerce”သို့မဟုတ်“Wechat-commerce”လုပ်ငန်းကို လိုက်ပါဆောင်ရွက်နေပါသည်။

ယမန်နှစ် နှစ်ကုန်ပိုင်းက ယူနန်ပြည်နယ်ရှိ “တိုက်ရိုက်ရောက်လူမျိုးစု”ဆိုင်ရာဆင်းရဲနွမ်းပါးသူထဲမှလူဦးရေ ၅.၁ သိန်းသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာပြီး ၇၀% ရှိပါသည်။

ယခုရက်ပိုင်း“တိုက်ရိုက်ရောက်လူမျိုးစု”နေထိုင်နေရာတွင် တောတောင်နေရာမပြောင်းသော်လည်း နေထိုင်မှုဘ၀ အကြီးအကျယ်ပြောင်းလဲလာပြီဖြစ်သည်။

နေရောင်ဖြာကျထွန်းလင်းတောက်ပခြင်းသည် ဆိုရှယ်လစ်စနစ်၏ အားသာချက်ထင်ရှားမှုကို ပြသနေသည်။

တရုတ်ပြည်သစ်တည်ထောင်ပြီးနောက် “တိုက်ရိုက်ရောက်လူမျိုးစု”သည် မူလနေထိုင်မှုဘ၀မှ ဆိုရှယ်လစ်စနစ်သို့ ရောက်ရှိလာပြီး ပထမဦးဆုံး ခုန်ပျံကျော်လွားနိုင်ခဲ့သည်။

ခေတ်သစ်ကာလတွင်“တိုက်ရိုက်ရောက်လူမျိုးစု”သည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာပြီး အလုံးစုံချမ်းသာကြွယ်ဝသောဘ၀သို့ ဦးတည်ကာ ဒုတိယအကြိမ် ဖြတ်ကျော်ရန် ဖော်ဆောင်လာသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီသည် “တိုက်ရိုက်ရောက်လူမျိုးစု”များပါဝင်သော တိုင်းရင်းသားလူမျိုးစု ဖွံ့ဖြိုးတိုးတက်မှုကို အမြဲတမ်း အရေးကြီးသောအရာအဖြစ် အလေးထား ဆောင်ရွက်သည်။

“မနှစ်က တူလွန်လူမျိုး မိသားစုတစ်ခုလုံး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ခဲ့ပြီး ရွာဆွေရွာမျိုးနေထိုင်မှုဘ၀မှာလည်း တစ်နေ့တခြား ကောင်းမွန်လာတယ်။ ဒီသတင်းကို ကြားရတာ အရမ်းဝမ်းသာပါတယ်။ခင်ဗျားတို့အတွက် ဂုဏ်ယူပါတယ်။”ဟု ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၊ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်တူလွန်မြစ်ကျေးရွာအုပ်စု ပြည်သူများအတွက် စာပြန်၍ တူလွန်လူမျိုး မိသားစုတစ်ခုလုံး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာခြင်းအတွက် ဂုဏ်ပြုပါသည်။

သတင်းကောင်းရောက်ရှိလာသည်နှင့် ချိုင့်ဝှမ်းကြီးတွင် နေရာတကာ ပျော်ရွင်နေကြသည်။ တူလွန်မြစ်ကျေးရွာအုပ်စုရှိ ခါချွယ့်ဝါးရင်ပြင်မှာ တူလွန်လူမျိုးများသည် ပွဲလမ်းသဘင်ဝတ်စုံများ ၀တ်ဆင်ကာဆိုရင်းကရင်းထောပနာပြုကြပါသည်။ ကျောင်းသူကျောင်းသားများကလည်း“ကွန်မြူနစ်ပါတီမရှိလျှင် တရုတ်ပြည်သစ်မရှိနိုင်”ဟူသော သီချင်းကို တညီတညွတ်တည်းသီဆိုကြပါသည်။

အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်မှ တူလွန်လူမျိုးအတွက် အလေးထားဂရုပြုခြင်းသည် အဆိုပါပြန်စာထက်ပိုသော အခြားသောအကြောင်းများလည်း ရှိပါသေးသည်။

၂၀၁၄ ခုနှစ် နှစ်ဆန်းမရောက်မီ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်သည် ကွန်ရှမ်းခရိုင်အရာရှိနှင့် ရွာသူရွာသားများမှ စာအတွက် အရေးကြီးညွှန်ကြားချက်ကို ထုတ်ပြန်ထားပါသည်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ယူနန်ပြည်နယ်အတွင်း လေ့လာကြည့်ရှုနေသော အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်သည် ကွန်ရှမ်းခရိုင်အရာရှိနှင့် ရွာသူရွာသားကိုယ်စားလှယ်များကို ချစ်ခင်ရင်းနှီးစွာနှင့် တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်သည် “အလုံးစုံချမ်းသာကြွယ်ဝသောဘ၀သို့ ရောက်ရှိရန်မှာ လူမျိုးစုများ တစ်ခုမှမကျန်ရ”ဟု အလေးထား ပြောကြားပါသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နေရာချထားမှုကို အကောင်အထည်ဖော်ဆောင်ရန် ယူနန်ပြည်နယ်သည် “တိုက်ရိုက်ရောက်လူမျိုးစု”များ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေရန်အတွက် အထူး“လုပ်ငန်းစဉ်”ကို ရေးဆွဲချမှတ်ထားပါသည်။ တောင်တစ်တောင် ပေါ်လစီတစ်ခု၊ လူမျိုးစုတစ်စု ပေါ်လစီတစ်ခုရှိသည်မှ လူမျိုးစုတစ်စုပေါ်လစီများစွာရှိသည်အထိ ယူနန်ပြည်နယ်သည် ဒေသအခြေအနေနှင့် လိုက်လျောညီထွေစွာစီစဉ်ပြီး မှန်ကန်တိကျစွာ မူဝါဒချမှတ် အကောင်အထည်ဖော်သည်။ အရည်အသွေးမြှင့်တင်ခြင်း၊ အိုးအိမ်စီစဉ်တည်ဆောက်ခြင်းစသည့် “လုပ်ငန်းစဉ် ၆ ရပ်”ကို စီစဉ်ဆောင်ရွက်ပြီး “တိုက်ရိုက်ရောက်လူမျိုးစု”များစွမ်းရည်အရည်အသွေးကောင်းနှင့် အချိန်မီ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာရန် အာမခံပေးသည်။

“တိုက်ရိုက်ရောက်လူမျိုးစု”ကျေးရွာသို့ ရောက်ရှိလာသည့် အရာရှိသည်ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်သည်ထိထွက်ခွာမည်မဟုတ်ပေ။

ယူနန်ပြည်နယ်မွန်ဟိုင်ခရိုင် ပုလောင်တောင်ကျေးရွာအုပ်စု မန့်နန်းကျေးရွာကော်မတီ မန့်ဘန်းအဖွဲ့(၃)ကို တွေ့ရစဉ်။(ဇွန်လ ၁၂ ရက်နေ့တွင် မောင်းသူမဲ့ယာဉ်ဖြင့် ရိုက်ကူးသည်)။ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ချင်ချင်က ရိုက်ကူးသည်။

၂၀၁၅ ခုနှစ် မွန်ဟိုင်ခရိုင် လယ်ယာစိုက်ပျိုးရေးသိပ္ပံနှင့်နည်းပညာဌာန အရာရှိ လော်ကျိဟွာသည် ခရီးဆောင်အိတ်လွယ်၍ ပုလောင်တောင်ကျေးရွာအုပ်စု မန့်ဘန်းအဖွဲ့(၃)သို့ ၀င်ရောက်ခဲ့ပါသည်။“ဟိုတုန်းက တစ်ရွာလုံးမှာ အိမ်ခြေ ၁၇ အိမ်၊လူဦးရေ ၅၆ ဦးရှိတယ်။ အများအားဖြင့် စာမတတ်သူများဖြစ်ကြပြီးရုံးသုံးတရုတ်စကားကိုပင် နားမလည်ကြပါဘူး။”ဟု လော်ကျိဟွာက ပြောကြားသည်။ ထိုစဉ်က ရွာသူရွာသားများသည် လူစိမ်းကို ကြောက်လှပြီး လူစိမ်းကိုတွေ့လျှင် ရှောင်ရှားသွားကြသည်ဟု သူက ဆက်ပြောသည်။

ကျေးလက်နေပြည်သူများအတွက် ရုံးသုံးတရုတ်စကားသင်ကြားခြင်း၊ ၀က်ခြံတည်ဆောက်ခြင်း၊ ၀က်မွေးမြူခြင်း၊ စပါးမျိုးစေ့များပျိုးခြင်း၊ စပါးပင်စိုက်ပျိုးခြင်း၊မြက်ရှင်းခြင်း စသည့်လုပ်ငန်းများစွာ သင်ကြားပေးပြီးဆံပင်ညှပ်ပေးခြင်းစသည့် အသေးအဖွေးကိစ္စရပ်များမှစပြီး လုပ်ကိုင်ပေးရင်း ကျေးရွာတွင် ၄ နှစ်ကြာနေခဲ့သည်။ လော်ကျိဟွာသည် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ခြင်းဖြင့် မန့်ဘန်းအဖွဲ့(၃)သည် ဆင်းရဲနွမ်းပါးမှုမှ အောင်မြင်စွာ လွတ်မြောက်လာသည်။

ရွာသို့ရောက်ရှိလာသည့် အရာရှိအဖွဲ့တွင်အခြေခံအရာရှိသာမကသိပ္ပံပညာရှင်လည်းပါရှိသည်။

တရုတ်အင်ဂျင်နီယာအကယ်ဒမီမှ ပညာရှင်ကျူးယွတ်ယုံသည် အဖွဲ့ကို ဦးဆောင်၍ ကျေးရွာတွင်နေထိုင်ပြီး လားဟုလူမျိုးအတွက် အာလူးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရန် ကူညီလမ်းပြပေးသည်။ ယခင်က ရွာတွင် အာလူးကို စိုက်ပျိုးသော်လည်း ကြက်ဥကဲ့သို့ သေးသည်။ ပညာရှင် ကျူးယွတ်ယုံမှ လမ်းပြစိုက်ပျိုးထွက်ရှိလာသော အာလူးသည် ငှက်ကုလားအုတ်ဥထက် ကြီးနေတော့သည်။

“ကုမ္ပဏီအုပ်စုတစ်ခုသည် လူမျိုးစု တစ်စုကို ကူညီထောက်ပံ့ခြင်း” သည် ယူနန်ပြည်နယ်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်း ဆောင်ရွက်ရာမှ ဖန်တီးလာသော အတွေ့အကြုံဖြစ်ပါသည်။

China Three Gorges Corporation ကုမ္ပဏီအုပ်စုသည် နို့လူမျိုး၊ ဂျင်းဖောလူမျိုးကို ကူညီထောက်ပံ့သည်။ CHINA HUANENG ကုမ္ပဏီအုပ်စုသည် လားဟုလူမျိုး၊ ၀ါလူမျိုးကို ကူညီထောက်ပံ့သည်။ CHINA DATANG CORPORATION ကုမ္ပဏီအုပ်စုသည် လီဆူလူမျိုးကို ကူညီထောက်ပံ့သည်။ CHINA TOBACCO YUNNAN INDUSTRIALကုမ္ပဏီအုပ်စုသည် ပုလောင်လူမျိုးကို ကူညီထောက်ပံ့သည်။ ဆိုရှယ်လစ်စနစ်အားသာချက်ကို ထုတ်ဖော်၍ အဖက်ဖက်မှ အရင်းအမြစ်များကို “တိုက်ရိုက်ရောက်လူမျိုးစု”နေရာများသို့ အားစိုက်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရန် အင်အားများစုဝေးစေသည်။

အိပ်မက်ကိုဖော်ဆောင်၍ ပိုကောင်းကောင်းမွန်ချမ်းသာဘ၀ကို ကြိုးစားလုပ်ဆောင်

ခေတ်အဆက်ဆက်ဆင်းရဲနွမ်းပါးမှုကြောင့် ကောင်းမွန်ချမ်းသာသောဘ၀ရယူရန် အိပ်မက်ကို ပျက်စီးသွားစေပါသည်။

ဆင်းရဲနွမ်းပါးမှုကို လက်ခံ၍ တိုးတက်ချင်စိတ်မဖော်ဆောင်နိုင်ခြင်းမှာ အချို့သောယူနန်ပြည်နယ်ရှိ “တိုက်ရိုက်ရောက်လူမျိုးစု”များ၏ ယေဘုယျအခြေအနေဖြစ်ပါသည်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသည် ပိုမိုချမ်းသာကောင်းမွန်သောဘ၀ရရှိရန် အိပ်မက်ကို လက်တွေ့ဖြစ်စေခဲ့သည်။ အိပ်မက်ဖော်ဆောင်ရန် ကြိုးစားရုန်းကန်နေရခြင်းသည် “တိုက်ရိုက်ရောက်လူမျိုးစု”နေရာအတွက် စိတ်အားထက်သန်သော သီချင်းဖြစ်နေသည်။

ရှီးမွန်ခရိုင် ဘန်းမူကျေးရွာရှိ အသက် ၂၄ နှစ်ရှိ လားဟုအမျိုးသမီး ဟိုင်အယ်မေ့သည် ဆင်းရဲသော မိသားစုမှာ မွေးဖွားလာ၍ သက်ကယ်အိမ်တွင် နေထိုင်ခဲ့ရသည်။ဆင်းရဲငတ်မွတ်ခြင်းဒဏ် ခံခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် ဖခင်သည် ပြင်းထန်သောရောဂါဝေဒနာ ခံစားရပြီး မိခင်သည် စိတ်ဓာတ်ကျပြီးနောက် သူမ ကမ္ဘာပျက်သလိုခံစားရပြီး ညစဉ်ညတိုင်း မျက်ရည်ကျနေခဲ့သည်။

အကူအညီထောက်ပံ့မှုအရာရှိများသည် သူမအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာပြီးရှီးမွန်ခရိုင်တွင် ဆွဲဆောင်ဝင်ရောက်လာသော ပျားလုပ်ငန်းကုမ္ပဏီတွင်အလုပ်လုပ်ခဲ့သည်။ သူမသည် ပျားပုံးရွှေ့ပြောင်းခြင်း၊ မြက်ခုတ်ခြင်း အလုပ်ကို စတင်လုပ်ဆောင်ပြီး ပျားအကြိမ်ကြိမ်အတုပ်ခံရာနောက်ပိုင်းတွင် ပျားဘုရင်နှင့် ပျားမွေးမြူပျိုးထောင်ခြင်းနှင့် ပျားကောင်အုပ်စုခွဲခြင်း စသည့်နည်းပညာကို လေ့လာခဲ့ပြီး နာမည်ကျော်ကြားသော “ပျားမွေးမြူရေးကျွမ်းကျင်သူ”ဖြစ်လာသည်။

ယူနန်ပြည်နယ် ရှီးမွန်ခရိုင် မွန်စောမြို့နယ် ဘန်းမူကျေးရွာ ကျုံးဟွာပျားမွေးမြူရေးစခန်းတွင် အယ်မေ့က ပျားပုံးကို စစ်ဆေးနေစဉ်။(ဇွန်လ ၁၆ ရက်နေ့တွင် ရိုက်ကူးသည်)။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဟူချောင်းက ရိုက်ကူးသည်။)

ယခုနှစ် ဇူလိုင်လတွင်အယ်မေ့သည် တရုတ်ကွန်မြူနစ်ပါတီ အစမ်းအဖွဲ့ဝင်တစ်ဦး ဖြစ်လာပါသည်။“တရုတ်ကွန်မြူနစ်ပါတီက ကျွန်မတို့အတွက် ခက်ခဲတဲ့ဘ၀ကို နုတ်ဆက်နိုင်စေပြီး ချမ်းသာသုခနဲ့ပြည့်စုံတဲ့ဘ၀ကို နေထိုင်ကြစေတယ်။ ကျွန်မလည်း တရုတ်ကွန်မြူနစ်ပါတီအဖွဲ့ဝင်ဖြစ်ပြီး ရွာသူရွာသားများကို ဦးဆောင်၍ ပိုမိုချမ်းသာကောင်းမွန်တဲ့ နေထိုင်မှုဘ၀မှာ နေချင်ပါတယ်။”ဟု သူမက ပြောသည်။

ချမ်းသာကြွယ်ဝလာနေသော “တိုက်ရိုက်ရောက်လူမျိုးစု”များသည် လူမျိုးစုယဉ်ကျေးမှု အမွေဆက်ခံခြင်းအတွက် တာဝန်ယူချင်စိတ် ပိုမို များလာသည်။

အသက် ၃၅ နှစ်ရှိ တအောင်လူမျိုး ကျောက်လဌေးသည် အမွေဆက်ခံခြင်းအတွက် ကြိုးစားဆောင်ရွက်သည်။

တအောင်လူမျိုးနေအိမ်တွင် နေထိုင်သည်။ တအောင်လူမျိုးလက်ဖက်ရည်အချဉ်ကို ချက်တတ်သည်။တအောင်လူမျိုးရိုးရာအကကို ကတတ်သည်။တအောင်လူမျိုး စားကောင်းသောက်ဖွယ်ကို ဦးစားပေးလေ့လာသည်။တိုင်းရင်းသားသုတေသီများအတွက် လမ်းပြပေးသည်။တအောင်လူမျိုးဆိုင်ရာ မှတ်တမ်းတင်ဇာတ်ကားကို ရိုက်ကူးသည်။ ကျောက်လဌေးသည် လယ်သမားတစ်ဦး ဖြစ်သော်လည်း တအောင်လူမျိုး၏ “ကိုယ်စားပြုသူ”ဟု ပြောနိုင်ပါသည်။

တအောင်လူမျိုးသည် နှစ်ရှည်လများလက်ဖက်ရည်ယဉ်ကျေးမှု ရှိနေ၍ ထူးခြားသော လက်ဖက်ရည်အချဉ်ကြောင့် နာမည်ကြီးသည်။ လုပ်ငန်းစဉ်များပြားရှုပ်ထွေးသောကြောင့် ပျောက်ကွယ်လုနီးပါးဖြစ်သွားသေးသည်။ ကျောက်လဌေးသည် လက်ဖက်ရည်အချဉ်ချက်တတ်သူကို ရှာတွေ့ပြီး ၁ နှစ်တာမျှလက်ဖက်ရည်အချဉ်ချက်နည်းပညာကို သင်ယူပါသည်။ သူမှတဆင့်ထပ်မံပြန့်ပွားစေခြင်းကြောင့် လက်ဖက်ရည်အချဉ်သည် စမ်းထိုင်တောင်ရှိ နာမည်ကျော်ကြားသော အထူးထွက်ကုန်ဖြစ်လာသည်။

တစ်ပြည်နယ်လုံးရှိ တစ်ခုတည်းသော တအောင်လူမျိုးကျေးရွာအုပ်စုအနေဖြင့်စမ်ထိုင်တောင်ကျေးရွာအုပ်စုသည် တိုင်းရင်းသားသုတေသီနှင့် ဇာတ်ကားအဖွဲ့များစွာက စိတ်ဝင်စားလာသည်။ကျောက်လဌေးသည် တအောင်လူမျိုးယဉ်ကျေးမှုကို သိရှိနားလည်ပြီးဖော်ရွှေလှသောကြောင့် လူအများကလည်း သူ့ကို လမ်းပြစေချင်သည်။လွန်ခဲ့သော ရက်ပိုင်းကတောင်ကိုးရီးယားနိုင်ငံမှ ရုပ်မြင်သံကြားဌာနသည် တအောင်လူမျိုးမှတ်တမ်းတင်ဇာတ်ကားကို လာရောက်ရိုက်ကူးရာတွင် သူ့ကို အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးရန် ဆုံးဖြတ်ထားပါသည်။

“ကျွန်တော်ရဲ့ အိပ်မက်က လူများအား တအောင်လူမျိုးကို သိရှိပြီး နီးကပ်လာစေချင်တယ်၊ တအောင်လူမျိုးများကိုကမ္ဘာသို့ သွားရောက်စေချင်တယ်။” ဟု သူက ပြောပါသည်။

ဓာတ်ပုံဖွဲ့စည်းမှု ။ ။ ညာပုံမှာ အိုင်ရင့်အယ်၊ ပုလောင်လူမျိုး၊ အသက် ၁၁ နှစ်ရှိပြီး ယူနန်ပြည်နယ် မွန်ဟိုင်ခရိုင် ပုလောင်တောင် ပုလောင်လူမျိုးကျေးရွာအုပ်စု နန်အယ်မူလတန်းကျောင်း တတိယနှစ်ကျောင်းသားဖြစ်သည်။ (ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ချင်ချင်က ဇွန်လ ၁၃ ရက်နေ့တွင် ရိုက်ကူးသည်)။ ဘယ်ပုံမှာ အိုင်ရင့်အယ်သည် သူ့အိမ်တွင်သူ၏ဘောလုံးကို ပြနေစဉ်။(ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ဟူချောင်းက ဇွန်လ ၁၃ ရက်နေ့တွင် ရိုက်ကူးသည်)။ သူကြိုက်နှစ်သက်သည်မှာ ဘောလုံးကန်ခြင်းဖြစ်ပြီး ဘောလုံးသမားဖြစ်ချင်သည်။

ခေတ်သစ်ကာလနေရောင်ခြည်ကို ခံစား၍ “တိုက်ရိုက်ရောက်လူမျိုးစု”ကလေးများသည် သူတို့၏ဘိုးဘေးများတွင်မရှိခဲ့ဖူးသော အိပ်မက်ရှိလာပါသည်။ အသက် ၁၁ နှစ်ရှိပုလောင်လူမျိုးကလေးငယ်အိုင်ရင့်အယ်၏ အိပ်မက်သည် ဘောလုံးသမားဖြစ်ချင်သည်။အသက် ၁၃ နှစ်ရှိ လီဆူလူမျိုးကလေး ရန်ရှီဟိုင်၏ အိပ်မက်သည် ပန်းဥယျာဉ်နည်းပညာကို သင်ယူချင်သည်။အသက် ၁၂ နှစ်ရှိ တအောင်လူမျိုးကလေး လီချင်ရှမ်း၏ အိပ်မက်သည် စန္ဒယားပညာရှင် ဖြစ်ချင်သည်။

လှပကောင်းမွန်သော အိပ်မက်များသည် “တိုက်ရိုက်ရောက်လူမျိုးစု”နေရာတွင်လွှင့်ပျံရှင်သန်နေပါသည်။

သတင်းထောက်။ ။ လီဂျိညောင်၊ ၀ူရှောင်ရန်၊ ဖန်မင်ကွန်၊ ရန်ကျင့်(ဆင်ဟွာသတင်းဌာန)