၁၅ ကြိမ်မြောက် နိုင်ငံတကာ ၀ူရှူးသိုင်းတံခွန်စိုက်ပြိုင်ပွဲ ရှန်ဟိုင်းမြို့၌ ကျင်းပ

2019-10-21 18:26:39 |သတင်းအရင်းအမြစ် CRI

၁၅ ကြိမ်မြောက် နိုင်ငံတကာ ၀ူရှူးသိုင်းတံခွန်စိုက်ပြိုင်ပွဲကို ယခုလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပနေကြောင်း တရုတ်သတင်းဝက်ဘ်ဆိုက်မှ သတင်းရရှိပါသည်။

ယခုအကြိမ် ၀ူရှူးသိုင်းတံခွန်စိုက်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားဦးရေမှာ သမိုင်းတွင် အများဆုံးဖြစ်ကြောင်း၊ နိုင်ငံနှင့်ဒေသ ၁၀၂ခု မှ အားကစားသမား၊ နည်းပြဆရာ၊ ဒိုင်လူကြီး၊ အရာရှိနှင့်ဧည့်သည်တော် ၁၁၀၀ ကျော်တို့သည် ရှန်ဟိုင်းမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ ပြိုင်ပွဲမှာ Routine နှင့် Sanda သိုင်းပညာနှစ်မျိုး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရပါသည်။