“အိမ်ပြန်ခြင်း”ယူနန်အော်ပရာဇာတ် တရုတ်ပြဇာတ်ပွဲတော်တွင် ပါဝင်တင်ဆက်

2019-10-31 15:45:13 |သတင်းအရင်းအမြစ် 云南日报

အောက်တိုဘာလ ၂၈ ရက်နေ့က ယူနန်ပြည်နယ် တျိန်းပြဇာတ်ရုံတွင် ကိုင်ပိုင်တီထွင်သော“အိမ်ပြန်ခြင်း”ယူနန်အော်ပရာဇာတ်အား ၁၆ ကြိမ်မြောက် တရုတ်ပြဇာတ်ပွဲတော်၌ ပါဝင်တင်ဆက်ရန်အတွက် ယူနန်ပြည်နယ်မှ တစ်ခုတည်းသော ရွေးချယ်ခံရသည့် ဇာတ်အနေဖြင့် ဖူကျန့်ပြည်နယ် ဖူကျူးမြို့ ဖုန့်ချင့်ပြဇာတ်ရုံတွင် တင်တက်ပြသရာ ပရိသတ်၏ ချီးကျူးဂုဏ်ပြုခြင်း များစွာရရှိပါသည်။

“အိမ်ပြန်ခြင်း”သည် ကိုယ်လက်အင်္ဂါချို့တဲ့သော မိဘမဲ့ကလေး နျီလု၏ ဇာတ်လမ်းဖြစ်ပြီး အမျိုးသမီးစူးထိန်းယွိနှင့် တွေ့ဆုံပြီးနောက် ချစ်မြတ်နိုးကြပြီး သူမနှင့် ရေစက်ဆုံပေါင်းသင်းကြပါသည်။ တရုတ်နိုင်ငံတံခါးဖွင့်ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေသော နှစ် ၄၀ အတွင်းတွင် စူးထိန်းယွိမိသားစုနှင့် အတူတကွနေထိုင်ပြီး အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းကာ မိမိတန်ဖိုးကို ဖော်ဆောင်၍ ယာသာလှပသော မိသားစုကို တည်ထောင်ပြုစုသော စိတ်လှုပ်ရှားဖွယ်ကောင်းသည့်ပုံပြင်ကို တင်ပြထားပါသည်။ ဇာတ်လမ်းသည် သေးငယ်သော်လည်း ကြီးကျယ်ခန့်ညားသော မြင်ကွင်းကို ဖော်ပြထားပါသည်။ တရုတ်နိုင်ငံတံခါးဖွင့်ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေသော နှစ် ၄၀ အတွင်းတွင် လူမှုနေထိုင်မှုတွင် ကြီးမားလှသောပြောင်းလဲမှုကို ပြသပြီး ပြည်သူပြည်သားဆိုင်ရာစိတ်ဓာတ်ပြောင်းလဲမှုကိုလည်း ဖော်ထုတ်တင်ဆက် ထားပါသည်။

“အိမ်ပြန်ခြင်း”သည် ယူနန်ပြည်နယ်ဆိုင်ရာဆင်းရဲမွဲတေမှုလျော့ချရေးဆောင်ရွက်ရန် ငွေကြေးထောက်ပံ့ခြင်းစီမံကိန်းဖြစ်ပြီး ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာနမှ တီထွင်ပျိုးထောင်သော အဓိကကျသည့် စီမံကိန်းဖြစ်ပါသည်။ လတ်တလောရက်ပိုင်းတွင် ပြီးစီးသွားသော ၁၅ ကြိမ်မြောက် ယူနန်ပြည်နယ် ပြဇာတ်အသစ်တင်ဆက်ပွဲတွင် အထွေထွေပြည့်စုံမှုဆု၊ ဖွဲ့စည်းမှုအကောင်းဆုံးဆု၊ တေးသီချင်းဆု၊ ပြသမှုစွမ်းရည်ဆုစသည့် ဆုများစွာရရှိခဲ့ပြီး ၁၆ ကြိမ်မြောက် တရုတ်ပြဇာတ်ပွဲတော်တွင် ပါဝင်ရန် ဖိတ်ကြားခံခဲ့ရကာ ပြဇာတ်များအတွက် ဆုများစွာချီးမြှင့်ခြင်းခံရပါသည်။

သတင်းထောက်။ ။ဟုပ်ထင်ထင်(ယူနန်နေ့စဉ်သတင်းစာ)