ပထမအကြိမ် မြန်မာ(လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ်ဒေသစီးပွားရေးကုန်စည်ပြပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်

2019-11-15 18:22:37 |သတင်းအရင်းအမြစ် 云桥网

ပထမအကြိမ် မြန်မာ(လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ်ဒေသစီးပွားရေးကုန်စည်ပြပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံ ရှမ်းပြည်နယ် လားရှိုးမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းထောက်သည် လင်ချန်းမြို့ ကုန်သွယ်ရေးဦးစီးဌာနမှ သတင်းအရ သိရပါသည်။ မြန်မာ(လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ်ဒေသစီးပွားရေးကုန်စည်ပြပွဲသည် မြန်မာနိုင်ငံ ကုန်သွယ်မှုမြှင့်တင့်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ နိုင်ငံတကာကုန်သွယ်ရေးစင်တာ၊ ယူနန်ပြည်နယ် ကုန်သွယ်ရေးဦးစီးဌာန၊ လင်ချန်းမြို့ အစိုးရဌာနများက ဦးစီးကျင်းပပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လားရှိုးမြို့ အစိုးရဌာနများ၊ လင်ချန်းမြို့ နယ်စပ်ဒေသ စီးပွားရေးစီမံခန့်ခွဲရေးအဖွဲ့များက တာဝန်ယူ ဆောင်ရွက်ကြပါကြောင်း၊ ယခုအချိန်တွင် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတာဝန်အသီးသီးကို စနစ်တကျပြင်ဆင်လုပ်ဆောင်နေပါကြောင်း သတင်းအရ သိရပါသည်။

မြန်မာ(လားရှိုး) - တရုတ်(လင်ချန်း) နယ်စပ်ဒေသစီးပွားရေးကုန်စည်ပြပွဲသည် “‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်’ ဆွေမျိုးပေါက်ဖော် အတူလှမ်းခြေ” ဟူသော ခေါင်းစဉ်အောက်တွင် ကျင်းပခြင်း ဖြစ်ပြီး အစီအစဉ်များမှာ တရုတ်-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ၊ ဧည့်သည်တော်များ ပြပွဲလှည့်လည်ကြည့်ရှုလေ့လာခြင်း၊ ဖွင့်ပွဲအခမ်းအနား၊ လင်ချန်းမြို့ အစိုးရဌာနနှင့် ရှမ်းပြည်နယ် အစိုးရဌာနများအကြား ဒေသန္တရဆိုင်ရာဆွေးနွေးပွဲ၊ တရုတ်-မြန်မာ ယဉ်ကျေးမှုအနုပညာညနေခင်းဖျော်ဖြေပွဲ၊ တရုတ်-မြန်မာ လုပ်ငန်းရှင်ဖိုရမ်နှင့် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းစာချုပ် ချုပ်ဆိုခြင်း၊ တရုတ်-မြန်မာ ကုန်စည်ပြပွဲ၊ တရုတ်(လင်ချန်း)အားရှုစယ့် ယဉ်ကျေးမှုပြပွဲ စသည်တို့ ပါဝင်ပါသည်။ အဆိုပါအစီအစဉ်များသို့ တရုတ်နိုင်ငံဖက်မှ အစိုးရကိုယ်စားလှယ်အဖွဲ့ ၂၀၀ ကျော်၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့၊ အနုပညာဖျော်ဖြေရေးကိုယ်စားလှယ်အဖွဲ့ တို့သည် လင်ချန်းမြို့ဆိုင်ရာ ထူးခြားချက်ပါရှိသည့် အထူးကုန်စည် အမျိုးအစား ၃၀၀ ကျော် ပါဝင်ပြသသော လားရှိုးနယ်စပ်ဒေသကုန်စည်ပြပွဲသို့ တက်ရောက်ကြမည် ဖြစ်သည်။ ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံ အနုပညာကိုယ်စားလှယ်အဖွဲ့သည် အံ့သြဖွယ်အပြည့်ပါရှိမည့် အမျိုးသားသီဆိုကပြပွဲကို အတူတကွ ဖျော်ဖြေတင်ဆက်ပြီး ကြွရောက်လာကြသော ဧည့်သည်တော်များနှင့် လားရှိုးသူလားရှိုးသားများအတွက် ထူးခြားသောပွဲတော်ကြီးတစ်ခုကို တင်ဆက်ကြမည်ဖြစ်သည်။

လားရှိုးနယ်စပ်ဒေသကုန်စည်ပြပွဲ ကျင်းပရခြင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံမှ ကုန်သည်နှင့် ပြည်သူပြည်သားများအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်နှင့် ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်နိုင်သော စင်မြင့်တစ်ခု တည်ထောင်ရန် ရည်ရွယ်ထားပါကြောင်း၊ အတူတကွ ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ မျှဝေခံစားခြင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခြင်း၊ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုမြှင့်တင်ခြင်း၊ အိမ်နီးချင်းကောင်း ရိုးရာ“ဆွေမျိုးပေါက်ဖော်”ချစ်ကြည်ရေးကို နက်ရှိုင်းစွာခိုင်မြဲစေခြင်းအားဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အတူတကွ တည်ဆောက်ရန်အတွက် တက်ကြွသော ထောက်ပံ့ကူညီမှုများ ဖြစ်လာနိုင်ပါသည်။ လက်ရှိတွင် နှစ်ဦးနှစ်ဖက်သည် အသိအမြင်များရရှိပြီး နယ်စပ်ဒေသကုန်စည်ပြပွဲသည် ယခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်းကျင်းပမည်ဖြစ်ပြီး လင်ချန်းမြို့နှင့် လားရှိုးမြို့၌ တစ်လှည့်စီ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဒုတိယအကြိမ်မြောက် ကုန်စည်ပြပွဲအား လာမည့်နှစ် ၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံ လင်ချန်းမြို့၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

နောက်ဆက်တွဲ ။ ။ ပထမအကြိမ် မြန်မာ-တရုတ် (လားရှိုး) နယ်စပ်ဒေသကုန်စည်ပြပွဲ အစီအစဉ်

သတင်းထောက်။ ။ဆည်းဆာ(ယူနန် Gateway ကွန်ရက်)