နိုင်ငံခြားပညာတော်သင် ၆၁ ဦးပါသော “ရပ်ဝန်းတစ်ခု၊လမ်းကြောင်းတစ်သွယ်”၀ူရှုးသိုင်းပွဲတော် စည်ကားစွာ ကျင်းပ

2019-11-19 18:25:39 |သတင်းအရင်းအမြစ် 春城晚报



“ရောင်စုံယူနန်၊ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”မီဒီယာဖလားရိုးရာဝူရှုးသိုင်းပြိုင်ပွဲကို ယူနန်ပြည်နယ်ကူမင်းမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ပါသည်။ အဆိုပါပွဲတော်ကို“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”ခေါင်းစဉ်အောက်တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးမှ ရိုးရာဝူရှုးသိုင်းပညာရှင်များသည် တျိန်ချီရေကန်ကမ်းဘေးတွင် ကူးလူးဖလှယ်ယှဉ်ပြိုင်ကြပါသည်။ ပြိုင်ပွဲတွင် ယူနန်တက္ကသိုလ်၊ ဖူးအယ်အသက်မွေးဝမ်းကျောင်းကောလိပ်၊ ယူနန်စီးပွားရေးစီမံခန့်ခွဲရေးအသက်မွေးဝမ်းကျောင်းကောလိပ်၊ ယူနန်လမ်းပန်းဆက်သွယ်ရေးအသက်မွေးဝမ်းကျောင်းကောလိပ်စသည့် ပညာကျောင်းမှ ယူနန်ပြည်နယ်၌ ပညာသင်ယူနေကြသော နိုင်ငံခြားပညာတော်သင် ၆၁ ဦးသည် အဖွဲ့ ၅ ဖွဲ့ဖွဲ့စည်းကာပါဝင်ကြပါသည်။

အဆိုပါပြိုင်ပွဲတွင် Xing Yi Quan ၊ BaGua Zhang၊ Tai Ji Quan စသည့်အဓိကအစီအစဉ်များ ပါရှိသည့်အပြင် ရိုးရာဝူရှုးသိုင်းအစီအစဉ် တစ်ခုလည်းပါဝင်ပါသည်။ ယူနန်ပြည်နယ်ရှိ နိုင်ငံခြားပညာတော်သင်အဖွဲ့ကို ဖွဲ့စည်းကာ ပိုမိုများပြားသော နိုင်ငံခြားပညာတော်များကို ဆွဲဆောင်၍ တရုတ်ဝူရှုးသိုင်းကို စိတ်ဝင်စားစေရန်လည်းကောင်း၊ တရုတ်ဝူရှုးသိုင်းဖြင့် ကမ္ဘာသို့ အထောက်အကူပြုရန်လည်းကောင်း၊ ယူနန်ပြည်နယ်ဆိုင်ရာယဉ်ကျေးမှု ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာအားကစားလှုပ်ရှားမှု ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း ရည်ရွယ်ထားသည် ဟု ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ တာဝန်ရှိသူတစ်ဦးက မိတ်ဆက်ပေးပါသည်။ မတူကွဲပြားသော နိုင်ငံအသားအရောင်ကွဲပြားသော ၀ူရှုးသိုင်းဝါသနာပါသူများသည် ရောင်စုံလှပသော ယူနန်ပြည်နယ်တွင် ဆုံစည်း၍ ပြသကူးလူးခြင်း၊ ကိုယ့်လက်လှုပ်ရှားပြီး ကျန်းမာပျော်ရွှင်မှုကို မျှဝေခံစားခြင်းများကို ၀ိုင်းဝန်းလုပ်ဆောင်ကြပါပြီး တရုတ်ယဉ်ကျေးမှုကို ကမ္ဘာသို့ သွားရောက်ပြသရန်အတွက် ထောက်ပံ့ပေးလျက်ရှိပါသည်။

သတင်းထောက်။ ။လီဆိုက်(နွေဦးမြို့ ညနေခင်းသတင်းစာ)