“ရောင်စုံယူနန်၊ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” ပထမအကြိမ် မီဒီယာဖလား ရိုးရာဝူရှုးသိုင်းပြိုင်ပွဲဖွင့်လှစ်

2019-11-20 16:38:50 |သတင်းအရင်းအမြစ် 云桥网

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် “ရောင်စုံယူနန်၊ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” ပထမအကြိမ် မီဒီယာဖလား ရိုးရာဝူရှုးသိုင်းပညာပြိုင်ပွဲသည် ကူမင်းမြို့ ရောင်စုံယူနန်၊ ရှေးဟောင်းတျိန်းမြို့၌ ဖွင့်လှစ်ခဲ့ပါသည်။

ဤတစ်ကြိမ် ပြိုင်ပွဲမှာ Xing Yi Quan ၊ Ba Gua Zhang ၊ Tai Ji Quan အစရှိသည့် အဓိက အစီအစဉ် အပါအဝင် အခြားသော ရိုးရာဝူရှုးသိုင်းပညာအစီအစဉ် တစ်ခုလည်း ပါဝင်ကြောင်း၊ ယူနန်ပြည်နယ်ရှိ နိုင်ငံခြားပညာတော်သင်များအဖွဲ့လည်း ပါရှိကြောင်း၊ ပြည်တွင်းဝူရှုးသိုင်းပညာရှင်နှင့် တရုတ်ယဉ်ကျေးမှုချစ်သူများတို့ အတူဆုံစည်းကာ ဝိုင်းဝန်းဖလှယ်၍ တင်ဆက်ပြသနိုင်သော စင်မြင့် စီစဉ်ပေးထားကြောင်း သိရပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ယူနန်ပြည်နယ် ဝူရှုးသိုင်းပညာစိတ်ဝင်စားသူများ၊ ယူနန်ရဲအရာရှိ အသက်မွေးဝမ်းကျောင်းကောလိပ်မှ နိုင်ငံခြားပညာတော်သင်အဖွဲ့ ကိုယ်စားလှယ်တို့သည် အံ့ဖွယ်ကောင်းလှသော ပြသမှုကို တင်ဆက်ကြရာ ချီးကျူးမှုများစွာ ခံခဲ့ရပါသည်။

 

ဤတစ်ကြိမ် ပြိုင်ပွဲသည် ပထမအကြိမ် မီဒီယာဖလား ရိုးရာဝူးရှုသိုင်းပညာပြိုင်ပွဲဖြစ်ပါကြောင်း၊ ယူနန်ပြည်နယ် အားကစားဦးစီးဌာန၊ ယူနန်ပြည်နယ် ပညာရေးဌာနများ၏ လမ်းညွှန်မှုဖြင့် ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ ဦးစီးကျင်းပပြုလုပ်ကြောင်း၊ ယူနန်ပြည်နယ် သတင်းဆိုင်ရာ အသင်းအဖွဲ့၊ ယူနန်ပြည်နယ် ဝူရှုးသိုင်းအသင်း၊ ကူးမင်း NORTHSTAR GROUP ၊ ကူမင်း နှစ်သစ်ကူးညပွဲ Chunyue မီဒီယာကုမ္ပဏီတို့မှ တာဝန်ယူလုပ်ဆောင်ကြပါကြောင်း သတင်းအရ သိရပါသည်။ ပြိုင်ပွဲသည် “ယူနန်ပြည်နယ်ဆိုင်ရာ ဆက်သွယ်ရေးဗဟိုအချက်အချာတည်ဆောက်ရန် ပါဝင်ဆောင်ရွက်ခြင်း၊ တရုတ်ရိုးရာဝူရှုးသိုင်းပညာကို ကမ္ဘာသို့ သွားရောက်ရန် တွန်းတင်ခြင်း”ဟူသော အဓိကဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ကြောင်း၊ တရုတ်ရိုးရာဝူရှုးသိုင်းပညာကို စိတ်ဝင်စားသည့် ပြည်တွင်း ပြည်နယ်နှင့် ဒေသများမှ ယူနန်ပြည်နယ်ရှိ နိုင်ငံခြားပညာတော်သင်များအဖွဲ့ ရာနှင့်ချီ စုပေါင်းကာ ဝူရှုးသိုင်းပညာစွမ်းရည် ပြသကြသည်။

သတင်းထောက်။ ။ ချင်ချန်ယိ လီချင့်ရင် ဗီဒီယူ။ ။လီဝမ်းကျွင်း(ယူနန် Gateway ကွန်ရက်)