ကောင်းလီကုန့်တောင် လူရွှေမြို့တွင် ကောင်းလီကုန့် သားမင်းပုံရိပ်ကို ပထမဆုံးအကြိမ် ရိုက်ကူးရရှိ

2019-11-26 18:03:25 |သတင်းအရင်းအမြစ် 云南日报

လတ်တလောရက်ပိုင်းတွင်ယူနန်ပြည်နယ် ကောင်းလီကုန့်တောင် နိုင်ငံတော်အဆင့်အမျိုးသားသဘာဝဘေးမဲ့တော လူရွှေမြို့ ကာကွယ်ရေးဌာနခွဲရှန့်ရွှေစခန်းနှင့် တာ့နန်မောက်စခန်းသည် အနီအောက်ရောင်ခြည်သုံးစီစီတီဗီများဖြင့် ကောင်းလီကုန့် "သားမင်း"တိရစ္ဆာန်၏ ပုံရိပ်ကိုပထမဆုံးအကြိမ်ရိုက်ကူးရရှိခဲ့ကြောင်းသတင်းအရသိရပါသည်။

နိုဝင်ဘာလ အစောပိုင်းက လူရွှေမြို့ ကာကွယ်ရေးဌာနခွဲတာဝန်ရှိသူများသည် သစ်တောတွင် တပ်ဆင်ထားသော အနီအောက်ရောင်ခြည်သုံးစီစီတီဗီများကို စစ်ဆေးရာမှာ လူရွှေမြို့ဆိုင်ရာကာကွယ်စောင့်ရှောက်နေသော တောင်ပိုင်းဒေသရှိနေရာ ၃ ခုမှ အနီအောက်ရောင်ခြည်သုံးစီစီတီဗီ ၄ လုံးသည် ကောင်းလီကုန့် "သားမင်း"တိရစ္ဆာန်၏ ဓာတ်ပုံနှင့် ဗီဒီယိုကို တစ်ချိန်တည်းတွင် ရိုက်ကူးရရှိခဲ့ပါသည်။ အဆိုပါဓာတ်ပုံနှင့်ဗီဒီယိုတို့မှ ကြီးမားထွားကျိုင်းသော ကောင်းလီကုန့် "သားမင်း"များသည် တောင်စောင်းတွင် တည်ငြိမ်အေးဆေးစွာ အစာရှာနေကြောင်း၊ "သားမင်း"၏ ဦးချိုသည် အနောက်သို့ ကွေ့နေပြီး တစ်ကိုယ်လုံးမှာ အညိုရောင် အ၀ါရောင်အမွေးအမျှင်များ ဖုံးလွှမ်းထားကြောင်း မြင်တွေ့ရပါသည်။ ထိုသည်မှာ လူရွှေမြို့ ကာကွယ်ရေးဌာနခွဲ စတင်တည်ထောင်ပြီးနောက် ဓာတ်ပုံနှင့် ဗီဒီယိုဖြင့် ကောင်းလီကုန့် "သားမင်း"၏ နေထိုင်သွားလာမှုအခြေအနေနှင့် အကြောင်းအရာကို ပထမဆုံးအကြိမ်မှတ်တမ်းတင်နိုင်ခြင်းဖြစ်သည်။ ထိုသတင်းသည် နှစ်ပေါင်းများစွာ ကောင်းလီကုန့် "သားမင်း"ဆိုင်ရာဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းတင်နိုင်ခြင်းမရှိသော သမိုင်းကြောင်းကို ပြီးဆုံးသွားစေပြီး အဆိုပါတွေ့ရှိချက်သည် ရှားပါးလှသော အဖိုးတန်မျိုးစိတ် ကောင်းလီကုန့် "သားမင်း"၏ နောက်ဆက်တွဲကာကွယ်စောင့်ရှောက်ရန်၎င်း၊ လေ့လာသုတေသနပြုရန်၎င်း အရေးကြီးပါလှသည်။

ကောင်းလီကုန့် "သားမင်း"သည် နိုင်ငံတော်ပထမအဆင့် ကာကွယ်စောင့်ရှောက်သော တိရိစ္ဆာန်ဖြစ်ပြီး များသောအားဖြင့် ယူနန်ပြည်နယ် ကောင်းလီကုန့်တောင်နှင့် တိဗက်တိုင်းရင်းသားလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လင်ကျီးမြို့ မော့ထောခရိုင်ရှိ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ မှ မီတာ ၄၀၀၀ အထိဖြစ်သော တောတောင်မြက်ခင်းပြင်တွင် ဖြန့်ကျက်နေထိုင်ကြပါသည်။ ကောင်းလီကုန့် "သားမင်း"သည် ခန္ဓာကိုယ်ကြီးမားထွားကျိုင်းလှပြီး အုပ်စုလိုက်နေကြကာ ပြင်းထန်သော စိတ်သဘောထားရှိသည်။ လက်ရှိတွင်ကောင်းလီကုန့်တောင်တွင် "သားမင်း"အကောင် ၁၀၀၀ နီးပါးနေထိုင်ကျက်စားကြပါသည်။

သတင်းထောက်။ ။ လီရှုပ်ဟွာ(ယူနန်နေ့စဉ်သတင်းစာ)