မောစောတိုင်းရင်းသားလူမျိုးဓလေ့ပြတိုက် ဖွင့်လှစ်

2019-12-03 19:12:08 |သတင်းအရင်းအမြစ် 云南日报

လတ်တလောရက်ပိုင်းတွင် ယူနန်ပြည်နယ်ပြတိုက်ခွဲ မောစောတိုင်းရင်းသားလူမျိုးဓလေ့ပြတိုက် ဖွင့်ပွဲအမ်းအနားကို လူကူးဟူရေကန်ကမ်းဘေးတွင် ကျင်းပခဲ့ကြောင်း သတင်းအရသိရပါသည်။

မောစောတိုင်းရင်းသားလူမျိုးဓလေ့ပြတိုက်သည် ၁၉၉၇ ခုနှစ်မှ စတင်တည်ဆောက်ပြီး ၂၀၀၁ ခုနှစ်တွင် စတင် ဖွင့်လှစ်ထားကြောင်း၊ လက်ရှိတွင် မောစောတိုင်းရင်းသားလူမျိုးယဉ်ကျေးမှုပစ္စည်း ၁၀၀၀ ကျော်ရှိကြောင်း သတင်းအရသိရပါသည်။ ယခုတစ်ကြိမ် ပြည်နယ်အဆင့် ယဉ်ကျေးမှုပစ္စည်းကာကွယ်စောင့်ရှောက်ရေးပလက်ဖောင်းဖြင့် ယူနန်ပြည်နယ်ပြတိုက်ခွဲ မောစောတိုင်းရင်းသားလူမျိုးဓလေ့ပြတိုက်ကို တည်ထောင် ဖွင့်လှစ်ထားပါသည်။ စနစ်တကျဖြစ်ခြင်းနှင့် သိပ္ပံနည်းကျခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းတင်ထားပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေးရည်မှန်းချက်နှင့်အညီ ဆောင်ရွက်နိုင်ကာ လူကူးဟူရေကန်ခရီးသွားလုပ်ငန်းအတွက် ယဉ်ကျေးမှု အရှိန်အဟုန်ကို မြှင့်တင်ပေးမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် “ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းရောစပ်နေသောလူနေရပ်ရွာ (ဇီဝဂေဟစနစ်) ပြတိုက်ဖွံ့ဖြိုးရေး” ဟူသော အဓိကဆောင်ပုဒ်ဖြင့် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ဂျပန်နိုင်ငံနှင့် တရုတ် ယူနန်ပြည်နယ်၊ စစ်ချွမ်းပြည်နယ် စသည့်နေရာများမှ သုတေသီ၊ ပညာရှင်များသည် မတူသော ရှုမြင်ရှုထောင့်များဖြင့် အစိုးရမဟုတ်သော ပြတိုက်ဆိုင်ရာဖွံ့ဖြိုးရေးလမ်းကြောင်းအသစ်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းရောစပ်ဖွံ့ဖြိုးရေးလမ်းကြောင်းအသစ်များကို ကူးလူးဖလှယ်ကြပါကြောင်း၊ မောစောတိုင်းရင်းသားလူမျိုးဓလေ့ပြတိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အကြုံပြုပါကြောင်း သတင်းအရသိရပါသည်။

သတင်းထောက် ။ ။လီယွယ့်ချွင်း (ယူနန်နေ့စဉ်သတင်းစာ)