ပညာရှင် ကျူးယုပ်ယွန်သည် လယ်သမားများကို နှလုံးသားထဲမှာ စီထားလျက်ရှိ

2019-12-03 19:29:10 |သတင်းအရင်းအမြစ် 云桥网

“အံ့သြစရာကေင်းသော အာလူး”၊“ အော်ဂဲနစ် တရုတ်ဂျင်ဆင်း”၊ ပညာရှင်သင်တန်းစသည်တို့ရှိပါသည်။ တရုတ်အင်ဂျင်နီယာဌာန ပညာရှင် ကျူးယုပ်ယွန်သည် အဖွဲ့ကို ဖွဲ့စည်းထားကာ နယ်စပ်ကျေးရွာတွင် အခြေချ၍ သိပ္ပံနည်းပညာဖြင့် လယ်သမားဆိုင်ရာချမ်းသာကြွယ်ဝနိုင်သော လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးနေပြီး ကျေးရွာများစွာကို ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ဦးဆောင်ပြုလုပ်နေကြောင်း သတင်းအရသိရပါသည်။

၂၀၁၅ ခုနှစ်တွင် အသက် ၆၀ အရွယ်ရှိ ကျူးယုပ်ယွန်သည် ပထမဦးဆုံးဦးဆောင်၍ ယူနန်ပြည်နယ် လန်ချန်းလားဟူးတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ဟောင်းချီးဘာ့ကျေးရွာသို့ ရှောက်ရှိပြီး လားဟူးတိုင်းရင်းသားလယ်သမားအဖြစ် နေထိုင်ပြီး တောတောင်နေရာလပ်မကျန် စစ်ဆေးလေ့လာခြင်း၊ တောင်ပေါ်မြေပြန့်စိုက်ပျိုးခြင်းတို့ဖြင့် ရွာသူရွာသားများနှင့် အတူနေထိုင်ကြပါသည်။ လယ်ယာစိုက်ပျိုးရေးအားလပ်ချိန်ဖြစ်သော ဆောင်းရာသီတွင် လယ်မြေ၌ အာလူးစိုက်ကြရန် လမ်းညွှန်ပေးပြီး စိုက်ပျိုးရရှိသော အကြီးဆုံးအာလူးမှာ ၂.၅ ကီလိုဂရမ်ရှိကာ ဆောင်းရာသီ၌ လယ်သမားမိသားစုတစ်စုလျှင် တရုတ်ယွမ်ငွေ ၁ သောင်းခန့် ဝင်ငွေရရှိကြပါသည်။

ကျူးယုပ်ယွန်မှ ဦးဆောင်ဖွဲ့စည်းသော နည်းပညာအဖွဲ့သည် သီးခြားလေ့လာရေးစီမံကိန်းကို ချမှတ်၍ သစ်တောအတွင်း တရုတ်ဂျင်ဆင်းအော်ဂဲနစ် စိုက်ပျိုးရေးသော့ချက်နည်းပညာကို ဖန်တီးထားပြီး သစ်တောအတွင်း တရုတ်ဂျင်ဆင်းရှင်သန်နိုင်နှုန်း ၁၀% မှ ၇၀% သို့ မြှင့်တင်နိုင်ခဲ့သည်။ အဆိုပါနည်းပညာဖြင့် စိုက်ပျိုးရရှိသော အော်ဂဲနစ် တရုတ်ဂျင်ဆင်းအခြောက် ၁ ကီလိုဂရမ်မှာ တရုတ်ယွမ်ငွေ ၆၀၀၀ ကျော် ရောင်းချနိုင်ပြီး အစားအစာနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးအတွက် မထိခိုက်နိုင်ပါ။ လယ်သမားမိသားစုတစ်စုသည် သစ်တောအတွင်း တရုတ်ဂျင်ဆင်းစိုက်ပျိုးခြင်းဖြင့် တရုတ်ယွမ်ငွေ ၃ သောင်းကျော် ပျှမ်းမျှဝင်ငွေရရှိနိုင်ပြီး ပြီးခဲ့သည့်နှစ် ကာလတူထက် ၆ ဆကျော် ရရှိသည်။

ကျူးယုပ်ယွန်သည် တရုတ်နိုင်ငံတွင် တရုတ်အင်ဂျင်နီယာဌာန သိပ္ပံနည်းပညာဖြင့် ဆင်းရဲမွဲတေမှုလျှော့ချရေးလက်တွေ့နည်းပညာသင်တန်းကို ပထမဆုံးအကြိမ် ဖန်တီးပြုလုပ်ပြီး လယ်သမားမိသားစုများစွာအတွက် သင်တန်းပေးပါသည်။ ပြည်သူများကို နားလည်သဘောပေါက်နိုင်သော စကားလုံးဖြင့် ဟောပြောပို့ချပြီး နည်းပညာကို သင်ပေးသည်။ လယ်မြေတွင် စိုက်ပျိုးရေးနည်းပညာကို လက်တွေ့လမ်းညွှန်ပေးပြီး ပညာရအောင် သင်ကြားပို့ချပေးပါသည်။ သစ်တောအတွင်း တရုတ်ဂျင်ဆင်းစိုက်ပျိုးခြင်း၊ ဆောင်းရာသီတွင် အာလူးစိုက်ပျိုးခြင်းမှအပြင် ကျူးယုပ်ယွန်နှင့် သူ၏အဖွဲ့သည် ဆောင်းရာသီတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း၊ လက်ဖက်စိုက်ပျိုးခြင်း၊ သစ်တောတွင်းစိုက်ပျိုးခြင်း၊ ဝက်နွားမွေးမြူခြင်းဆိုင်ရာ ကျွမ်းကျင်မှုနည်းပညာသင်တန်းစုစုပေါင်း ၂၄ ခုကို ဖွင့်လှစ်ထားပြီး ဒေသခံ ၁၅၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးပါသည်။

စာတမ်းကို မြေကြီးပေါ်တွင် ရေးဆွဲပါသည်။ လယ်သမားများကို နှလုံးသားထဲတွင် စီထားပါသည်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံ ဗဟိုညွှန်ကြားရေးဌာနသည် ကျူးယုပ်ယွန်အတွက် “ခေတ်ပေါ် စံပြ”အဖြစ် ဂုဏ်ပြုချီးမြှင့်ပေးပါသည်။

ဆက်စပ်မှု--

ကျူးယုပ်ယွန်သည် တရုတ်အင်ဂျင်နီယာဌာန ပညာရှင်၊ ယူနန် လယ်ယာစိုက်ပျိုးရေးတက္ကသိုလ် ဂုဏ်ထူးဆောင်ကျောင်းအုပ်၊ ယူနန်ပြည်နယ် သိပ္ပံနည်းပညာအသင်းဥက္ကဋ္ဌ ဖြစ်ပါသည်။ သူလေ့လာရရှိသော ဆန်စပါးရောဂါ ထိန်းသိမ်းရေးနည်းပညာသည် တရုတ်နိုင်ငံအတွက် တရုတ်ဧကသိန်း ၆၀၀ ကျော်အသုံးဝင်နေပြီး ကုလသမဂ္ဂ FAO သိပ္ပံနည်းပညာလေ့လာရေးပထမဆုကို ရရှိသည်။ “မျိုးစိတ်များစွာဖြင့် ကောက်ပဲသီးနှံဆိုင်ရာပိုးမွှားနှင့်ရောဂါကို ထိန်းသိမ်းရေး”နည်းပညာသည် တရုတ်ပြည်တွင်းပြည်ပတွင် တရုတ်ဧက ဝ.၃ ဘီလီယံကျော် အသုံးဝင်ပါသည်။ အဆိုပါနည်းပညာ ၂ မျိုးသည် ပိုးသတ်ဆေးအသုံးပြုရာမှာ ၆၀%ကို လျှော့ချအသုံးပြုနိုင်၍ သီးနှံထွက်နှုန်းမှာ ၂၀%-၃၀% ဝန်းကျင် တိုးမြှင့်နိုင်သဖြင့် နိုင်ငံတကာအခက်အခဲကြီးကို ဖြေရှင်းနိုင်ပါသည်။