၂၀၁၉“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် • ရောင်စုံယူနန်”နိုင်ငံတကာမော်တော်ယာဉ် Rally ပြိုင်ပွဲ ကူမင်းမှ ယာဉ်ကားထွက်သွား

2019-12-04 17:25:34 |သတင်းအရင်းအမြစ် 新华网

၂၀၁၉“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် • ရောင်စုံယူနန်”နိုင်ငံတကာမော်တော်ယာဉ် Rally ပြိုင်ပွဲ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်းမြို့မှ ယာဉ်ကားထွက်သွားကြောင်း၊ မော်တော်ယာဉ် ၄၅ စီးခန့်ဖွဲ့စည်း၍ လာမည့် ၁၈ ရက်အတွင်းတွင် စုစုပေါင်းကီလိုမီတာ ၅၀၀၀ ကျော်ဖြတ်သွားပြီး လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံဖြတ်သွားပြီးနောက် တရုတ်နိုင်ငံကို ပြန်ရောက်မည်ဖြစ်ကြောင်း၊ ခရီးစဉ်မှာပြိုင်ပွဲများ၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ပွဲများကို ကျင်းပမည်ဖြစ်ကြောင်းသတင်းအရသိရပါသည်။

“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် • ရောင်စုံယူနန်”နိုင်ငံတကာမော်တော်ယာဉ် Rally ပြိုင်ပွဲသည် ၂၀၁၆ ခုနှစ်မှစပြီး ၃ ကြိမ်ကို အောင်မြင်စွာ ကျင်းပခဲ့ပါပြီဖြစ်ကြောင်းသတင်းအရသိရပါသည်။ ဤပြိုင်ပွဲသည် “အားကစား+”ဆိုင်ရာတက်ကြွဆောင်ရွက်မှုဖြင့် အားကစားပလက်ဖောင်းကို တည်ထောင်ထားပါကြောင်း၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေးစသည်တို့ကို ပေါင်းရောဖွံ့ဖြိုးတိုးတက်ကြောင်း၊ ယူနန်ပြည်နယ်နှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံနှင့် ဒေသများကူးလူးဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုကို တွန်းတင်ဆောင်ရွက်ပါကြောင်းသတင်းအရသိရပါသည်။

လတ်တလောနှစ်ပိုင်းမှာ ယူနန်ပြည်နယ် အားကစားဌာနသည် အားကစားအများသုံးဝန်ဆောင်မှုကို တက်ကြွတင်ပေးပြီး“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်။ ရောင်စုံယူနန်”တံဆိပ်ကျပြိုင်ပွဲဖြစ်သော မာရသွန်၊ စက်ဘီး၊ ဘောလုံး၊ မော်တော်ယာဉ် Rally၊ နဂါးလေ၊ တင်းနစ်၊ Kayak စသည့် အားကစားပြိုင်ပွဲကို တည်ထောင်ပြုစုထားပါကြောင်း၊ ကောင်းမွန်ပြည့်စုံသည် ပြိုင်ပွဲဖွဲ့စည်းခြင်းနှင့် ပြိုင်ပွဲဝန်ဆောင်မှုဖြင့် ပြည်သူလူထုဆိုင်ရာတိုးများလာနေသော အားကစာလှုပ်ရှားမှုနှင့် အားကစားသုံးဆောင်မှုလိုအပ်ချက်အတွက် အကျိုးဆောင်ပါကြောင်းဟု ယူနန်ပြည်နယ် အားကစားဌာန ကွန်မြူနစ်ပါတီကော်မတီအတွင်းရေးမှူး၊ ဌာနမှူးဖြစ်သူ ရင်ယွန်က မိတ်ဆက်ပေးပါသည်။

သတင်းထောက်။ ။ဟွာလင်(ဆင်ဟွာသတင်းဌာန)