ကူမင်း ကျောင့်ဇီနှင်းတောင်တွင် ဆီးနှင်းဖုံးလွှမ်းနေသော ရှုခင်းသာယာလှပနေ

2019-12-04 17:33:51 |သတင်းအရင်းအမြစ် 云南日报

“တိမ်ပင်လယ်ကြီး၊ ဆီးနှင်းပြင်ကြီးက ရှုခင်းတော်တော်လှပါတယ်။ ဆန္ဒရှိသလောက်ကို ဓာတ်ပုံမရိုက်နိုင်ဘူး။” ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြင်းထန်လှသော လေအေးကြောင့် အပူချိန်ဆက်လက်လျှော့ချသွားပါသည်။ ကူမင်းမြို့နှင့် ကီလိုမီတာ ၁၀၀ ကျော်ကွာဝေးသော ကျောင့်ဇီနှင်းတောင်ရှုခင်းသာတွင် ဆီးနှင်းဖုံးလွှမ်းသွားသဖြင့် အင်မတန်လှပနေပါသည်။ ဒီဇင်ဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် အဆိုပါရှုခင်းသာ၏ ခရီးသည်ဝန်ဆောင်မှု စင်တာတွင် အပူချိန် 0℃ ဝန်းကျင်ရောက်ရှိနေသောကြောင့် ရှုခင်းသာအတွင်းရှိ ဆီးနှင်းများဖုံးလွှမ်းသွားသော သစ်တောရှုခင်းသည် သာယာလှပပြီး ခရီးသည်များစွာကို ဆွဲဆောင်နေပါသည်။

ကွန်ကျူးမှ ကူမင်းသို့ သီးခြားခရီးထွက်လာသော မစ္စဖွန်သည် ရှုခင်းသာသို့ ရောက်ရောက်ချင်းပင် ရောက်ရှိကြောင်းဓာတ်ပုံ ရိုက်လိုက်ပြီး ဓာတ်ပုံရိုက်ခြင်းကို မရပ်မနားလုပ်ဆောင်ပါတော့သည်။ “ရှုခင်းသာဓာတ်ပုံတွေ များလွန်းလို့ ဖုန်းထဲမှာတောင် မဆံ့တော့ဘူး။”ဟု သူမက ရယ်ပြုံးကာ ပြောကြားပါသည်။ ထိုနေ့တွင် ကျောင့်ဇီနှင်းတောင်ရှိစိမ်းလန်းလှပသော သစ်ပင်များသည် မြူမှုန်နှင့် ဆီးနှင်းခဲတို့ဖြင့် ဖုံးလွှမ်းနေပြီး စီးဆင်းနေသော ရေတံခွန်များသည် အပူချိန်အေးလွန်းသောကြောင့် ကြည်လင်သော ရေခဲရေတံခွန်သို့ ရောက်ရှိသွားသည်။ ချိုင်ဝှမ်းနှင့် တောင်ကြားတွင် မီးခိုးမြူမှုန်များသည် လေနှင့်အတူ လွင့်ပျံ့နေကာ ပုလွေသောင့် ဆီးနှင်းနတ်ရွာကမ္ဘာကဲ့သို့ ဖြစ်နေပြီး မစ္စဖုန်ကဲ့သို့သော ခရီးသည်များစွာကို ဆွဲဆောင်နေကြပါသည်။

သစ်ပင်ကိုင်းတွဲလောင်းခိုခြင်းဟု လူသိများသည့် ဆီးနှင်းများသည် အပူချိန် အေးလွန်းသောကြောင့် လေထုရှိရေငွေ့များသည် ချက်ချင်းအေးခဲသွားသော (သို့မဟုတ်) အေးလှသော မြူမှုန်များသည် အရာဝတ္ထုပေါ်တွင် ချက်ခြင်းအေးခဲသွားသော ကြည်လင်သော နို့ရည်ဖြူခရစ္စတယ် ဖြစ်ပါသည်။ ဆီးနှင်းဖြစ်မှုသည် အပူချိန်အေးလွန်းပြီး လုံလောက်သောရေငွေ့ လိုအပ်သည်။ သို့သော် ဤအကြောင်းအရင်း ၂ ခုက အရေးကြီးလှပြီး ထိုသို့မပြည့်စုံပါက ဆီးနှင်းအလှရှုခင်းကို မြင်တွေ့နိုင်မည်မဟုတ်ပါ။

ကျောင့်ဇီနှင်းတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၂၄၇ မီတာရှိပြီး ဆီးနှင်းကာလသည် နှစ်စဉ် နိုဝင်ဘာလ နှောင်းပိုင်းမှစပြီး လာမည့်နှစ် မတ်လအထိ ဖြစ်သည်။ “ဆောင်းရာသီတွင် ဆီးနှင်းကို ရှုစား၊ နွေဦးရာသီတွင် ရေခဲပြင်ကို ကြည့်ရှု၊ နွေရာသီတွင် ပန်းပွင့်ကို မျက်လုံးပစ်၊ ဆောင်းဦးရာသီမှာ မြစ်ရေအလှကို လိုက်ရှာ”ဟူသည်မှာ ကျောင့်ဇီနှင်းတောင်လည်ပတ်ကြည့်ရှုခြင်းအတွက် ထူးခြားလှပသော ခရီးစဉ်တစ်ခု ဖြစ်ပါသည်။

သတင်းထောက် ။ ။ဟန်ချင်ယွမ် (ယူနန်နေ့စဉ်သတင်းစာ)