ယူနန် ပေါင်စန်း ချင်းဟွာဟိုင် နိုင်ငံတော်အဆင့် စိမ့်မြေဥယျာဉ်သည် ဆောင်းခိုငှက်ကလေးများအတွက် ပျော်ပါးဥယျာဉ်ဖြစ်လာ

2019-12-05 17:55:39 |သတင်းအရင်းအမြစ် 新华网

ချင်းဟွာဟိုင် နိုင်ငံတော်အဆင့် စိမ့်မြေဥယျာဉ်သို့ လာရောက်၍ ဆောင်းခိုသောငှက်ကလေးများကို တွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ သတင်းထောက် ချိုင့်ချင့်ပျောင်းက ဓာတ်ပုံရိုက်သည်။

ချင်းဟွာဟိုင် နိုင်ငံတော်အဆင့် စိမ့်မြေဥယျာဉ်သည် ချင်းဟွာဟိုင် အရှေ့ဖက်ကန်တော်၊ အနောက်ဖက်ကန်တော်၊ ပေမျောက်ရေသိုလှောင်ကန်၊ အရှေ့ဖက်မြစ်မြစ်ဝှမ်းတို့ ပါဝင်ပြီး စုစုပေါင်းဧရိယာမှာ တရုတ်ဟတ်တာ ၁၃၅၉.၁၉ ရှိပါသည်။ စိမ့်မြေဧရိယာမှာ တရုတ်ဟတ်တာ ၆၆၁.၀၂ ရှိ၍ ၄၈.၆၄% ခန့်ရှိပြီး ဇီဝဂေဟစနစ် ကာကွယ်စောင့်ရှောက်ရေးဧရိယာ၊ ပြန်လည်ပြုပြင်တည်ထောင်ရေးဧရိယာ၊ သိပ္ပံနည်းပညာပြခန်းဧရိယာ၊ စနစ်တကျအသုံးပြုရေးဧရိယာနှင့် စီခံခန့်ခွဲဝန်ဆောင်မှုဧရိယာစုစုပေါင်းဧရိယာ ၅ ခုကို သတ်မှတ်ထားသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ချင်းဟွာဟိုင် နိုင်ငံတော်အဆင့် စိမ့်မြေဥယျာဉ်သည် AAA အဆင့်ဖြစ်သောရှုခင်းသာဇုန်ဟု သတ်မှတ်ထားကြောင်း သတင်းအရသိရပါသည်။

သတင်းထောက် ။ ။ ရှောင့်ဝေချင်၊ ဝမ်းမင်ထင်(ဆင်ဟွာသတင်းဌာန)