ကူမင်းကျောင့်ဇီနှင်းတောင်မှာ ယခုနှစ် ပထမဆုံးဆီးနှင်းကျလာ

2019-12-06 17:30:55 |သတင်းအရင်းအမြစ် 云南日报

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် ကူမင်းမြို့ကျောင့်ဇီနှင်းတောင်ရှုခင်းသာဇုန်တွင် ဆီးနှင်းများတဖွဲဖွဲကျလာပါသည်။ ဒီဇင်ဘာလ၂ ရက်နေ့ ထွက်ပေါ်လာသော နှင်းဖုံးလွှမ်းနေသည့်ရှုခင်းကို ခံစားပြီးနောက် အဆိုပါနှင်းများသည် ဆောင်းရာသီဝင်ချိန်တွင် ပထမဆုံးကျလာသောဆီးနှင်း ဖြစ်သည်ဟု သိရသည်။

ထိုနေ့ ညနေပိုင်း ၂ နာရီနောက်ပိုင်းတွင် ဆီးနှင်းပြင်သည် တဖြေးဖြေးကြီးလာပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀၀၀ ကျော်ရှိရှုခင်းသာဇုန်မှာ ဆီးနှင်းများထူထပ်စွာဖုံးလွှမ်းသွားပြီး ဆီးနှင်းအထူဆုံးနေရာမှာ ၁၅ စင်တီမီတာကျော်ရှိသည်။

 

ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် စက်တင်ဘာလ ၂၇ ရက်နေ့များတွင်လည်း ဆီးနှင်းကျခဲ့ပြီး လွန်ခဲ့သောနှစ်များထက် စောကြောင်း၊ သို့သော် နေပူချိန်မြင့်သောကြောင့် ဆီးနှင်းများစုဆောင်းရန် ခက်ခဲကြောင်း ကူမင်းမြို့ကျောင့်ဇီနှင်းတောင်ရှုခင်းသာဇုန်မှ ဝန်ထမ်းတစ်ဦးက မိတ်ဆက်ပေးသည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် တဖွဲဖွဲကျလာသော ဆီးနှင်းများသည် ရက်ပိုင်းအတွင်း အရည်ပျော်မည်မဟုတ်ပဲ နေရာဒေသအသီးသီးမှ ခရီးသည်များကို လာရောက်ရှုစားရန် ကြိုဆိုနေပါသည်။

သတင်းထောက် ။ ။ဟန်ချန်ယွမ် (ယူနန်နေ့စဉ်သတင်းစာ)