ယူနန်၏ ဆောင်ရွက်နေသော နည်းလမ်းကြောင့် ခရီးသည်ကျေနပ်ခြင်း မြင့်တင်လာ

2019-12-11 16:59:15 |သတင်းအရင်းအမြစ် 昆明日报

၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း ယူနန်ပြည်နယ်၏ ခရီးသည်ကျေနပ်ခြင်း ပျှမ်းမျှအမှတ်မှာ ၉.၅၂ မှတ်ရရှိပြီး နှစ်ဆန်းရှိ ၈.၀၅ မှတ်ထက် ၁.၄၇ မှတ်ဖြင့် တိုးမြှင့်လာကြောင်းသတင်းအရသိရပါသည်။ ယူနန်ပြယ်နယ်မှ ပြည်နယ်တွင်း ပြည်နယ်ပနှင့် အဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းကို ရိုးသားစွာ လုပ်ဆောင်ခြင်းစသည့် ဆောင်ရွက်ချက်များကြောင့် ခရီးသွားလုပ်ငန်းဈေးကွက်စနစ်သည် ကောင်းမွန်စွာပြောင်းလဲလာပြီး ခရီးသည်များ၏ ကျေနပ်သဘောကျမှု ရရှိလာသည်။

ယူနန်ပြည်နယ်သည် အခြားသော ပြည်နယ်နှင့်ဒေသများ ပူးပေါင်းဆောင်ရွက်ပြီး ယူနန်ပြည်နယ်အတွင်း“တာဝန်ယူမှုမရှိသော ဈေးသက်သာသည့် ခရီးစဉ်” ရောင်းချသော ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များကို အရေးယူခြင်းနှင့် တရုတ်နိုင်ငံအတွင်းရှိ နာမည်ကျော်ကြားသော အွန်လိုင်းကုမ္ပဏီ ၁၀ ခုနှင့် ပူးပေါင်းဆောင်ရွက်ပြီး ယူနန်ပြည်နယ်ဆိုင်ရာ“တာဝန်ယူမှုမရှိသော ဈေးသက်သာသည့် ခရီးစဉ်”များကို အဖက်ဖက်မှ စုံစမ်းစစ်ဆေးပိတ်ဆို့ထားခြင်းဖြင့် လက်ရှိတွင် ယူနန်ပြည်နယ်ဆိုင်ရာဈေးသက်သာသော ခရီးစဉ်များကွယ်ပျောက်နေပြီဖြစ်သည်။

ယူနန်ပြည်နယ်သည် “ဖုန်တစ်လုံးဖြင့် ယူနန်ပြည်နယ်တွင် ခရီးလှည့်လည်ခြင်း”ပလက်ဖောင်းကို အသုံးပြုပြီး တိုင်ကြားမှုလက်ခံခြင်းနှင့် ဝယ်ယူပစ္စည်းကို ပြန်အပ်ခြင်းလမ်းကြောင်းကို အဆက်မပြတ် အဆင်ပြေအောင် လုပ်ခြင်းဖြင့် ခရီးသည်များအတွက် စိတ်လက်ချမ်းသာပျော်ရွှင်သော ခရီးစဉ်ကို ဖြစ်စေပါသည်။ “ဖုန်တစ်လုံးဖြင့် ယူနန်ပြည်နယ်တွင် ခရီးလှည့်လည်ခြင်း”ပလက်ဖောင်းရှိ “၁+၁၆+၁၂၉+X”ဟူသော ခရီးသည် တိုင်ကြားချက်ကိုင်တွယ်မှုစနစ် ကျင့်သုံးခြင်းဖြင့် လက်ရှိတွင် တိုင်ကြားချက်ဖြေရှင်းရေးပျှမ်းမျှအချိန်မှာ ယခင်က လုပ်ငန်းရက် ၇ ရက်မှ ယခုအခါ ၄ နာရီ ၅၉ မိနစ်သို့ လျော့ချလာနိုင်ပြီး တစ်နိုင်ငံလုံးတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ တိုင်ကြားချက်ဖြေရှင်းပေးနိုင်သည့် အမြန်ဆုံးပလက်ဖောင်းအဖြစ် ရပ်တည်နေပါသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၂၃၀၁ တစ်နိုင်ငံလုံး၏ ခရီးသွားလုပ်ငန်းဆိုင်ရာတိုင်ကြားချက်ပလက်ဖောင်းမှာ ယူနန်ပြည်နယ်ဆိုင်ရာ တိုင်ကြားချက်သည် အလားတူကာလနှင့် ယှဉ်ကြည့်ရာမှာ ၁၅% လျော့ကျလာကြောင်း သတင်းအရသိရပါသည်။

“ပရမ်းပတာကို ပြုပြင်ခြင်း၊ စမတ်ကျစွာခရီးသွားခြင်း၊ ဝယ်ယူပစ္စည်း ပြန်အပ်ရန် အကြောင်းမရှိခြင်း”တို့ကို အားစိုက်လုပ်ဆောင်ခြင်းဖြင့် ယူနန်ပြည်နယ်သည် ခရီးသွားဈေးကွက်စနစ် အဆင့်အတန်းမြှင့်တင်ခြင်း အဆက်မပြတ် လုပ်ဆောင်ကာ ခရီးသွားလုပ်ငန်းမြှင့်တင်ပြောင်းလဲပြီး အရည်အသွေးကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလုပ်ဆောင်နေသည်။

သတင်းထောက် ။ ။ လီဆီးဖန် (ကူမင်းနေ့စဉ်သတင်းစာ)