အားဝါတောင် ကျေးလက်ခရီးသွားလုပ်ငန်းသည် တိုင်းသူပြည်သားများ၏ “ချမ်းသာအောင်ထီး”အဖြစ် အကျိုးပေး

2019-12-24 17:28:04 |သတင်းအရင်းအမြစ် 新华网

၁၉၉၁ ခုနှစ်တွင် ဂျောင့်ရှုတ်လန်သည် ယူနန်ပြည်နယ် ချမ်းယွမ် ဝါလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မြောက်ပိုင်းရှိမွန်လိုင်ရွာ၌ အိမ်ထောင်ကျပါသည်။ ထိုစဉ်ကကတ္တရာစေးကတ်ထူပြားနှင့် တည်ဆောက်သောတဲလေးတွင် နေရပြီး ရွာထဲလူသိများသောဆင်းရဲသားမိသားစု ဖြစ်ခဲ့သည်။ ယခုအခါ နှစ်ထပ်တိုက်အိမ်တွင် နေထိုင်နိုင်သောဂျောင့်ရှုတ်လန်သည် ပေမွန်လိုင်ရွာ၏ ဖွံ့ဖြိုးတိုးတက်မှု၏ မျက်မြင်သက်သေပင်ဖြစ်ပါသည်။

“လက်ထပ်ခါစမှာဒီနေရာက လျှပ်စစ်နဲ့ရေလုံးဝမရဘူး။ အိမ်သုံးရေရဖို့ ၁၀ မိနစ်ကျော် လမ်းလျှောက်ပြီးတောင်ပေါ်တက် တန်းစီပြီးရေကိုသယ်ရတယ်။ နောက်ပိုင်းမှာ ဘဝတဖြေးဖြေးကောင်းလာတယ်။ အုတ်ကြွပ်မိုးတိုက်အိမ်ငယ်မှာ နေရရင် ကျွန်မကျေနပ်ပြီ။ ဒီနေ့လောက်ကောင်းတဲ့ အနာဂတ်ကိုလုံးဝမစဉ်းစားရဲဘူး။ အထူးသဖြင့် “ဝါဆန်းချမ်းမြေ့သာယာမှု လုပ်ငန်းရပ်”ကို ဆောင်ရွက်ပြီးတဲ့နောက် ကျွန်မတို့မိသားစုက ချမ်းသာကြွယ်ဝလာပါတယ်။”ဟု ဂျောင့်ရှုတ်လန်သည် ကျေးဇူးတင်စွာဖြင့် ပြောသည်။

၂၀၁၄ ခုနှစ်တွင် ဂျောင့်ရှုတ်လန်သည် အတတ်ပညာကျွမ်းကျင်မှုသင်တန်းတက်ရောက်ခဲ့ပြီး တရုတ်အစိုးရပေးသောလုပ်ငန်းစတင်တည်ထောင်ရန် ထောက်ပံ့ကြေးတရုတ်ယွမ် ၃၀၀၀၀ ဖြင့် လယ်သမားမိသားစုစားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါသည်။ “ဒီနှစ် ကောက်သစ်ပွဲတော်ကာလမှာ ကျွန်မတို့စားသောက်ဆိုင်က ၃ ရက်အတွင်းဝင်ငွေ တရုတ်ယွမ် ၅၀၀၀ အထိရရှိတယ်။ အတိတ်ကာလကဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနဲ့ ဝက်မွေးမြူရေးထက် ဝင်ငွေ ပိုရတယ်။ အခု ကျွန်မတို့စားသောက်ဆိုင်က ဝါလူမျိုးငါးဟင်းပွဲနဲ့ ဝါလူမျိုးဂေဟဗေဒကြက်သားဟင်းပွဲစတဲ့ ရိုးရာဟင်းများကို အဓိကချက်တယ်။ နှစ်စဉ် အသားတင်ဝင်ငွေ ယွမ် ၄၀၀၀၀ ကျော်ရတယ်။ မှတ်တမ်းစာရင်းဝင် ဆင်းရဲသားမိသားစု ၃ ခုကိုကူညီပြီး အတူဖွံ့ဖြိုးတိုးတက် စေပါတယ်။”

မွန်လိုင်ရွာသည် ဝါလူမျိုးနှင့် တိုင်လူမျိုးတို့ အတူနေထိုင်သောသဘာဝကျေးရွာတစ်ခု ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် မွန်လိုင်ရွာ စီးပွားရေးဝင်ငွေစုစုပေါင်းတရုတ်ယွမ် ၁၁. ၅၇၂၃ သန်းရရှိခဲ့ပြီး တစ်ဉီးချင်းပျမ်းမျှအသားတင်ဝင်ငွေ ယွမ် ၁၀၂၅၁ ရရှိသည်။ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် ယူနန်ပြည်နယ်အစိုးရ၏ တရားဝင်အတည်ပြုချက်အရ ချမ်းယွမ်ဝါလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် ဆင်းရဲသောဘဝမှ လွတ်မြောက်ခဲ့သည်။

သတင်းထောက် ။ ။ လျူရှင်းဝိတ်၊ လျူတွန်း၊ တင်းနင်