မြန်မာနိုင်ငံ အလုပ်သမား ၇ ဦး တောမှိုအဆိပ်မိခြင်းနှင့် ပတ်သက်သော အကြောင်းကြားချက်

2019-06-30 18:22:33 |သတင်းအရင်းအမြစ် 云桥网

၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ထွန်းထွန်းဦး အပါဝင် မြန်မာနိုင်ငံ အလုပ်သမား ၇ ဦး အဆိပ်ရှိတောမှိုများ အစားမှားသဖြင့် အဆိပ်မိခြင်း ကိစ္စတရပ် ယူနန်ပြည်နယ် လုံချွမ်းခရိုင်၌ ဖြစ်ပွားခဲ့ပါတယ်။

ယခုနှစ်မေလတွင် ထွန်းထွန်းဦးသည် သူဦးဆောင်တဲ့ အလုပ်သမား ၆ ဦးနှင့်အတူ လုံချွမ်းခရိုင်အတွင်း ကြံစိုက်ပျိုးရေး လုပ်ငန်းတရပ်မှာ အလုပ် လုပ်ကြတယ်။ ထိုကိစ္စ ဖြစ်ပွားခဲ့တဲ့နေ့မှာ ထိုသူ ၇ ဦးက တောမှိုတွေကို ဝမ်ဇစ်ဆု ကျေးရွာအုပ်စု လော်လန်ရွာအနီး တောအုပ်တနေရာမှာ လိုက် လန်ရှာဖွေပြီး နေ့လည်စာတကြိမ် ညနေစာတကြိမ် စားသုံးခဲ့ကြတယ်။

ဇွန်လ ၂၁ နေ့ နံနက် ၁ နာရီမှာ သူတို့ ၇ ဦးဟာ တယောက်ပြီးတ ယောက် အော့ချင်အန်ချင်ဖြစ်ကြပြီး အော့အန်၊ ဗိုက်နာ၊ ဝမ်းလျှော စသည်ဖြင့် ရောဂါလက္ခဏာတွေ ဖော်ပြလာတယ်။ ကျေးရွာအုပ်စုဆေးရုံ ကိုတင်ပို့ပြီး ပဏာမစစ်ဆေးချက်အရ တောမှိုအဆိပ်မိမှန်း ရောဂါစစ်တမ်း အရ အဖြေသိရတယ်။ အခြေခံအားဖြင့် ရောဂါကို ထိန်းသိမ်းကုသပေးပြီး လူနာတွေကို လုံချွမ်းခရိုင်ပြည်သူ့ဆေးရုံသို့ ချက်ချင်း ပို့လိုက်ပါတယ်။ ဆေးရုံက လူနာတွေအတွက် အစိမ်းရောင်လမ်း (အသက်ကယ်လမ်း) ဖွင့်လှစ်ပေးပြီး အားသွန်ခွန်စိုက် ကယ်တင်ခဲ့တယ်။ လူနာများစားသုံးပြီး ကျန်နေသော အစားအစာများကို ယူနန်ပြည်နယ် ကူးဆက်ရောဂါ ထိန်း ချုပ်ရေးဌာနသို့ ပေးပို့စစ်ဆေးရန် လုံချွမ်းခရိုင် ကူးဆက်ရောဂါ ထိန်း ချုပ်ရေးဌာနမှ သီးသန့်တာဝန် ပေးထားသူများအား စေလွှတ်၍ သွား ရောက်စုဆောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။

ထိုကိစ္စဖြစ်ပွားပြီးနောက် တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီနှင့် အစိုးရ၊ လုံချွမ်းခရိုင်ပါတီ ကော်မတီနှင့် အစိုးရတို့မှ အလေးဂရုပြုခဲ့တယ်။ လုံချွမ်းခရိုင် နိုင်ငံခြားဆက်ဆံရေးဌာနမှ မြန်မာနိုင်ငံ လွယ်ဂျယ်မြို့ တာဝန်ခံများထံ အကြောင်းကြားလွှာ ပေးအပ်ခဲ့ပြီး လူနာမိသားစုများကို လည်း အကြောင်းကြားခဲ့တယ်။ လူသားအကျိုးဆောင်ဝါဒနှင့် တရုတ် - မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အခြေခံ၍ သက်ဆိုင်ရာ ခေါင်းဆောင်များမှလည်း လူနာများကို ဆေးရုံသို့သွားရောက် ကြည့်ရှု မေးမြန်းခဲ့ပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဌာနများကို ပြည်နယ်၊ ပြည်နယ်ခွဲ၊ ခရိုင်မှ အထူးကုဆရာဝန်ကြီးများ ဖိတ်ခေါ်ပြီး အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ် ကုသပေးရန် ညွှန်ကြားခဲ့ပါတယ်။

ဇွန်လ ၂၂ နေ့ တယ်ဟုန်ပြည်နယ်ခွဲ ကျန်းမာရေးဌာနမှ ပြည်နယ်ခွဲ ပြည်သူ့ဆေးရုံ ဆေးဘက်ဆိုင်ရာ ဆရာဝန်နှင့် အထူးကုဆရာဝန်ကြီးများ အား လုံချွမ်းခရိုင်သို့ သွားရောက်ကုသရန် စေလွှတ်ခဲ့တယ်။

ဇွန်လ ၂၃ ရက်နေ့တွင် ပြည်နယ်ကျန်းမာရေးဌာနမှ ယူနန်ပြည်နယ် အမှတ် ၁ ပြည်သူ့ဆေးရုံမှ သြဇာတိက္ကမရှိသော အထူးကုဆရာဝန် ပါရဂူကြီး ၂ ဦးနှင့် ရှန့်ဟိုင်မြို့မှ (ယူနန်ပြည်နယ် - ရှန့်ဟိုင်မြို့ ဆေးဝါးကု သရေး ပူပေါင်းပံ့ပိုးကူညီမှု) အထူးကုဆရာဝန်များနှင့်အတူ ကယ်ဆယ် ရေးအဖွဲ့ ဖွဲ့စည်းပြီး လူနာများကို အားသွန်ခွန်စိုက် ကုသပေးခဲ့တယ်။

ဇွန်လ ၂၄ ရက်နေ့တွင် ပြည်နယ်ကူးဆက်ရောဂါ ထိန်းချုပ်ရေးဌာနမှ လူနာများစားသုံးခဲ့တဲ့ အစားအစာများမှာ အဆိပ်ပါကြောင်း အဖြေပေးခဲ့ တယ်။ ထိုလူနာ ၇ ဦးဟာ “မှိုဖြူ”အဆိပ်မိကြောင်း အဖြေရတယ်။ “မှိုဖြူ” ဆိုတာ Amanita မှို ဖြစ်တယ်။ မိမိတို့ဒေသမှာ အလွန်များပြားတဲ့ တောထွက် အဆိပ်မှိုဖြစ်တယ်။ လူသားရဲ့ အသည်း၊ ကျောက်ကပ်၊ သွေးကြောသတ္တဗီဇနှင့် ဗဟိုနာဗ်ကြောကို ပြင်းထန်စွာ ထိခိုက်စေတယ်။ ကိုယ်တွင်းအင်္ဂါများ အားနည်းစေပြီး သေဆုံးနိုင်ကာ အသေအပျောက်နှုန်း မြင့်တယ်။ “မှိုဖြူ”ကို 50g (ဂရမ်) စားသုံးမိလျှင် သေဆုံးနိုင်တယ်။ ထိုလူနာ ၇ ဦးဟာ စုစုပေါင်း 2000g စားသုံးခဲ့ပြီး ပျမ်းမျှခြင်းအားဖြင့် တယောက်ကို 250g စားသုံးခဲ့တယ်။ သေဆုံးနိုင်တဲ့ စံနှုန်းထက် 5 ဆ ကျော်နေတယ်။ ထို့ကြောင့် ပြည်နယ်ကျန်းမာရေးဌာနမှ ဒုတိယအသုတ် အထူးကုဆရာဝန်များအဖွဲ့နှင့် ယူနန်ပြည်နယ် အမှတ် ၁ ပြည်သူ့ဆေးရုံမှ အသည်း၊ သည်းခြေ ခွဲစိတ်ကုသရေး ဒုတိယတာဝန်ခံဖြစ်တဲ့ ဆရာဝန် တဦးကို လုံချွမ်းခရိုင် ပြည်သူ့ဆေးရုံသို့ သွားရောက်ကုသရန် ထပ်မံစေ လွှတ်ခဲ့တယ်။ တရုတ်နိုင်ငံဆိုင်ရာ ကူမင်းမြို့ အခြေစိုက် ကောင်စစ်ဝန် ချုပ်ရုံး ကောင်စစ်ဝန်ချုပ်ပေး ဦးထွန်းအောင်မှ ရွှေလီမြို့ မြန်မာကျောက်မျက် ရတနာအသင်း အဖွဲ့မှူး ဦးဖုန်းကျော်တို့အား လူနာများကို ဆေးရုံသို့သွား ရောက် ကြည့်ရှုမေးမြန်းရန် တာဝန်ပေးအပ်ခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်နေ့တွင် ထိုလူနာ ၇ ဦးဟာ ရောဂါအခြေအနေ ဆိုးဝါး နေသဖြင့် အထူးကုသရေး ဆရာဝန်အဖွဲ့မှ လူနာတွေရဲ့ ရောဂါအခြေအ နေပေါ်မှုတည်ပြီး “တယောက်စီ ကုသနည်းတစ်မျိုး”ဖြင့် ကုသရန် နေ့လည် ၁၅ နာရီတွင် လူနာမိသားစု ၁၅ ဦးနှင့် ညှိနှိုင်းခဲ့တယ်။ လူနာမိသားစုများလည်း ထိုကုသနည်းကို သဘောတူခဲ့ကြတယ်။

ဇွန်လ ၂၆ ရက်နေ့မှာ လူနာနှင့် လူနာမိသားစုများက မြန်မာပြည်ပြန် ချင်ကြောင်း လုံချွမ်းခရိုင် နိုင်ငံခြားဆက်ဆံရေးဌာနကို အခါခါတင်ပြခဲ့ တယ်။ အထူးကုဆရာဝန်များက စကားပြန်မှတဆင့် လူနာရဲ့ရောဂါ အခြေအနေ၊ နောက်ဆက်လက် ကုသမဲ့နည်းနာများနှင့် ဖြစ်ပေါ်နှိုင်မဲ့ အန္တရာယ်များကို လူနာ - ဆရာဝန် စည်းမျဉ်းစည်းကမ်းအရ လူနာမိသားစု များကို သေချာရှင်းလင်း ပြောဆိုခဲ့သော်လည်း လူနာမိသားစုများမှ အထက်ပါ တောင်းဆိုချက်ကိုပဲ ဆောင်ရွက်ချင်ပါကြောင်း ဖြေကြားခဲ့ပါ တယ်။ လုံချွမ်းခရိုင် နိုင်ငံခြားဆက်ဆံရေးဌာနမှ ထိုအခြေအနေကို တရုတ် နိုင်ငံဆိုင်ရာ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ရုံးချုပ် ကိုယ်စားလှယ် ဦးဖုန်းကျော်ကို အကြောင်းကြားပြီး ဦးဖုန်းကျော်က ကောင်စစ်ဝန်ချိုပ်ရဲ့ ညွှန်ကြားချက်ကို အောက်ပါအတိုင်း အကြောင်းကြားလာတယ်။

ကောင်စစ်ဝန်ချုပ်ရုံးသည် လူနာမိသားစုများ၏ ဆန္ဒကို လေးစား လိုက်နာပါမယ်။ လူနာများကို မြန်မာပြည်သို့ ပြန်လည်ခေါ်ဆောင်သွားရန် သဘောတူပါတယ်။
လူနာမိသားစုများက မိမိဆန္ဒအရ ဆေးရုံဆင်းလျှောက်လွှာ တင်ပြပြီး ရောဂါအခြေအနေ အကြောင်းကြားလွှာကို လက်မှတ်ရေးထိုးခဲ့ကြတယ်။ ထို့နောက် လုံချွမ်းခရိုင် ပြည်သူ့အစိုးရမှ လူသားခြင်း စာနာထောက်ထား ရေးဝါဒအရ လူနာတစ်ယောက်ကို ယွမ်ငွေ 5000 ကူညီပံ့ပိုး ပေးခဲ့ပါတယ်။

၁၅ နာရီ ၁၀ မိနစ်တွင် လုံချွမ်းခရိုင် သက်ဆိုင်ရာဌာနများရဲ့ ယိုင်းပင်း ကူညီမှုအောက်မှ လူနာများနှင့် လူနာမိသားစုများကို လူနာတင်ကား ၇ စီး ဖြင့် ရွှေလီမြို့ကျယ်ဂေါင်ဂိတ်သို့ တင်ပို့ခဲ့ပါတယ်။ ၁၆ နာရီတွင် ကျယ် ဂေါင်ဂိတ် ရောက်ပြီး မြန်မာနိုင်ငံ မူဆယ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုး၊ မူဆယ်ခရိုင် လဝက ဦးစီမှူး ဦးစန်းဝေတို့အား လွှဲအပ်ပေးခဲ့ပါတယ်။ ၁၆ နာရီ ၃၀ မိနစ်တွင် နယ်စပ်ဂိတ် ဖြတ်ကျော်ရေးနှင့် နိုင်ငံခြားသားလွှဲအပ်ရေး ဆိုင်ရာ ရုံးလုပ် ငန်းကိစ္စများကို အပြီးအစီး ဆောင်ရွက်လွှဲအပ်ခဲ့ပါတယ်။

တရုတ်ပြည် လုံချွမ်းခရိုင် ပြည်သူ့အစိုးရ သတင်းပြန်ကြားရေးဌာန

၂၀၁၉.၆.၂၈

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006