ဥက္ကဋ္ဌရှီကျင့်ဖိန်က၂၀၁၉ ခုနှစ် ကမ္ဘာ့စွမ်းအင်သစ်မော်တော်ကားအစည်းအဝေးအား ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

2019-07-02 18:36:09 |သတင်းအရင်းအမြစ် CRI

၂၀၁၉ ခုနှစ်ကမ္ဘာ့စွမ်းအင်သစ်မော်တော်ကားအစည်းအဝေးကို ယခုလ၂ ရက်နေ့က ဟိုင်နန်ပြည်နယ်မိုအော်မြို့၌ ကျင်းပခဲ့ကြောင်း၊ နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ပြီး ယခုအကြိမ်အစည်းအဝေးကျင်းပခြင်းကို လှိုက်လှိုက်လှဲလှဲ ထောမနာပြုခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က တရုတ်ပြည်သည် မြစိမ်းရောင်၊ ကာဗွန်လျှော့ချနည်းခြင်းနှင့် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို စွဲကိုင်ပြီး နိုင်ငံတကာမိသားစုကြီးနှင့်အတူ စွမ်းအင်သစ်မော်တော်ကားသိပ္ပံနည်းပညာဆန်းသစ်တီထွင်ရေးနှင့် သက်ဆိုင်ရာ လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးကာ သန့်ရှင်းလှပသော ကမ္ဘာနှင့် လူသားကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရန် ပိုမိုအကျိုးပြုစွမ်းဆောင်ပေးလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006