မြန်မာခရီးသည်တင်သင်္ဘောBELMOND ၏ မန္တလေးခရီးစဉ် မိတ်ဆက်ပွဲကို သြဂုတ်လ (၂၈)ရက်နေ့က ကူမင်းမြို့တွင် ကျင်းပခဲ့ပြီး ၎င်းသည် တရုတ်ခရီးသွားလာရေးလုပ်ငန်းက ပထမဦးဆုံးအကြိမ် LVMH ကုမ္ပဏီအုပ်စုလက်အောက်ရှိအဆင့်မြင့်ခရီးသွားလုပ်ငန်းအမှတ်တံဆိပ် BELMOND နှင့် ပူးပေါင်း ဆောင်ရွက်သည့်ခရီးစဉ်ဖြစ်သည်။ ခရီးသည်တင်သင်္ဘောဖြင့် ရရှိနိုင်မည့် မတူကွဲပြားသည့် ထူးခြား ချက်များအား ခရီးသည်များကိုရရှိခံစားစေနိုင်မည်ဖြစ်သည်။ ထို့အတူ ခရီးသွားလာရေးဈေးကွက်တွင် အဆင်မြင့်ထွက်ကုန်များပေါကြွယ်စေရန်လည်းရည်ရွယ်ထားကြောင်း သိရသည်။
အဆိုပါခရီးစဉ်၏တရုတ်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်သည် ယူနန်ပြည်နယ်နိုင်ငံတကာခရီးသွားလာ ရေးကုမ္ပဏီပေါ်ရွှေလမ်းမကုမ္ပဏီခွဲဖြစ်သည်။ ယခုအကြိမ်သင်္ဘောခရီးစဉ်သည် ယခုနှစ် အောက်တိုဘာ (၁)ရက်နေ့စတင်ပြီး (၇)ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ ခရီးစဉ်၏ အဓိကသယ်ယူပို့ဆောင်ရေးသည် ခရီးသည်တင်သင်္ဘောဖြစ်ပြီး ရန်ကုန်၊ ပုဂံ၊ မင်းကွန်း၊ မန္တလေးစသည့်မြို့များသို့ သွားရောက်လည်ပတ် ပါမည်။ ခရီးသည်များသည် ဧရာဝတီမြစ်ပေါ်တွင် ကံကောင်းခြင်းဆုတောင်းအခမ်းအနား၊ ကော့တေး ပါတီ၊ ပုဆိုးနှင့်ထဘီ မြန်မာ့အ၀တ်အစားပြပွဲ၊ မြစ်ချောင်းတွင်းမီးထွန်းပွဲ၊ မိုးပျံပူဖောင်းစီးလှည့်လည် ကြည့်ရှုခြင်း၊ မြင်းလှည်းဖြင့်လည်ပတ်ခြင်းအစရှိသော အစီအစဉ်များစွာကို ရရှိခံစားစေရန် စီစဉ်ထား ရှိမည် ဖြစ်သည်။ သင်္ဘောပေါ်တွင် ဝန်ထမ်း(၉၀)ပါရှိပြီးခရီးသည် (၇၂)ဦးအတွက် အဆင့်အမြင့်ဆုံး ဝန်ဆောင်မှုကိုပေးအပ်မည်ဖြစ်ကြောင်းသတင်းအရသိရပါသည်။(Yunnan Gateway)