ရှီကျင့်ဖိန်နှင့် ဂျာမဏီ ဝန်ကြီးချုပ် မာကယ် တွေ့ဆုံနှုတ်ဆက်

2019-09-09 18:06:36 |သတင်းအရင်းအမြစ် CRI

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၆ ရက်နေ့က ပီကင်းတွင် အလည်အပတ် ရောက်ရှိနေသော ဂျာမဏီ ဝန်ကြီးချုပ် မာကယ်နှင့် တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က တရုတ်-ဂျာမဏီ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးပွားစေရန် လိုအပ်ကြောင်း၊ နှစ်နိုင်ငံတို့သည် အပြန်အလှန် လေးစားရေး၊ ညှိနှိုင်းဆွေးနွေးရေးနှင့် တစ်နိုင်ငံ၏ ဖွံ့ဖြိုးရေး လမ်းကြောင်း အပေါ် တစ်နိုင်ငံက လေးစားရေး၊ တစ်နိုင်ငံ၏ အမြုတေ အကျိုးစီးပွားကို တစ်နိုင်ငံက ထောက်ထားရေးမူများကို စွဲကိုင်ပြီး တန်းတူညီမျှသော ဆွေးနွေးရေး၊ အပြန်အလှန် အကျိုးရှိစေရေး၊ ပူးပေါင်း ဆောင်ရွက်ရေး၊ ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန် နည်းယူလေ့လာရေး ရှိသော မဟာဗျူဟာ မိတ်ဖက်ဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

မာကယ်က ဂျာမဏီ-တရုတ် ဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် ကျယ်ပြန့်နက်ရှိုင်းစွာ ပြုလုပ်နေကြောင်း၊ တရုတ်ပြည်သည် ဂျာမဏီ၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ကြောင်း၊ ဂျာမဏီ အနေနှင့် ဥရောပသမဂ္ဂ-တရုတ် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် လိုကြောင်း ပြောကြားသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006