ရှီကျင့်ဖိန်သည် ဟိုနန် ပြည်နယ်၌ လုပ်ငန်းများ လေ့လာ ကြည့်ရှု

2019-09-19 17:16:59 |သတင်းအရင်းအမြစ် CRI

ယခုလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟိုနန် ပြည်နယ် ရှင့်ယမ်မြို့၊ ကျင့်ကျိုးမြို့သို့ ရှေ့ဆင့်နောက်ဆင့် သွားရောက်ပြီး၊ စီးပွါးရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် “မူရင်းစိတ်နှင့် တာဝန်ဝတ္တရားများကို စွဲစွဲမြဲမြဲ မှတ်ထားခြင်း” ဆောင်ပုဒ် အဖြစ် ထားသည့် အသိပညာပေးရေးလုပ်ငန်း အခြေအနေများကို လေ့လာ ကြည့်ရှုခဲ့ပါသည်။

၁၆ ရက်နေ့ ညနေပိုင်းက ရှီကျင့်ဖိန်သည် ပထမ ဦးစွာ ရှင့်ယမ်မြို့ အာဇာနည်များ ဂူသင်္ချိင်းနှင့် တော်လှန်ရေး ပြတိုက်သို့ သွားရောက် ခဲ့ပါသည်။ ထို့နောက် ဒေသခံ တပ်နီ၏ သားမြေးများ၊ တော်လှန်ရေး အာဇာနည်များ၏ မိသားစုဝင်များ ကိုယ်စားလှယ်များနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ရှီကျင့်ဖိန်က၊ မိမိတို့သည် တော်လှန်ရေး အတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်များကို မေ့လို့ မရကြောင်း၊ ယခင် တော်လှန်ရေး ဒေသမှ ပြည်သူများအား မေ့လို့ မရကြောင်း၊ ယင်းဒေသများကို ပိုမို သာယာအောင် တည်ဆောက်ရမည် ဖြစ်ပြီး ဒေသခံများ၏ နေထိုင်မှုဘဝ ပိုမို တိုးတက် ကောင်းမွန် လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြား ခဲ့ပါသည်။

ကျင့်ကျိုးမြို့ ကျောက်မီးသွေးတွင်း စက်ယန္တရား ကုမ္ပဏီသည် နိုင်ငံတော်အဆင့် အဆင့်မြင့် သိပံ္ပနည်းပညာ လုပ်ငန်း ကုမ္ပဏီ တစ်ခု ဖြစ်ပါသည်။ နှစ် ၆၀ ကျော်ကြာ ဖွံ့ဖြိုး ပြီးနောက် ယခု နိုင်ငံတကာ အရေးကြီး ကျောက်မီးသွေး တူးဖေါ်ရေး၊ စက်ယန္တရားများ တင်ပို့ရောင်းချရေးနှင့် ကမ္ဘာ့ရှေးပြေး မော်တော်ကား အစိတ်အပိုင်းပစ္စည်းများ ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခု ဖြစ်လာပါပြီ။ ၁၇ ရက်နေ့က ကျောက်မီးသွေးတွင်း စက်ယန္တရား ကုမ္ပဏီ၌ လေ့လာ ကြည့်ရှုရာ၌၊ ရှီကျင့်ဖိန်က၊ တရုတ်ပြည်၏ ကုန်ထုတ်လုပ်မှု လုပ်ငန်း အဆင့်မြှင့်တင်သွားအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ “နှစ် ၁၀၀ နှစ်ခု ကြိုးပမ်း ဆောင်ရွက်ရေး ရည်မှန်းချက်” ထိထိရောက်ရောက် ဖေါ်ဆောင်နိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

၁၇ ရက်နေ့ ညနေပိုင်းက ရှီကျင့်ဖိန်သည် မြစ်ဝါမြစ်ပြတိုက်သို့ သွားရောက်ပြီး တရုတ် အမျိုးသားများ၏ မိခင်မြစ် ဖြစ်သည့် မြစ်ဝါမြစ် မြစ်ဝှမ်းဒေသ ယဉ်ကျေးမှု၊ ရေဘေး ကြိုတင် ကာကွယ်ရေး၊ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေး သမိုင်းကြောင်းကို လေ့လာကြည့်ရှူ ခဲ့ပါသည်။
 

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006