ယူနန်ပြည်နယ်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်အောင်မြင်မှုများဂုဏ်ပြုပြပွဲ--ခေတ်ကာလနှင့်အညီ တိုးတက်သော နိုင်ငံတော်ဆီ ရှေ့သို့လှမ်းချီ

2019-09-26 17:07:29 |သတင်းအရင်းအမြစ် 云南日报

စက်တင်ဘာလ ၂၅ ရက်နေ့ကစတင်ပြီး“ပြောင်မြောက်သော နှစ် ၇၀ ပြည့် --ယူနန်ပြည်နယ်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ် ၇၀ ပြည့် အောင်မြင်မှုများဂုဏ်ပြုပြပွဲ”သည် ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် အနုပညာပြတိုက်တွင် ကျင်းပပါကြောင်း၊ ဤပြပွဲသည် ဒီဇင်ဘာလ ၅ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်ထားပါကြောင်း၊ ပြပွဲတွင် စာသားအကြောင်းအရာစာလုံးရေစုစုပေါင်း ၉ သောင်းကျော်၊ ဓာတ်ပုံပေါင်း ၁၆၀၀ ကျော်ပြသထားပါကြောင်း၊ ယူနန်ပြည်နယ်ဆိုင်ရာအရေးပါသော စာရွက်စာတမ်းများနှင့် တိုင်းရင်းသားလူမျိုးနေထိုင်မှုဆိုင်ရာပစ္စည်းများစုစုပေါင်း ၅၀၀ ကျော် ပြသထားပါကြောင်း သတင်းအရသိရပါသည်။ သက်ဆိုင်ရာစာရွက်စာတမ်း၊ ဓာတ်ပုံနှင့် ပစ္စည်းများကို ပြသခြင်းဖြင့် နှစ် ၇၀ အချိန်ကာလအတွင်း ယူနန်ပြည်နယ်ဆိုင်ရာ ခန့်ညားလှပသော ပြောင်းလဲမှုများကို ထိထိရောက်ရောက်ခံစားနိုင်မည် ဖြစ်ပါသည်။

သတင်းထောက်။ ။ ကျန်းရှောင်းယူ၊ ကျန်းထွန်၊ ရန်ကျိန်း၊ ဟွန်ကျဲချွန်း၊ လီချူးမြင်၊ ဇော်ချောင်း(ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006