၇ ကြိမ်မြောက် ကမ္ဘာ့ တပ်မတော် အားကစား ပြိုင်ပွဲ၏ ဆုတံဆိပ်နှင့် ဆုဖလားကို တရားဝင် ပြသ

2019-10-11 17:30:23 |သတင်းအရင်းအမြစ် CRI

၇ ကြိမ်မြောက် ကမ္ဘာ့ တပ်မတော် အားကစား ပြိုင်ပွဲ၏ဆုတံဆိပ် နှင့် ဆုဖလားကို အောက်တိုဘာလ ၁၀ရက်နေ့က တရုတ်နိုင်ငံ ဝူဟန့်မြို့၌ တရားဝင် ပြသခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

တပ်မတော် အားကစား ပြိုင်ပွဲ၏ဆုတံဆိပ်နာမည်သည် “ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေး၏ ကြယ်”(Star of Peace and Friendship) ဖြစ်ပြီး နိုင်ငံတကာ တပ်မတော် အားကစား ကောင်စီ(CISM)၏ အမှတ် လက္ခဏာ နှင့် တပ်မတော် အားကစား ပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်အပြင် ကြယ်၅ပွင့်၊ တောင်ပံ၊ လမ်း၊ မဟာတံတိုင်းရှည်ကြီး စသော လက္ခဏာများပါရှိကြောင်း၊ ဆုဖလား၏နာမည်ကမူ “ခုန်တက်ခြင်း”(Take-Off) ဖြစ်ပြီး တရုတ်ဆီးပန်း နှင့် ငြိမ်းချမ်းရေးဂျိုးစသော လက္ခဏာများ ပါရှိကြောင်း သိရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006