”လူငယ်များ လက်တွဲပြီး အနာဂတ်ရေး ဖန်တီးကြ”ဟူသော ဆောင်ပုဒ်ဖြင့် စတုတ္ထ အကြိမ်မြောက် တရုတ်-အာဆီယံ လူငယ်ထိပ်သီးများအစည်းအဝေးကို ယခုလ ၂၃ ရက်နေ့က ပီကင်းတက္ကသိုလ်၌ ဖွင့်လှစ်ခဲ့သည်။ တရုတ်ပြည်လုံးဆိုင်ရာ လူငယ်များသမဂ္ဂ ဒု အတွင်းရေးမှူးချုပ် ဝူဝေ၊ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း မဒမ် ယန်ရှိုဖိန် နှင့် မလေးရှား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန ဒု ဝန်ကြီး လျိုကျင့်တုန်းစသည့် ဧည့် သည်များ၊ တရုတ်၊ အာဆီယံနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များအပါအဝင် လူ ၁၆၀ ကျော်တို့သည်၊ ယင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း China Media Group က ဖော်ပြသည်။