တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ဗဟိုကော်မတီ စတုတ္ထ အကြိမ် မျက်နှာစုံညီ အစည်းအဝေးသည် ပီကင်းတွင် ကျင်းပ

2019-11-01 17:46:05 |သတင်းအရင်းအမြစ် CRI

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဒီလ ၃၁ ရက်နေက ပီကင်းမှာ ကျင်းပပြီးစီးခဲ့ပါတယ်။ ဒီအကြိမ် အစည်းအဝေးမှာ တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် စနစ် စွဲကိုင်ရေးနဲ့ ပိုမို ပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ နိုင်ငံတော် စီမံခန့်ခွဲရေး စည်းစနစ်နဲ့ စီမံခန့်ခွဲရေး စွမ်းအား ခေတ်မီရေး တွန်းအားပေးမှု အရေးကြီး ကိစ္စရပ်များဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဆုံးဖြတ်ချက်ကို စိစစ် အတည်ပြုခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ထဲမှာ တရုတ် နိုင်ငံတော်စနစ်နဲ့ နိုင်ငံတော် စီမံခန့်ခွဲရေး ဆိုင်ရာ အရေးကြီး အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာတွေ စွဲကိုင်ရမလဲ၊ ဘာတွေ ခိုင်ခံ့အောင် ဆောင်ရွက်ရမလဲ၊ ဘာတွေ ပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက် ရမလဲ၊ ဘာတွေ ဖွံ့ဖြိုး တိုးတက်လာအောင် ဆက်လက်ဆောင်ရွက်ရမလဲ အပါအဝင် မေးခွန်းများကို ဘက်စုံ ဖြေကြား ထားပါတယ်။ ဒီဆုံးဖြတ်ချက်မှာ သက်ဆိုင်ရာ လုပ်ငန်းများရဲ့ အချိန်ဇယားနဲ့ လမ်းစဉ် စီမံကိန်းကို ရှင်းလင်းပြတ်သားစွာ ဖေါ်ပြထားပြီး တရုတ်ပြည် ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေးမှာ နောက်ထပ် အရေးကြီး ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တယ်လို့ ပြဆိုထားပါတယ်။

အချိန်ဇယားအကြောင်း ပြောမယ် ဆိုရင်၊ ဆုံးဖြတ်ချက်ထဲမှာ၊ ၂၀၂၁ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်တဲ့ နှစ် ၁၀၀ ပြည့်မြောက်တဲ့နှစ်မှာ တရုတ်နိုင်ငံရဲ့ နယ်ပယ် အသီးသီးမှ စနစ်များ ဖြစ်တည် ရင့်ကျက်ရေးမှာ အောင်ကျိုးရလဒ်များ ထင်ရှားစွာ ရရှိရန်၊ ၂၀၃၅ ခုနှစ်မှာ နိုင်ငံတော် စီမံခန့်ခွဲရေးစနစ်နဲ့ စီမံခန့်ခွဲရေးစွမ်းအား ခေတ်မီရေးကို အခြေခံအားဖြင့် အကောင်အထည် ဖေါ်ဆောင်ရန်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်တဲ့ နှစ် ၁၀၀ ပြည့်နှစ်မှာ နိုင်ငံတော် စီမံခန့်ခွဲရေးစနစ်နဲ့ စီမံခန့်ခွဲရေးစွမ်းအား ခေတ်မီရေးကို ဘက်စုံ အကောင်အထည် ဖေါ်ဆောင်ရန် တင်ပြထားပါတယ်။ အဲဒီ အထွေထွေ ရည်မှန်ချက်ဟာ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှ တင်ပြခဲ့တဲ့ ခြေလှမ်း သုံးလှမ်း ဖွံ့ဖြိုးရေး မဟာဗျူဟာနဲ့ ကိုက်ညီပြီး တရုတ် ကွန်မြူနစ်ပါတီက စနစ် တည်ဆောက်မှုနဲ့ နိုင်ငံတော် အထွေထွေ ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို ညှိနှိုင်း တွန်းအားပေးရေးဆိုင်ရာ ရှင်းလင်း ပြတ်သားသော စီမံကိန်းများကို ပြသထားပါတယ်။

လမ်းစဉ် စီမံကိန်း အကြောင်း ပြောမယ် ဆိုရင် ဆုံးဖြတ်ချက်ထဲမှာ နိုင်ငံရေး၊ စီးပွါးရေး၊ ဥပဒေ စိုးမိုးရေး၊ ယဉ်ကျေးမှု၊ ပြည်သူလူထုများ နေထိုင်မှုဘဝ၊ လူမှုရေး၊ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေး၊ စစ်ရေး၊ တိုင်းပြည် တစ်ပြည် စနစ် နှစ်မျိုး မူဝါဒ၊ နိုင်ငံခြားရေး အပါအဝင် လုပ်ငန်း နယ်ပယ်များစွာမှ အရေးကြီး လုပ်ငန်းတာဝန် ၁၃ ရပ်ကို တင်ပြထားပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006