ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၂ ရက်နေ့ညက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် ဘရာဇီးလီးယားသို့ ရောက်ရှိခဲ့ပြီး BRICS နိုင်ငံ ခေါင်းဆောင်များ ၁၁ ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ဘရာဇီးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဝမ်မင်း နှင့် ဘရာဇီးအစိုးရ အဆင့်မြင့် အရာရှိများသည် လေဆိပ်တွင် ကြိုဆိုခဲ့ကြပါသည်။
ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဂရိနိုင်ငံတွင် တရားဝင်ခရီးလှည့်လည်ပြီးနောက် ဘရာဇီးလီးယားသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းရရှိပါသည်။