“အမြဲတန်းတည်ရှိသော ကုန်သွယ်ညှိနှိုင်းပွဲ” တွင် ပထမဆုံး နိုင်ငံတော်ရုပ်ပုံလွှာပြခန်းဖွင့်လှစ်

2019-12-17 17:15:00 |သတင်းအရင်းအမြစ် 云南日报

ဒီဇင်ဘာလ ၁၈ ရက်နေ့က “အမြဲတန်းတည်ရှိသောကုန်သွယ်ညှိနှိုင်းပွဲ” တောင်အာရှ၊ အရှေ့တောင်အာရှ သွင်းကုန်ကုန်စည်ပြပွဲစင်တွင် ထိုင်းနိုင်ငံ၏ နိုင်ငံတော်ရုပ်ပုံလွှာပြခန်းဖွင့်ပွဲအခမ်းအနားကို ကူမင်းတျန်ချီအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ ပြခန်းအမှတ် ၁၄ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဤပြခန်းသည် “အမြဲတန်းတည်ရှိသော ကုန်သွယ်ညှိနှိုင်းပွဲ” ၏ ပထမဆုံး နိုင်ငံတော်ရုပ်ပုံလွှာပြခန်း ဖြစ်ပါသည်။ အဆိုပါနေ့တွင်ပင် ထိုင်းနိုင်ငံမှ ကုမ္ပဏီသည် “အမြဲတန်းတည်ရှိသော ကုန်သွယ်ညှိနှိုင်းပွဲ” သို့ ဝင်ရောက်ခြင်းစာချုပ် ချုပ်ဆိုပွဲကိုလည်းကျင်းပခဲ့ပါသည်။

လတ်ဆတ်သော ထိုင်းအုန်းသီး၊ မျိုးစုံသောထိုင်းဟင်းခတ်အမွှေးအကြိုင်၊ လက်ရာမြောက်လှသော ထိုင်းလက်မှုပစ္စည်းများကိုတွေ့ရပါသည်။ ထိုင်းနိုင်ငံ နိုင်ငံတော်ရုပ်ပုံလွှာပြခန်းသို့ ဝင်ရောက်လျှင် ထိုင်းဓလေ့ ထိုင်းအငွေ့အသက်ကို ခံစားနိုင်ပါသည်။ ပြခန်းအပြင်နှင့် အတွင်းပိုင်းကို ထိုင်းနိုင်ငံချင်းမိုင်ရှေးဟောင်းမြို့ဂိတ်၊ ထိုင်းလက်ရာတံခါး၊ စင်္ကြံ စသည့် ထိုင်းယဉ်ကျေးမှုများဖြင့် မွမ်းမံထားပါသည်။ အရောင်မှ ဒီဇိုင်းပြုလုပ်ခြင်းအထိ ထိုင်းနိုင်ငံဓလေ့ထုံးစံအတိုင်း လုပ်ဆောင်ထားပါသည်။ “အမြဲတန်းတည်ရှိသော ကုန်သွယ်ညှိနှိုင်းပွဲ”သည် တောင်အာရှ၊ အရှေ့တောင်အာရှ နိုင်ငံတော်ရုပ်ပုံလွှာပြခန်း ၁၈ ခန်းကို ပါရှိပြီး နိုင်ငံတော်ရုပ်ပုံလွှာပြခန်းနေ့ဖြစ်သော ပွဲတော်နေ့ကိုလည်း အချိန်မှန် ကျင်းပမည်ဖြစ်ကြောင်း “အမြဲတန်းတည်ရှိသော ကုန်သွယ်ညှိနှိုင်းပွဲ” လုပ်ငန်းကုမ္ပဏီဖြစ်သော ကူမင်းတောင်အာရှ၊ အရှေ့တောင်အာရှ သွင်းကုန်ကုမ္ပဏီမှ တာဝန်ခံကမိတ်ဆက်ပြောကြားသည်။ ထိုင်းနိုင်ငံ နိုင်ငံတော်ရုပ်ပုံလွှာပြခန်းသည် ယူနန်ပြည်နယ်အတွက် ထိုင်းနိုင်ငံယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံကိုနီးစပ်စွာ တိုက်ရိုက်နားလည်ခံစားနိုင်သောနေရာ ဖြစ်ပါသည်။ ထို့အပြင် “ကုန်သွယ်ညှိနှိုင်းပွဲဖြင့် နိုင်ငံတကာဈေးဝယ်ခြင်း”စသည့် အွန်လိုင်းပလက်ဖောင်းသည် ယူနန်ပြည်နယ်နှင့် ထိုင်းနိုင်ငံအကြားရှိနယ်စပ်ဖြတ်ကျော် ရောင်းဝယ်ရေးလမ်းကြောင်းကို တိုးတက်စေ၍ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဆက်ဆံရေးကို ချစ်ခင်ရင်းနှီးစွာ ဆက်သွယ်ထားပါသည်။

“အမြဲတန်းတည်ရှိသော ကုန်သွယ်ညှိနှိုင်းပွဲ” တောင်အာရှ၊ အရှေ့တောင်အာရှ သွင်းကုန်ကုန်စည်ပြပွဲစင်တာသည် ယနှစ် ဇွန်လမှစပြီး ဖွင့်လှစ်လည်ပတ်နေကြောင်းသတင်းအရသိရပါသည်။ “အမြဲတန်းတည်ရှိသော ကုန်သွယ်ညှိနှိုင်းပွဲ”သည် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲဆိုင်ရာတိုးချဲ့ခြင်းအနေဖြင့် ဈေးကွက်ကိုဦးတည် လည်ပတ်၍ တောင်အာရှ၊ အရှေ့တောင်အာရှဆိုင်ရာ ကောင်းမွန်သော ကုန်စည်ကိုစုစည်းပြသရောင်းချ၍ အရည်အသွေးနှင့် အဆင့်အတန်းမြင့်သော ကုန်စည်ပြသရောင်းချရေးစင်တာကို တည်ဆောက်သွားမည်။ ထို့အပြင် တောင်အာရှ၊ အရှေ့တောင်အာရှ သွင်းကုန်ကုန်စည်ပြပွဲစင်တာသည် “ကုန်သွယ်ညှိနှိုင်းပွဲဖြင့် နိုင်ငံတကာဈေးဝယ်ခြင်း” အွန်လိုင်းပလက်ဖောင်းတွင် B2B နယ်စပ်ဖြတ်ကျော် E-commerce ဈေးဝယ်ရေးစင်တာ၊ B2C အကြီးစားကုန်စည်ရောင်းဝယ်ရေးစင်တာစသည့်ဝန်ဆောင်မှုတို့ ပါဝင်ပါသည်။ ပြည်တွင်းစားသုံးသူများအတွက် ကောင်းမွန်သောတောင်အာရှ၊ အရှေ့တောင်အာရှကုန်စည်ကို တင်ပေးပြီး နယ်စပ်နိုင်ငံများအတွက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေးစသည့် ဝန်ဆောင်မှုကို ပေးအပ်မည် ဖြစ်ပါသည်။

သတင်းထောက် ။ ။ ဟန်ချင်ယွမ် (ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006