ရွှေလီမြို့ရှိ အထည်ချုပ်လုပ်ငန်းများသည် မြန်မာဝန်ထမ်းကို ဆွဲဆောင်လျက်ရှိ

2019-12-19 17:34:03 |သတင်းအရင်းအမြစ် 《吉祥》杂志

လတ်တလောနှစ်ပိုင်းတွင်တ ရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ဂျင်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲသည် ပို့ကုန်စီးပွားရေးဖြင့် အဓိကဆောင်ရွက်ပြီး အထည်အလိပ်နှင့်အထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တယ်ဟုန်မန်စီ၊ ရွှေလီ၊ လွန်ချွမ်း၌ ရင်းနှီးမြှုပ်နှံလာကြသည်။ စက်ရုံတည်ဆောက်ထားခြင်းဖြင့် ပိုးစာပင်စိုက်ထားပြီး ပိုးချည်ကောင်ပျိုးထောင်ခြင်းမှအစ အထည်အလိပ်ပြုပြင်အချောကိုင်ခြင်းမှသည် အထည်ချုပ်ခြင်းအထိ ကုန်ထုတ်လုပ်ငန်းတစ်ခုလုံးကို ဆောင်ရွက်လာပါသည်။

ယခုတွင် မြန်မာဝန်ထမ်းအများအပြားသည် အဆိုပါကုမ္ပဏီများသို့ လာရောက်အလုပ်လုပ်ကိုင်ကြသည်။ စက်ရုံသို့ မဝင်ခင်တွင် နားဝင်ချိုလှသော မြန်မာသီချင်းသံကို ကြားနေရပါသည်။ သီချင်းသံစဉ်နှင့်လိုက်ဖက်စွာ မြန်မာဝန်ထမ်း၂၀၀ ကျော်သည် အလုပ်ရုံတွင် အလုပ်ဆင်းနေပါသည်။ “မြန်မာဝန်ထမ်းများက သီချင်းကို နားထောင်ရင်း အလုပ်လုပ်တယ်။ ညနေတိုင်းမှာ အလုပ်ရုံက မြန်မာသီချင်းဖွင့်ပေးပြီး မိမိနိုင်ငံမှာ အလုပ်လုပ်နေရသလို ခံစားရစေပါတယ်။” မြန်မာ ကွမ်းဦးလုပ်ငန်း (ရွှေလီ)ကုမ္ပဏီမှ တာဝန်ခံ ကျူးယူကျန်းက ပြောပါသည်။

အသက်၂၄ နှစ်ရှိ မြန်မာဝန်ထမ်းသင်ဇာဦးသည် မြန်မာကွမ်းဦးလုပ်ငန်း (ရွှေလီ)ကုမ္ပဏီတွင် လုပ်သက် ၇ လရှိပြီ ဖြစ်သည်။ မြန်မာကွမ်းဦးလုပ်ငန်း (ရွှေလီ)ကုမ္ပဏီတွင် အလုပ်ဆင်းရာတွင်လစာ ၄ သိန်းခန့်ရရှိသည်။ “ကျွန်မနဲ့ကျွန်မယောက်ျားနှစ်ယောက်လုံးက ကွမ်းဦးကုမ္ပဏီမှာ အလုပ်လုပ်တယ်။”ဟု သင်ဇာဦးက ပြောသည်။ တရုတ်နိုင်ငံသို့ မရောက်ခင်က ကျွန်မလစာမှာ ၂ သိန်းပဲရှိပြီး ယခုလစာ၏တစ်ဝက်ပဲဖြစ်သည်ဟု သူမက ဆက်ပြောပါသည်။ “ကျွန်မက ပထမဆုံးအကြိမ်တရုတ်နိုင်ငံကို ရောက်လာတာ ဖြစ်တယ်။ ကုမ္ပဏီခေါင်းဆောင်များက ကျွန်တော်တို့ရဲ့ နေထိုင်မှုနှင့် ဓလေ့ထုံးစံကို အင်မတန်လေးစားတယ်။ ထမင်းစားခန်းမှာလည်း ကျွမ်းကျင်တဲ့ မြန်မာစားဖိုမှူးသီးသန့်ရှိပါတယ်။ နေထိုင်ရတာလည်း တော်တော်အဆင်ပြေပါတယ်။ ကျွန်တော်တို့ရွာက ရွာသူရွာသားများကလည်း ဒီကုမ္ပဏီကို လာပြီး အလုပ်လုပ်ချင်နေကြတယ်”ဟု ဒေါ်အောင်က ပြောပြပါသည်။



မြန်မာဝန်ထမ်း ၆၀၀ ကျော်ခန့်အပ်ထားသော Youngor (ရွှေလီ)ကုမ္ပဏီသည် မြန်မာဝန်ထမ်းများအတွက် တရုတ်စကားကို သင်ပေးသည့်အပြင် တရုတ်ဝန်ထမ်းများကလည်း မြန်မာစကားကို သင်ယူရန် တိုက်တွန်းကြသည်။ ကုမ္ပဏီသည် မြန်မာဝန်ထမ်းအလုပ်သမားအဖွဲ့အစည်းကို တည်ထောင်ထားပြီး မြန်မာဝန်ထမ်းများ၏ အသံကို အစဉ်အမြဲနားထောင်ပါသည်။ “ဥပမာဆိုရရင် နားနေဆောင်ကို တည်ဆောက်ရာမှာ ရေချိုခန်း၊ အိမ်သာကို အဆင်ပြေတဲ့နေရာမှာချထားဖို့ ကျွန်တော်တို့ မြန်မာဝန်ထမ်းများရဲ့ ထင်မြင်ချက်ကို ကျယ်ကျယ်ပြန့်ပြန့်နားထောင်ပြီး လိုက်နာဆောင်ရွက်ပေးပါတယ်။”ဟု ကုမ္ပဏီတာဝန်ခံက ပြောပြပါသည်။

သတင်းထောက်။ ။ တွမ့်ရီ၊ တွမ့်ကျန့်ရှင်း၊ ဟန်ကျော့ရှင်း (“မင်္ဂလာ”မဂ္ဂဇင်း)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006