မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများတွင် ရှီကျင့်ဖိန် တက်ရောက်မိန့်ခွန်းပြောကြားမည်

2019-12-19 17:43:03 |သတင်းအရင်းအမြစ် CRI

ဒီဇင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကာအို အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ် ညီလာခံနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသ ပဉ္စမအကြိမ် အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မည်ဖြစ်ပြီး အရေးကြီးမိန့်ခွန်းကို ပြောကြားမည်ဖြစ်သည်။ ထိုအချိန်တွင် China Media Group လက်အောက်ရှိ CRI အသံလွှင့်ဌာနက တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် ပေါ်တူဂီဘာသာဖြင့် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး CRI NewsRadio၊ CRI Voice of the SouthChinaSea၊ CRI တရုတ်ဘာသာအစီအစဉ်၊ အင်္ဂလိပ်ဘာသာအစီအစဉ်၊ ပေါ်တူဂီဘာသာအစီအစဉ်၊ ပင်လယ်ရပ်ခြားပူးပေါင်းဆောင် ရွက်ရေးရှိသည့်အသံလွှင့်ဌာနများ၊ CRI Online အင်္ဂလိပ်ဘာသာဝက်ဘဆိုက်၊ ပေါ်တူဂီဘာသာ ဝက်ဘဆိုက်နှင့် China Plus စသည့် ပလက်ဖေါင်းများတွင် အချိန်နှင့် တပြေးညီ သတင်းပေးပို့မည်ဖြစ်ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006